အင်ဒိုနီးရှား စစ်တက္ကသိုလ်တစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကြီးအကျယ်ဖြစ်ပွားနေ

အင်ဒိုနီးရှား စစ်တက္ကသိုလ်တစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကြီးအကျယ်ဖြစ်ပွားနေ ဂျကာတာ၊ ဇူလိုင်-၁၂-၂၀၂၀ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံမှာ ကပ်ရောဂါထိန်းချုပ်ရေး ရုန်းကန်နေရစဉ်မှာ နိုင်ငံအတွင်းက စစ်တက္ကသိုလ်တစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃၀၀ နီးပါးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေးအထူထပ်ဆုံးဖြစ်တဲ့ အနောက်ဂျာဗားပြည်နယ်ရှိ စစ်တက္ကသိုလ်တစ်ခုမှာ ကူးစက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၃၀ ဦးကို အပျော့စားရောဂါလက္ခဏာတွေပြသတာကြောင့် ဆေးရုံတင်ခဲ့ရတယ်လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Andika Perkasaကပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာ ၁၂၈၀ ဦးရှိပြီး ၉၉၁ ဦးဟာ ဗိုလ်လောင်းတွေဖြစ်ကာ ကျန်သူတွေကတော့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။ ကူးစက်ခံရသူအများစုကတော့ ရောဂါလက္ခဏာပြသတာမျိုးမရှိဘဲ ၁၇ ဦးကတော့ ဇူလိုင် ၁၁ ရက်အထိ ဆေးရုံတက်နေရဆဲဖြစ်တယ်လို့ သူကပြောပါတယ်။ ဗိုလ်လောင်းနှစ်ဦးဟာ ဖျားနာပြီး ကျောအောင့်မှုတွေကြောင့် ဆေးစစ်မှုတွေခံယူခဲ့ရာကနေ ရောဂါကူးစက်မှုကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဗိုလ်လောင်းဦးရေ…

Read More

မော်လမြိုင်ပညာရေးကောလိပ်မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသားတစ်ဦး စိတ်ဖောက်ပြန်ပြီးထွက်ပြေး

မော်လမြိုင်ပညာရေးကောလိပ်မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသားတစ်ဦး စိတ်ဖောက်ပြန်ပြီးထွက်ပြေး နေပြည်တော်၊ ဇူလိုင် ၁၂-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်ပညာ‌ရေးကောလိပ်မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသားတစ်ဦး စိတ်ဖောက်ပြန်ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေစဉ် ဒီကနေ့ နေ့လယ်ပိုင်းက ထွက်ပြေးပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။ “မွန်းလွဲ တစ်နာရီခွဲလောက်မှာပျောက်သွားတာပါ။ ထိုင်းကပြန်ရောက်လာကတည်းက စိတ်ပုံမှန် ဟုတ်ပုံမရဘူး၊ ဆေးရုံပို့ကုသနေတုန်း ပျောက်သွားခဲ့တာပါ၊ လိုက်ရှာနေကြတယ်”လို့ ကျိုက်ဖနှဲ-၁၆ လူမှုကူညီရေးအသင်းမှ ဦးဉာဏ်စိုးဝင်းကပြောပါတယ်။ အဲ့ဒီအမျိုးသားဟာ မုဒုံမြို့နယ်ဖက်က ကျေးရွာတစ်ရွာမှာနေထိုင်တယ်လို့ သိရှိရပြီး ဇူလိုင်လ ၁၀ ရက်နေ့မနက်က မော်လမြိုင်မြို့နယ် ပညာရေးကောလိပ် ကွာရန်တင်းစခန်းမှာ စောင့်ကြည့်မှုခံယူနေစဉ် စိတ်ကျန်းမာရေးအခြေနေဆိုးရွားလာတဲ့အတွက် မော်လမြိုင်မြို့ဆေးရုံကြီးကို ပို့ဆောင်ကုသနေစဉ် ထွက်ပြေးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက် မနက် ၃နာရီကလည်း မော်လမြိုင်တက္ကသိုလ် ကွာရန်တင်းစခန်းမှာ စောင့်ကြည့်မှုခံယူနေတဲ့ အမျိုးသားတစ်ဦး ဆေးစစ်ဆေးမှုအပြုမခံဘဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဓါတ်ပုံ-Nyan…

