နီပေါမှာ ရေကြီးရေလျှံ၊ မြေပြိုမှုတွေကြောင့် လူ ၄၀ ဦးသေသုံး၊ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်

နီပေါမှာ ရေကြီးရေလျှံ၊ မြေပြိုမှုတွေကြောင့် လူ ၄၀ ဦးသေသုံး၊ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်

ခတ္တမန္ဒူ၊ ဇူလိုင်-၁၂-၂၀၂၀
မျိုးဆက် (VOM)

နီပေါနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားတာကြောင့် နိုင်ငံအနောက်ပိုင်းမှာ လူ ၄၀ ထက်မနည်းသေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဇူလိုင် ၁၀ ရက်မှာ နေအိမ်အချို့ပျက်စီးခဲ့တဲ့ မြို့တော်ခတ္တမန္ဒူအနောက်မြောက်ဘက် ၁၂၅ မိုင်အကွာရှိ မြာဒီခရိုင်မှာ လူ ၂၀ ဦးသေဆုံးပြီး ၁၃ ဦးပျောက်ဆုံးနေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဂရမ်နက်ဒါကယ်က ပြောပါတယ်။

ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေပြီး လူ ၅၀ ဦးကို ရဟတ်ယာဉ်တွေနဲ့ ဘေးကင်းရာကို ပို့ဆောင်ထားကာ မြေပြိုမှုကြောင့်ဒါဏ်ရာရသူ ၁၁ ဦးကို အနီးရှိဆေးရုံတွေမှာ တင်ထားတယ်လို့ ပြောပါတယ်။

အနီးနားရှိ ကတ်စ်ကီခရိုင်မှာတော့ လူခုနှစ်ဦးသေဆုံးခဲ့ပြီး အခြား သေဆုံးသူခုနှစ်ဦးမှာ နိုင်ငံအရှေ့ဖျားပိုင်းရှိ ဂျာဂျာကော့ခရိုင်မှဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

နီပေါအလယ်ပိုင်းရှိ ဂယ်မီ၊ လမ်ဂျန်နဲ့ ဆင်ဟူပါချော့တို့မှာ လူခြောက်ဦးသေဆုံးခဲ့ပါတယ်။ တောင်ထူထပ်တဲ့ နီပေါနိုင်ငံမှာ ဇွန်လကနေ စက်တင်ဘာလအတွင်း မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ နှစ်စဉ်ဖြစ်ပွားလေ့ရှိပါတယ်။

Ref & Photo: Reuters
#voiceofmyanmar #VOM #ခတ္တမန္ဒူ

Zawgyi

နီေပါမွာ ေရၾကီးေရလွ်ံ၊ ေျမျပိဳမႈေတြေၾကာင္႔ လူ ၄၀ ဦးေသသံုး၊ ေထာင္ေပါင္းမ်ားစြာ အိုးမဲ႔အိမ္မဲ႔ျဖစ္

ခတၱမႏၵဴ၊ ဇူလိုင္-၁၂-၂၀၂၀
မ်ိဳးဆက္ (VOM)

နီေပါနိုင္ငံမွာ မိုးသည္းထန္စြာရြာသြန္းျပီး ေရၾကီးေရလွ်ံမႈနဲ႔ ေျမျပိဳမႈေတြျဖစ္ပြားတာေၾကာင္႔ နို္င္ငံအေနာက္ပိုင္းမွာ လူ ၄၀ ထက္မနည္းေသဆံုးျပီး ေထာင္ေပါင္းမ်ားစြာ အိုးမဲ႔အိမ္မဲ့ျဖစ္ပြားခဲ႔တယ္လို႔ တာ၀န္ရိွသူေတြကေျပာပါတယ္။

ဇူလိုင္ ၁၀ ရက္မွာ ေနအိမ္အခ်ိဳ႔ပ်က္စီးခဲ႔တဲ႔ ျမိဳ႕ေတာ္ခတၱမႏၵဴအေနာက္ေျမာက္ဘက္ ၁၂၅ မိုင္အကြာရိွ ျမာဒီခရိုင္မွာ လူ ၂၀ ဦးေသဆံုးျပီး ၁၃ ဦးေပ်ာက္ဆံုးေနတယ္လို႔ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဂရမ္နက္ဒါကယ္က ေျပာပါတယ္။

ေပ်ာက္ဆံုးေနသူေတြကို ကယ္ဆယ္ေရးသမားေတြ ရွာေဖြေနျပီး လူ ၅၀ ဦးကို ရဟတ္ယာဥ္ေတြနဲ႔ ေဘးကင္းရာကို ပို႔ေဆာင္ထားကာ ေျမျပိဳမႈေၾကာင္႔ဒါဏ္ရာရသူ ၁၁ ဦးကို အနီးရိွေဆးရံုေတြမွာ တင္ထားတယ္လို႔ ေျပာပါတယ္။

အနီးနားရိွ ကတ္စ္ကီခရိုင္မွာေတာ႔ လူခုနွစ္ဦးေသဆံုးခဲ႔ျပီး အျခား ေသဆံုးသူခုနွစ္ဦးမွာ နိုင္ငံအေရွ႕ဖ်ားပိုင္းရိွ ဂ်ာဂ်ာေကာ႔ခရိုင္မွျဖစ္တယ္လို႔ အစိုးရတာ၀န္ရိွသူတစ္ဦးကေျပာပါတယ္။

နီေပါအလယ္ပိုင္းရိွ ဂယ္မီ၊ လမ္ဂ်န္နဲ႔ ဆင္ဟူပါေခ်ာ႔တို႔မွာ လူေျခာက္ဦးေသဆံုးခဲ႔ပါတယ္။ ေတာင္ထူထပ္တဲ႔ နီေပါနုိင္ငံမွာ ဇြန္လကေန စက္တင္ဘာလအတြင္း ေျမျပိဳမႈနဲ႔ ေရၾကီးေရလွ်ံမႈေတြ နွစ္စဥ္ျဖစ္ပြားေလ႔ရိွပါတယ္။

Ref & Photo: Reuters
#voiceofmyanmar #VOM #ခတၱမႏၵဴ

Related posts

Leave a Comment

VOM News

FREE
VIEW