ပြည်ခရိုင်တရားရုံးက သက်သေခံပစ္စည်းထားတဲ့ဂိုထောင် မီးလောင်

ပြည်ခရိုင်တရားရုံးက သက်သေခံပစ္စည်းထားတဲ့ဂိုထောင် မီးလောင် နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ပြည်ခရိုင်တ ရားရုံးဝန်းအတွင်းက သက်သေခံပစ္စည်းတွေထားတဲ့ ဂိုထောင်မှာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီသတ်ဦးစီးဌာနကနေ သိရပါတယ်။ “ဆိုင်ကယ် အစီးအချို့ မီးလောင်ပျက်စီးသွားတယ်၊ ဘယ်ကစလောင်ကျွမ်းခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့က မသိရသေးဘူး”လို့ ရွှေဂူရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ မီးလောင်တဲ့နေရာကို ပြည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆေးရေးရပ်ကွက်နဲ့ ဆံတော်ရပ်ကွက် အရန်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၅)စီး၊ သန္ဓေ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ သွားရောက်ငြိမ်းသတ်ခဲ့ပြီး လူနဲ့တိရိစ္ဆာထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ မီးစတင်လောင်ကျွမ်းတာဟာ ဂိုထောင်ဘေး အမှိုက်ပုံမီးကနေ မီးတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ကယ်ဆယ်စီးခန့်နဲ့ ဆုံးရှူံးမှုတန်ဖိုးကျပ်ငါးသောင်းကျော် မီးလောင်ဆုံးရံှုးခဲ့တယ်လို့ ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းရဲ့မှတ်တမ်းအရ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး တရားရုံးဝန်းအစောင့် အမျိုးသားကို ပြည်မြို့နယ်၊ အမှတ် ၁…

Read More

လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ချိန် လွှတ်တော်အစည်းအဝေးတွေကို ခေတ္တရပ်နားပေးဖို့လျာထား

လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ချိန် လွှတ်တော်အစည်းအဝေးတွေကို ခေတ္တရပ်နားပေးဖို့လျာထား နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၂၀ စွမ်းရဲထွဋ် (VOM) လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ဖို့အတွက် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်ကနေ ၁၈ ရက်နေ့အထိ လွှတ်တော်အစည်းအဝေးတွေကို ခေတ္တရပ်နားပေးဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီကနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့) နှုတ်ခွန်းဆက်စကားမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ တတိယအကြိမ်၊ လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထုတ်ပြန်ချက်များအရ တတိယသက်တမ်းအတွက် ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းခြင်းနဲ့ စိစစ်ခြင်းဆောင်ရွက်ကြရမယ့် ရက်ကာလများဟာ ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပရမယ့် ရက်ကာလအတွင်းမှာ ပါဝင်နေကြောင်းကိုလည်း ပြောပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ သတ်မှတ်ကာလမှာတော့ လွှတ်တော်အစည်းအဝေးများကို ဆက်လက်ကျင်းပနေမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မယ့်ကာလအတွက် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်မှ ၁၈…

Read More

ရသေ့တောင်မြို့နယ်မှာ ပစ်ခတ်မှုတွေကြောင့် ဒုံးပိုက်နဲ့ ချိန်ခါလိန်ကျေးရွာက ဒေသခံတွေထွက်ပြေး