Read More

လေးလနီးပါး ပိတ်ထားခဲ့တဲ့ ဆွမ်းဦးပုညရှင်စေတီတော် ပြန်လည်ဖွင့်လှစ်

လေးလနီးပါး ပိတ်ထားခဲ့တဲ့ ဆွမ်းဦးပုညရှင်စေတီတော် ပြန်လည်ဖွင့်လှစ် စစ်ကိုင်း ဇူလိုင် ၁၂ -၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးက သမိုင်းဝင်ဆွမ်းဦးပုညရှင်စေတီတော်ကို ဒီကနေ့ ဇူလိုင်(၁၂)ရက်နေ့ကနေ စတင်ပြီး ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်တယ်လို့ ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။ Covid -19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ဆွမ်းဦးပုညရှင်စေတီတော်ကို ၂၀၂၀ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ယာယီပိတ်ထားရာ ဇွန်လ(၁၂) ရက်နေ့က စတင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေအတိုင်း ပြန်လည်ဖွင့်လှစ်ထားတယ်လို့ ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်လှ ကပြောပါတယ်။ ” ဒီနေ့စတင်ပြီး ဖွင့်ခွင့်ရတယ်၊ ဖွင့်လှစ်ခွင့်ရတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များအတိုင်း လက်ဆေးကန်တွေအဝင်စမှာရော ဘုရားရင်ပြင်တော် ပတ်ပတ်လည်မှာရော ချထားပေးတယ်၊ အပူတိုင်းတာတယ်၊ နှာခေါင်းစည်း (Mask)လေးတွေကို လူတိုင်းတပ်ခိုင်းပါတယ်။ ဘုရားလှည့်လည်ဖူးမြော်တဲ့အခါမှာလည်း နှာခေါင်းစည်းလေးတွေ မဖြုတ်ဖို့ အသိပေးပါတယ်၊ ဘုရားရှစ်ခိုးပူဇော်တဲ့အခါမှာလည်း…

Read More

နီပေါမှာ ရေကြီးရေလျှံ၊ မြေပြိုမှုတွေကြောင့် လူ ၄၀ ဦးသေသုံး၊ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်

နီပေါမှာ ရေကြီးရေလျှံ၊ မြေပြိုမှုတွေကြောင့် လူ ၄၀ ဦးသေသုံး၊ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ် ခတ္တမန္ဒူ၊ ဇူလိုင်-၁၂-၂၀၂၀ မျိုးဆက် (VOM) နီပေါနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားတာကြောင့် နိုင်ငံအနောက်ပိုင်းမှာ လူ ၄၀ ထက်မနည်းသေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဇူလိုင် ၁၀ ရက်မှာ နေအိမ်အချို့ပျက်စီးခဲ့တဲ့ မြို့တော်ခတ္တမန္ဒူအနောက်မြောက်ဘက် ၁၂၅ မိုင်အကွာရှိ မြာဒီခရိုင်မှာ လူ ၂၀ ဦးသေဆုံးပြီး ၁၃ ဦးပျောက်ဆုံးနေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဂရမ်နက်ဒါကယ်က ပြောပါတယ်။ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေပြီး လူ ၅၀ ဦးကို ရဟတ်ယာဉ်တွေနဲ့ ဘေးကင်းရာကို ပို့ဆောင်ထားကာ မြေပြိုမှုကြောင့်ဒါဏ်ရာရသူ ၁၁ ဦးကို အနီးရှိဆေးရုံတွေမှာ တင်ထားတယ်လို့ ပြောပါတယ်။ အနီးနားရှိ ကတ်စ်ကီခရိုင်မှာတော့ လူခုနှစ်ဦးသေဆုံးခဲ့ပြီး အခြား သေဆုံးသူခုနှစ်ဦးမှာ နိုင်ငံအရှေ့ဖျားပိုင်းရှိ…

