စစ်ကိုင်းတိုင်းရှိ ဘုရားစေတီတွေကို ဘုရားဖူးခွင့် ပြန်လည်ခွင့်ပြု

စစ်ကိုင်းတိုင်းရှိ ဘုရားစေတီတွေကို ဘုရားဖူးခွင့် ပြန်လည်ခွင့်ပြု

ကလေး ဇူလိုင် ၁၃-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ဘုရားစေတီတွေကို ဘုရားဖူးခရီးသွားလာလည်ပတ်ခွင့် ပြန်လည်ခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း သာသနာရေးဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်ကပြောပါတယ်။

ဒီလို ခွင့်ပြုခဲ့တာဟာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်ခွင့်ပြုခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ကနေ စတင်ဖွင့်လှစ်ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အနေနဲ့ ညွှန်ကြားတာတော့ မဟုတ်ဘူး။ တိုင်းအစိုးရကနေ ခရိုင်၊ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီတွေကို ညွှန်ကြားထားတာမျိုးတော့ ရှိပါတယ်”လို့ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်ကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဘုရားဖူး လာရောက်လည်ပတ်တာများတဲ့ ဘုရားတွေနဲ့ ရှေးဟောင်း သာသနိက အဆောက်အဦးတွေမှာ ဘုရားဖူးခွင့်၊ လည်ပတ်ခွင့် ပြန်လည်ခွင့်ပြုဖို့အတွက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၁၁ ရက်နေ့ကနေစတင်ပြီး သက်ဆိုင်ရာမြို့နယ်၊ခရိုင် စီမံခန့်ခွဲမှုကော်မတီအဖွဲ့တွေဆီကို လမ်းညွှန်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကြောင်းကြားတဲ့အခါမှာ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြန်လည်ခွင့်ပြုတယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းကို ဆက်သွယ်မေးမြန်းရာမှာ “ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ လည်ပတ်ဖူးမျှော်ခွင့် ဆောင်ရွက်သွားဖို့ဆိုပြီး ညွှန်ကြားလာတယ်။ ဒီတော့ စစ်ကိုင်းမြို့နယ်က မင်းကွန်းဒေသ၊ ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်စသဖြင့် ဘုရားအားလုံးမှာ သက်ဆိုင်ရာ ဆရာတော်ဘုရားကြီးတွေရဲ့ လမ်းညွှန်မှုကိုခံယူပြီး ဂေါပကအဖွဲ့တွေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ပြန်ဖွင့်ခွင့်ပြုနေတယ်။ အဲ့ဒီလို ခွင့်ပြုတဲ့အခါမှာ ဆွမ်းဦးပုညရှင်ကတော့ အရင်ကတည်း ကြိုတင်စီမံဆောင်ရွက်ထားတာ ဖြစ်တဲ့အတွက် စဖွင့်ပါပြီ။ ကောင်းမှုတော်ဆိုရင် နှာခေါင်းစည်းတပ်ပြီးမှ ဘုရားဖူးဖို့ ဆိုင်းဘုတ်တွေ လုပ်နေတယ်။ သဘက်ခါလောက် စဖွင့်ဖြစ်မယ်။ ထို့အတူ မင်းကွန်းလဲ ဒီအပတ်ထဲမှာ ဖွင့်ပါမယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ မတ်လ နောက်ဆုံးပတ်ကနေ စတင်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက်ဆိုပြီး ဘုရားဖူးလည်ပတ်ခွင့်တွေကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ လူနာ(၁)ဦး ရှိနေပြီး သူကတော့ စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ လူအများအပြား လာရောက်ကြတဲ့ အလောင်းတော်ကဿပ၊ ဇလုံတောင်၊ ဖိုလ်ဝင်တောင်၊ ဗောဓိတစ်ထောင်၊ ကောင်းမှုတော်၊ ဆွမ်းဦးပုညရှင်၊ မင်းကွန်းဒေသ အပါအဝင် နေရာ တော်တော်များများ ရှိနေခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Zawgyi

စစ္ကိုင္းတိုင္းရွိ ဘုရားေစတီေတြကို ဘုရားဖူးခြင့္ ျပန္လည္ခြင့္ျပဳ

ကေလး ဇူလိုင္ ၁၃-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္းအတြင္းမွာရွိတဲ့ ဘုရားေစတီေတြကို ဘုရားဖူးခရီးသြားလာလည္ပတ္ခြင့္ ျပန္လည္ခြင့္ျပဳခဲ့ၿပီး ျဖစ္တယ္လို႔ စစ္ကိုင္းတိုင္း သာသနာေရးဦးစီးဌာန႐ုံး ၫႊန္ၾကားေရးမႉး ဦးမ်ိဳးဝင္းေအာင္ကေျပာပါတယ္။