ရသေ့တောင်မြို့နယ်မှာ ပစ်ခတ်မှုတွေကြောင့် ဒုံးပိုက်နဲ့ ချိန်ခါလိန်ကျေးရွာက ဒေသခံတွေထွက်ပြေး စစ်တွေ၊ ဇူလိုင် ၁၃- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ မနေ့ ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းနဲ့ ဒီကနေ့ မနက် ၈ နာရီလောက်က ကျေးရွာတွေအနီးပစ်ခတ်မှုဖြစ်တာကြောင့် ထွက်ပြေးနေရပြီး နီးစပ်ရာရွာတွေမှာ ခိုလံှုနေကြတယ်လို့ ဒုံးပိုက်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ ” ထွက်ပြေးကြတာတော့ ဟုတ်ပါတယ်။ အဲ့ဒီမှာ ဒေသခံတွေက ကြောက်လို့ထွက်ပြေးတာပေါ့။ ဒုံးပိုက်မှာက လူဦးရေ (၁) ထောင်ကျော်လောက်ရှိတာမှာ (၂၀၀) ကျော်လောက်ထွက်ပြေးသွားတယ်။ စစ်ကြောင်းက ချိန်ခါလိန်ရွာဖက်ကိုသွားတာ အဲ့ဒီမှာ ပစ်ခတ်မှုတွေဖြစ်ကြတော့ ဒေသခံတွေထွက်ပြေးကြတယ်။ ချိန်ခါလိန်ရွာက ကျနော်တို့ရွာမှာရောက်နေတဲ့လူတွေလည်း ရှိပါတယ်။” လို့ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကပြောပါတယ်။ ချိန်ခါလိန်ကျေးရွာသားတစ်ဦးပြောပြချက်အရ ကျေးရွာအနီး ပစ်ခတ်မှုတွေဖြစ်ပြီး ကျေးရွာတွင်းကို လက်နက်ကြီးငယ် ကျည်တွေကျရောက်ပေါက်ကွဲတာကြောင့်…

Read More

အခြေခံပညာ အထက်တန်းအဆင့်စာသင်ကျောင်းတွေ ဒီနေ့ကစပြီး Social Distancing သက်မှတ်ချက်အတိုင်းကျောင်းအပ်လက်ခံနေ

အခြေခံပညာ အထက်တန်းအဆင့်စာသင်ကျောင်းတွေ ဒီနေ့ကစပြီး Social Distancing သက်မှတ်ချက်အတိုင်းကျောင်းအပ်လက်ခံနေ မန္တလေး၊ ဇူလိုင် – ၁၃- ၂၀၂၀ ရှိုင်းအောင် (VOM) အခြေခံပညာရေးအထက်တန်းအဆင့်ဖြစ်တဲ့ Grade-10 နဲ့ Grade-11 ကို ဒီနေ့ ဇူလိုင် ၁၃ ရက်နေ့ကစပြီး ၁၇ ရက်နေ့အထိ Social Distancing ကျောင်းအပ်လက်ခံနေတာဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့မှာ ကျောင်းတွေဖွင့်တော့မှာပဲ ဖြစ်ပါတယ်။ “ဖွင့်တဲ့အခါမှာ ကျန်းမာရေးဌာနကနေပြီးတော့ ညွှန်ကြားချက်နဲ့အညီ Social Distancing အရ ကလေးတွေကိုလည်း ဝင်တဲ့အခါမှာ မိဘတွေကိုရော အားလုံးကို တစ်ယောက်နဲ့တစ်ယောက် ၆ ပေ အကွာကနေပြီးတော့ ဝင်ဖို့၊ Mask တွေတပ်ဖို့၊ Face shield ကတော့ ကျောင်းတွေဖွင့်တဲ့အခါမှာ တပ်ဖို့ပြောထားပါတယ်။မိဘတွေကိုလည်း ကြိုတင်ပြီးတော့ မနေ့ကနေဆွေးနွေးထားတယ်၊ ဒီနေမှာ သူတို့ကိုစပြီး လက်ခံတာဖြစ်ပါတယ်” လို့…

Read More

အသက်မပြည့်သေးတဲ့ မယားပါသမီးကို ပထွေးဖြစ်သူကမုဒိမ်းကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေ

အသက်မပြည့်သေးတဲ့ မယားပါသမီးကို ပထွေးဖြစ်သူကမုဒိမ်းကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေ နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညွတ်ကွင်းမြို့၊ မုန်တိုင် ၁ ရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဇူလိုင်လ ၃ ရက်နေ့မနက်ပိုင်းက တစ်အိမ်တည်းအတူနေ အသက်မပြည့်သေးတဲ့ မယားပါသမီးကို ပထွေးဖြစ်သူက မုဒိမ်းကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကညွှတ်ကွင်း နယ်မြေရဲစခန်းကနေ သိရပါတယ်။ “သူတို့က တစ်အိမ်ထဲနေကြတာပါ။ မိခင်ဈေးသွားနေတုန်း ဖြစ်တာဖြစ်တဲ့အပြင် မိသားစုပြသနာဖြစ်‌နေတော့ ဇူလိုင်လ ၁၂ ရက်နေ့ကမှ လာတိုင်ကြားတာပါ”လို့ ကညွတ်ကွင်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စောအောင်မျိုးဦးကပြောပါတယ်။ မိခင်ဖြစ်သူက နေအိမ်အနီး ဟင်းချက်စရာသွားဝယ်ပြီးပြန်လာချိန် အတူနေသမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ်ရှိမိန်းကလေး မုဒိမ်းကျင့်ခံရတာကို အဖွားဖြစ်သူက ပြောပြရတဲ့အတွက် သိရှိခဲ့ရတယ်လို့ ကညွှတ်ကွင်းနယ်မြေရဲစခန်းကနေ သိရပါတယ်။ “ကျွန်မတို့က နားမလည်တော့ အမှုဖွင့်ဖို့ဆိုတာ လူကြီးတွေနဲ့တိုင်ပင်ရလို့ပါ” မိခင်ဖြစ်သူက ပြောပါတယ်။ အမှုနှင့်ပတ်သက်လို့ အသက်မပြည့်သေးတဲ့…

Read More

စစ်ကိုင်းတိုင်းရှိ ဘုရားစေတီတွေကို ဘုရားဖူးခွင့် ပြန်လည်ခွင့်ပြု

စစ်ကိုင်းတိုင်းရှိ ဘုရားစေတီတွေကို ဘုရားဖူးခွင့် ပြန်လည်ခွင့်ပြု ကလေး ဇူလိုင် ၁၃-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ဘုရားစေတီတွေကို ဘုရားဖူးခရီးသွားလာလည်ပတ်ခွင့် ပြန်လည်ခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း သာသနာရေးဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်ကပြောပါတယ်။ ဒီလို ခွင့်ပြုခဲ့တာဟာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်ခွင့်ပြုခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ကနေ စတင်ဖွင့်လှစ်ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ အနေနဲ့ ညွှန်ကြားတာတော့ မဟုတ်ဘူး။ တိုင်းအစိုးရကနေ ခရိုင်၊ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီတွေကို ညွှန်ကြားထားတာမျိုးတော့ ရှိပါတယ်”လို့ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်ကပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက ဘုရားဖူး လာရောက်လည်ပတ်တာများတဲ့ ဘုရားတွေနဲ့ ရှေးဟောင်း သာသနိက အဆောက်အဦးတွေမှာ ဘုရားဖူးခွင့်၊ လည်ပတ်ခွင့် ပြန်လည်ခွင့်ပြုဖို့အတွက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၁၁ ရက်နေ့ကနေစတင်ပြီး သက်ဆိုင်ရာမြို့နယ်၊ခရိုင် စီမံခန့်ခွဲမှုကော်မတီအဖွဲ့တွေဆီကို လမ်းညွှန်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ဒီလို အကြောင်းကြားတဲ့အခါမှာ ကျန်းမာရေး…