Read More

ဇွဲကပင်တောင်ပေါ်ကို တစ်ဦးတည်းအတက်မခံဖို့ လုပ်ဆောင်မယ်

ဇွဲကပင်တောင်ပေါ်ကို တစ်ဦးတည်းအတက်မခံဖို့ လုပ်ဆောင်မယ် နေပြည်တော်၊ဇူလိုင် ၁၂-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အနီးဒေသခံသာမက ခရီးသွားဧည့်သည်တွေပါ အဝင်အထွက် များလာတဲ့အပြင် ဇွဲကပင်တောင်ပေါ်ကနေ ခုန်ချသတ်သေမှုအချို့ ဖြစ်ပေါ်လာခဲ့ပြီးနောက်ပိုင်း တောင်ပေါ်ကို အချိန်အခါမဟုတ်ပဲ တစ်ဦးတည်းတက်ခွင့်ကို ပိတ်ပင်တားမြစ်သွားမယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်ကပြောပါတယ်။ “တက္ကသိုလ်ကောလိပ်တွေမှာ အသိပညာပေးတာမျိုးလုပ်သွားဖို့ရှိနေပြီး တောင်ပေါ်ကို တစ်ဦးတည်းအတက်မခံတာမျိုးလုပ်ဖို့ ပြင်ထားပါတယ်”လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်ကပြောပါတယ်။ ဇွဲကပင်တောင်ပေါ်ကနေ ဘားအံတက္ကသိုလ်ကျောင်းသူတစ်ဦးနဲ့ ကျောင်းသားတစ်ဦး နှစ်ပတ်ခန့်အတွင်း ခုန်ချသတ်သေသွားခဲ့ပြီးနောက် အခုလို တောင်ပေါ်တက်ရောက်တဲ့ အခြေအနေကို ထိန်းချုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီး တစ်ဦးတည်းတက်ရောက်ခွင့်၊ နံနက်အစောပိုင်းနဲ့ ညနေပိုင်းမှောင်ရီစပြိုးချိန်တွေကို တက်ရောက်ခွင့်မပြုဖို့ ပြင်ဆင်နေတယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ကနေ သိရပါတယ်။ ဘားအံမြို့အနီး ဇွဲကပင်တောင်၊ ကြာအင်းတောင်နဲ့ တောင်ဝိုင်းတောင်များရှိနေပြီး လက်တစ်လောမှာ ကန့်သတ်ထိန်းချုပ်ဖို့ ဇွဲကပင်တောင်ကိုသာ ပြင်ဆင်နေတာဖြစ်ပြီး တောင်ပေါ်တောင်အောက်မှာ လုံခြုံရေးချထားမှသာ အဆင်ပြေဖွယ်ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။…

Read More

ဘောလီးဝုဒ်မင်းသားကြီး အမီတာဘချန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ

ဘောလီးဝုဒ်မင်းသားကြီး အမီတာဘချန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ ဒေလီ၊ ဇူလိုင်-၁၂-၂၀၂၀ မျိုးဆက် (VOM) ဘောလီးဝုဒ်ရုပ်ရှင်လောကရဲ့ စူပါစတားဝါရင့်မင်းသားကြီး အမီတာဘချန်းက သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ကျော်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလီးဝုဒ်ဂန္တဝင်မင်းသားကြီး အမီတာဘချန်းဟာ အခုဆိုရင် အသက်၇၇နှစ် ရှိနေပြီဖြစ်ပါတယ်။ မင်းသားကြီးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သတင်းကို တွစ်တာစာမျက်နှာပေါ်မှာ အတည်ပြု ရေးသားထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ရက်အတွင်းမှာ သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုလည်း ဆေးစစ်မှုလုပ်ကြဖို့ မင်းသားကြီးက တိုက်တွန်းပြောဆိုထားပါတယ်။ မင်းသားကြီးအမီတာဘချန်းကို မွမ်ဘိုင်းမြို့က နာနာဗာတီဆေးရုံကို ပြောင်းရွှေ့ပို့ဆောင်ထားတဲ့အကြောင်း ဒေသတွင်းမီဒီယာတွေကလည်း သတင်းထုတ်ပြန်ပါတယ်။ လက်ရှိမှာသူ့ရဲ့အခြေအနေက တည်တည်ငြိမ်ငြိမ်ပါပဲလို့ ဆေးရုံတာဝန်ကျအရာရှိတစ်ဦးက Indian Express သတင်းစာကို ပြောထားပါတယ်။ Ref : BBC Photo: Reuters #voiceofmyanmar #VOM #ဒလေီ Zawgyi ဘောလီးဝုဒ်မင်းသားကြီး အမီတာဘချန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ…

Read More

ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ စစ်တွေ၊ ဇူလိုင် ၁၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ မနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်လောက်က ပစ်ခတ်မှုတွေဖြစ်ပြီး အရပ်သား သက်ကြီးပိုင်းတစ်ဦး သေဆုံးကာ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူဟာ ပုဏ္ဏားကျွန်းမြို့ပေါ်က ရွာဟောင်းပိုင်းရပ်ကွက်က အသက် (၇၅)နှစ်အရွယ် ဦးရွှေသာဆိုသူဖြစ်ပြီး ဘယ်ဘက်ရင်အုံ ကျည်ဖောက်ဒဏ်ရာနဲ့ ဒဏ်ရာရသူမှာ အသက် (၁၃)နှစ်အရွယ် မနန္ဒာဦး ခြေသလုံး ကျည်ဖောက်ဒဏ်ရာ ၊ အသက် (၄၀) အရွယ် ဒေါ်အဝင်းမှာ ခါးဒဏ်ရာတို့ ဖြစ်တယ်လို့ မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သေဆုံးသွာသူ ဦးရွှေသာရဲ့ သမီးက” ကျည်ဆံထိသွားတာက…

Read More

မော်လမြိုင်မှာ ကွာရန်တင်းစင်တာကနေ ဆေးမစစ်ရသေးခင် အမျိုးသားတစ်ဦး ထွက်ပြေးသွား

မော်လမြိုင်မှာ ကွာရန်တင်းစင်တာကနေ ဆေးမစစ်ရသေးခင် အမျိုးသားတစ်ဦး ထွက်ပြေးသွား နေပြည်တော်၊ ဇူလိုင် ၁၂-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်တက္ကသိုလ်၊ ကွန်မြူနတီဘေ့စ် ကွာရန်တင်းစင်တာမှာ ဆေးစစ်မှုမခံယူရသေးတဲ့ ထိုင်းနိုင်ငံပြန် အမျိုးသားတစ်ဦး ဇူလိုင်လ ၁၁ ရက်နေ့မနက်အစောပိုင်းက ထွက်ပြေးသွားတယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှုး ဦးစိုးဌေးကပြောပါတယ်။ “မြို့နယ်(၁၀)ခုကလူတွေကို စောင့်ကြည့်စစ်ဆေးဖို့ မော်လမြိုင်တက္ကသိုလ်မှာထားတုန်း ထွက်ပြေးသွားခဲ့တာပါ။ လက်တစ်လောတော့ ရှာဖွေစုံစမ်းနေဆဲဖြစ်ပါတယ်”လို့ ဒုတိယအုပ်ချုပ်ရေးမှုး ဦးစိုးဌေးကပြောပါတယ်။ ကွာရန်တင်းစင်တာကနေ ထွက်ပြေးသွားသူဟာ ဦးစိန်(ခ)ပေတလူ အသက်(၃၈နှစ်)၊ ပဲခူးတိုင်း၊ သနပ်ပင်မြို့ကဖြစ်ပြီး သူရဲ့ဇာတိမြို့ကို ထွက်ပြေးတယ်လို့ယူဆကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကွာရန်တင်းစင်တာကနေ ဆေးစစ်ဆေးမှုမခံယူဘဲ တိမ်းရှောင်ထွက်ပြေးသွားသူဟာ ဇူလိုင်လ ၅ ရက်နေ့က ထိုင်းနိုင်ငံကနေ ပြန်ဝင်လာသူဖြစ်ပြီး သူရဲ့အမျိုးသမီးကတော့ ရေးမြို့မှာ နေထိုင်ပေမယ့်လည်း နောက်ဆုံးဆက်သွယ်ခဲ့တဲ့ အချက်အလက်တွေအရ သနပ်ပင်မှာ ရောက်နေခဲ့ပြီဖြစ်တယ်လို့…

Read More

ဝှေခါမြေပြိုမှုကြောင့် မြေသားနိမ့်သွားတဲ့နေအိမ်များ ပြောင်းရွှေ့ပေးရာတွင် သဘောထားကွဲလွဲမှုရှိ

ဝှေခါမြေပြိုမှုကြောင့် မြေသားနိမ့်သွားတဲ့နေအိမ်များ ပြောင်းရွှေ့ပေးရာတွင် သဘောထားကွဲလွဲမှုရှိ မြစ်ကြီးနား၊ ဇူလိုင် ၁၂-၂၀၂၀ ရန်အောင်ထွန်း(VOM) ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ ဝှေခါကျေးရွာ ၊ မှော်သစ်ကုန်းရပ်ကွက်(၂)မှာ မြေပြိုမှုကြောင့် မြေသားနိမ့်ဆင်းသွားပြီး လူနေထိုင်ဖို့မသင့်တော့တဲ့ အိမ်တွေပြောင်းရွေ့တာ ၊ နစ်နာကြေးပေးတာတွေ ဆောင်ရွက်ပေးရာမှာ သဘောထားကွဲလွဲနေတယ်လို့ ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းနဲ့ နေအိမ်ပျက်စီးသွားသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ လတ်တလောမှာ အိမ်ခြေ(၃၉)လုံးအတွက် သက်ဆိုင်ရာကုမ္ပဏီတွေက ပြောင်းရွှေ့ပေးတာ ၊ ပြင်ဆင်စရိတ်ပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပြီး လက်ရှိမှာ မြေသားနိမ့်သွားတဲ့ နေအိမ်တွေအတွက် မှော်သစ်ကုန်းရပ်ကွက်(၅)ကို နေရာပြောင်းရွှေ့ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြေနိမ်လို့ အရေးပေါ်ပြောင်းရွှေ့ဖို့ လိုအပ်နေတဲ့ ရပ်ကွက်နေပြည်သူတွေထဲမှာလည်း နေအိမ်ပြင်ဆင် စရိတ် လာပေးပေမယ့် လက်ရှိနေရာမှာ နေလို့မရလို့ လက်ခံခြင်းမရှိတာ ၈ အိမ်လောက်ရှိနေတယ်လို့ ပြောပါတယ်။ သူတို့ဘက်ကတော့ ကုမ္ပဏီဘက်က ပေးတဲ့မြေကွက်နဲ့ ပြင်ဆင်စရိတ်ထက်…

Read More

ရသေ့တောင်မြို့နယ်က အဓမ္မပြုကျင့်ခံရတဲ့ ဦးဂါရွာသူတစ်ဦး တပ်မတော်သား(၃)ဦးကို ရဲစခန်းမှာအမှုဖွင့်

ရသေ့တောင်မြို့နယ်က အဓမ္မပြုကျင့်ခံရတဲ့ ဦးဂါရွာသူတစ်ဦး တပ်မတော်သား(၃)ဦးကို ရဲစခန်းမှာအမှုဖွင့် စစ်တွေ၊ ဇူလိုင် ၁၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အသက် ၃၆ နှစ်အရွယ် ဦးဂါရွာသူတစ်ဦးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက ကာယကံရှင်ဦးဂါရွာသူက စစ်တွေမြို့မရဲစခန်းမှာ မုဒိမ်းမှုအပါအဝင် ပုဒ်မ(၃)ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။ အမှုဖွင့်တာဟာ စစ်တွေမြို့မရဲစခန်းမှာဖြစ်ပြီး (ပ – ၃၅၅ /၂၀၂၀) ၊ ရာဇသတ်ကြီးပုဒ်မ-၃၆၆(အလိုမတူဘဲ သွေးဆောင်ခေါ်ယူမှု) ၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆(မုဒိမ်းမှု)နဲ့ ရာဇသတ်ကြီးပုဒ်မ-၁၁၄(အားပေးအားမြောက်ပြုမှု) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ အခုလိုမျိုး အမှုဖွင့်တာနဲ့ ပတ်သက်လို့ ကာယကံရှင် အမျိုးသမီးက” ကျမအနေနဲ့ကတော့ အမှန်တရားကို လိုလားပါတယ်။ ဒါကြောင့်လည်းပဲ ကျမဟာ…

Read More
VOM News

FREE
VIEW