ဒီလို ခြင့္ျပဳခဲ့တာဟာ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ျပန္လည္ဖြင့္ခြင့္ျပဳခဲ့တာျဖစ္ၿပီး ဇူလိုင္လ ၁၂ ရက္ေန႔ကေန စတင္ဖြင့္လွစ္ခြင့္ျပဳထားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ အေနနဲ႔ ၫႊန္ၾကားတာေတာ့ မဟုတ္ဘူး။ တိုင္းအစိုးရကေန ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ စီမံခန႔္ခြဲမႈေကာ္မတီေတြကို ၫႊန္ၾကားထားတာမ်ိဳးေတာ့ ရွိပါတယ္”လို႔ ၫႊန္ၾကားေရးမႉး ဦးမ်ိဳးဝင္းေအာင္ကေျပာပါတယ္။

စစ္ကိုင္းတိုင္းအတြင္းက ဘုရားဖူး လာေရာက္လည္ပတ္တာမ်ားတဲ့ ဘုရားေတြနဲ႔ ေရွးေဟာင္း သာသနိက အေဆာက္အဦးေတြမွာ ဘုရားဖူးခြင့္၊ လည္ပတ္ခြင့္ ျပန္လည္ခြင့္ျပဳဖို႔အတြက္ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕က ဇူလိုင္လ ၁၁ ရက္ေန႔ကေနစတင္ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္၊ခ႐ိုင္ စီမံခန႔္ခြဲမႈေကာ္မတီအဖြဲ႕ေတြဆီကို လမ္းၫႊန္အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီလို အေၾကာင္းၾကားတဲ့အခါမွာ က်န္းမာေရး နဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ ျပန္လည္ခြင့္ျပဳတယ္ဆိုတဲ့အခ်က္လည္း ပါဝင္ပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ စစ္ကိုင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ခိုင္ထြန္းကို ဆက္သြယ္ေမးျမန္းရာမွာ “က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ လည္ပတ္ဖူးေမွ်ာ္ခြင့္ ေဆာင္႐ြက္သြားဖို႔ဆိုၿပီး ၫႊန္ၾကားလာတယ္။ ဒီေတာ့ စစ္ကိုင္းၿမိဳ႕နယ္က မင္းကြန္းေဒသ၊ ဆြမ္းဦးပုညရွင္၊ ေကာင္းမႈေတာ္စသျဖင့္ ဘုရားအားလုံးမွာ သက္ဆိုင္ရာ ဆရာေတာ္ဘုရားႀကီးေတြရဲ႕ လမ္းၫႊန္မႈကိုခံယူၿပီး ေဂါပကအဖြဲ႕ေတြနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္နဲ႔အညီ ျပန္ဖြင့္ခြင့္ျပဳေနတယ္။ အဲ့ဒီလို ခြင့္ျပဳတဲ့အခါမွာ ဆြမ္းဦးပုညရွင္ကေတာ့ အရင္ကတည္း ႀကိဳတင္စီမံေဆာင္႐ြက္ထားတာ ျဖစ္တဲ့အတြက္ စဖြင့္ပါၿပီ။ ေကာင္းမႈေတာ္ဆိုရင္ ႏွာေခါင္းစည္းတပ္ၿပီးမွ ဘုရားဖူးဖို႔ ဆိုင္းဘုတ္ေတြ လုပ္ေနတယ္။ သဘက္ခါေလာက္ စဖြင့္ျဖစ္မယ္။ ထို႔အတူ မင္းကြန္းလဲ ဒီအပတ္ထဲမွာ ဖြင့္ပါမယ္”လို႔ ေျပာပါတယ္။

စစ္ကိုင္းတိုင္းအတြင္းမွာ မတ္လ ေနာက္ဆုံးပတ္ကေန စတင္ၿပီးေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ပြားမႈ မရွိေစေရးအတြက္ဆိုၿပီး ဘုရားဖူးလည္ပတ္ခြင့္ေတြကို ပိတ္ထားခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ စစ္ကိုင္းတိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံထားရတဲ့ လူနာ(၁)ဦး ရွိေနၿပီး သူကေတာ့ စစ္ကိုင္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးမွာ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူေနတာ ျဖစ္ပါတယ္။

စစ္ကိုင္းတိုင္းမွာ လူအမ်ားအျပား လာေရာက္ၾကတဲ့ အေလာင္းေတာ္ကႆပ၊ ဇလုံေတာင္၊ ဖိုလ္ဝင္ေတာင္၊ ေဗာဓိတစ္ေထာင္၊ ေကာင္းမႈေတာ္၊ ဆြမ္းဦးပုညရွင္၊ မင္းကြန္းေဒသ အပါအဝင္ ေနရာ ေတာ္ေတာ္မ်ားမ်ား ရွိေနခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW