ဘောလီးဝုဒ်မင်းသားကြီး အမီတာဘချန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ

ဘောလီးဝုဒ်မင်းသားကြီး အမီတာဘချန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ

ဒေလီ၊ ဇူလိုင်-၁၂-၂၀၂၀
မျိုးဆက် (VOM)

ဘောလီးဝုဒ်ရုပ်ရှင်လောကရဲ့ စူပါစတားဝါရင့်မင်းသားကြီး အမီတာဘချန်းက သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ကျော်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလီးဝုဒ်ဂန္တဝင်မင်းသားကြီး အမီတာဘချန်းဟာ အခုဆိုရင် အသက်၇၇နှစ် ရှိနေပြီဖြစ်ပါတယ်။

မင်းသားကြီးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သတင်းကို တွစ်တာစာမျက်နှာပေါ်မှာ အတည်ပြု ရေးသားထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ရက်အတွင်းမှာ သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုလည်း ဆေးစစ်မှုလုပ်ကြဖို့ မင်းသားကြီးက တိုက်တွန်းပြောဆိုထားပါတယ်။

မင်းသားကြီးအမီတာဘချန်းကို မွမ်ဘိုင်းမြို့က နာနာဗာတီဆေးရုံကို ပြောင်းရွှေ့ပို့ဆောင်ထားတဲ့အကြောင်း ဒေသတွင်းမီဒီယာတွေကလည်း သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာသူ့ရဲ့အခြေအနေက တည်တည်ငြိမ်ငြိမ်ပါပဲလို့ ဆေးရုံတာဝန်ကျအရာရှိတစ်ဦးက Indian Express သတင်းစာကို ပြောထားပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဒေလီ

Zawgyi

ေဘာလီး၀ုဒ္မင္းသားၾကီး အမီတာဘခ်န္း ကိုရိုနာဗုိုင္းရပ္စ္ကူးစက္ခံေနရ

ေဒလီ၊ ဇူလိုင္-၁၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ေဘာလီးဝုဒ္ရုပ္ရွင္ေလာကရဲ့ စူပါစတားဝါရင့္မင္းသားၾကီး အမီတာဘခ်န္းက သူ႔မွာ ကုိရုိနာဗုိင္းရပ္စ္ေရာဂါ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိတယ္လုိ႔ ဖြင့္ဟေျပာဆုိလုိက္ပါတယ္။

ရုပ္ရွင္ဇာတ္ကားေပါင္း ၂၀၀ေက်ာ္မွာ ပါဝင္သရုပ္ေဆာင္ထားတဲ့ ေဘာလီးဝုဒ္ဂႏၱဝင္မင္းသားၾကီး အမီတာဘခ်န္းဟာ အခုဆုိရင္ အသက္၇၇ႏွစ္ ရွိေနျပီျဖစ္ပါတယ္။

မင္းသားၾကီးဟာ ကုိရုိနာဗုိင္းရပ္စ္ကူးစက္ခံထားရတဲ့သတင္းကုိ တြစ္တာစာမ်က္ႏွာေပၚမွာ အတည္ျပဳ ေရးသားထားတာျဖစ္ၿပီး လြန္ခဲ့တဲ့ ၁၀ရက္အတြင္းမွာ သူနဲ႔ ထိေတြ႔ခဲ့တဲ့သူေတြကုိလည္း ေဆးစစ္မႈလုပ္ၾကဖုိ႔ မင္းသားၾကီးက တုိက္တြန္းေျပာဆုိထားပါတယ္။

မင္းသားၾကီးအမီတာဘခ်န္းကုိ မြမ္ဘုိင္းျမိဳ႕က နာနာဗာတီေဆးရံုကုိ ေျပာင္းေရႊ႔ပုိ႔ေဆာင္ထားတဲ့အေၾကာင္း ေဒသတြင္းမီဒီယာေတြကလည္း သတင္းထုတ္ျပန္ပါတယ္။

လက္ရွိမွာသူ႔ရဲ့အေျခအေနက တည္တည္ျငိမ္ျငိမ္ပါပဲလုိ႔ ေဆးရံုတာဝန္က်အရာရွိတစ္ဦးက Indian Express သတင္းစာကုိ ေျပာထားပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ေဒလီ

Related posts

Leave a Comment

VOM News

FREE
VIEW