Read More

မင်းလှမြို့နယ်မှာ တရားမဝင်ရေနံချက်ဖိုကို ဖမ်းဆီး

မင်းလှမြို့နယ်မှာ တရားမဝင်ရေနံချက်ဖိုကို ဖမ်းဆီး မင်းလှ၊ ဇူလိုင် ၁၃-၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာအနောက်မြောက်ဘက်က တောထဲမှာ မနေ့ဇူလိုင်၁၂ရက် ညနေပိုင်းက တရားမဝင်ရေနံချက်ဖိုတစ်ခုကို ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရေနံမနယ်မြေရဲစခန်းကနေ သိရပါတယ်။ ဒါဟာ အခုတပတ်အတွင်းဒုတိယအကြိမ်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးရာမှာ ပိုင်ရှင်မတွေ့ရဘဲ ရေနံချက်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်းတွေနဲ့ ချက်ဖိုအပါအဝင် ဆက်စပ်ပစ္စည်းတွေကိုသာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ”ဟိုနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သတင်းအရဖမ်းတာ၊ အခုကလည်း သတင်းအရ ရေနံမနယ်မြေရဲစခန်းက သတင်းအတည်ပြုချက်ရယူပြီး ဖမ်းတာ”လို့ ဖမ်းဆီးရာမှာပါတဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မင်းလှမြို့နယ်အတွင်း ရေနံမနယ်မြေ ထန်းကိုင်းနယ်မြေ၊ ဒဟတ်ပင်ရေနံမြေတို့မှာ တိုင်းအစိုးရခွင့်ပြုထားတဲ့ လက်ယက်ရေနံတွင်းတွေကထွက်ရှိတဲ့ ရေနံစိမ်းတွေကို မုံရွာ၊ ဧရာဝတီတိုင်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်တို့ကို မျောစာနဲ့တင်ပို့ရောင်းချကြပြီး မင်းလှမြို့နယ်မှာတော့ ခွင့်ပြုထားတဲ့ တရားဝင်ရေနံချက်ဖိုမရှိဘူးလို့လည်း သိရပါတယ် “ ကိုယ့်ဆီမှာရေနံဒီလောက်ထွက်နေတာ တပိုင်တနိုင်ချက်ဖို တည်ခွင့်ပေးသင့်ပါတယ်။ စည်းကမ်းနဲ့အညီ…

Read More

အမေရိကန်စစ်သင်္ဘောတစ်စင်း မီးလောင်မှုကြောင့် လူ (၂၁ )ဦးဒါဏ်ရာရ

အမေရိကန်စစ်သင်္ဘောတစ်စင်း မီးလောင်မှုကြောင့် လူ (၂၁ )ဦးဒါဏ်ရာရ ဝါရှင်တန်၊ ဇူလိုင်-၁၃-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ကျောက်ချထားတဲ့ အမေရိကန်စစ်သေင်္ဘာတစ်စင်း မီးလောင်မှုကြောင့် လူ ၂၁ ဦး ဒါဏ်ရာရရှိသွားပြီး မီးလောင်မှုကို ငြိမ်းသတ်ဖို့ မီးသတ်သမားတွေက ဆက်လက်လုပ်ဆောင်နေကြပါတယ်။ အဲ့ဒီမီးလောင်ကျွမ်းမှုဟာ အမေရိကန်စစ်သင်္ဘော USS Bonhomme Richardပေါ်မှာ ဇူလိုင် ၁၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၁ နာရီအထိ သင်္ဘောပေါ်ကနေ မီးခိုးလုံးတွေ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ မီးလောင်မှုကြောင့် သင်္ဘောအမှုထမ်း ၁၇ ဦးနဲ့ အရပ်သားလေးဦးဟာ ပြင်ပဒဏ်ရာတွေရရှိသွားတာကြောင့် ဆေးရုံတင်ထားရတယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ထားပြီး ကျန်သူတွေကိုလည်း စာရင်းပြုစုနေတယ်လို့ ပြောပါတယ်။ အမေရိကန်စစ်သင်္ဘော USS Bonhomme Richard ဟာ ကုန်းရေချေမှုန်းရေး သင်္ဘောတစ်စင်းဖြစ်ပြီး…

Read More

ဝက်အပြင်းဖျားရောဂါဖြစ်ပွားပြီးနောက်ပိုင်း ညောင်ရွှေမြို့မှာ ဝက်သားရောင်းချခွင့်ပိတ်

ဝက်အပြင်းဖျားရောဂါဖြစ်ပွားပြီးနောက်ပိုင်း ညောင်ရွှေမြို့မှာ ဝက်သားရောင်းချခွင့်ပိတ် နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်၊ ကျိုင်းတုံ ၊ တာချီလိတ်အပါအဝင် မြို့နယ်အချို့မှာ ဝက်အပြင်းဖျားရောဂါ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ညောင်ရွှေမြို့မှာ ဝက်သားရောင်းချခွင့်ကို ပိတ်ပင်ထားတယ်လို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ပြောပါတယ်။ “ကျိုင်းတုန်နဲ့ တာချီလိတ်ဘက်ဆို ဝက်တောင် မကျန်သလောက်ပဲ။ တောင်ကြီးဘက်မှာ မရှိသေးပေမယ့် ညောင်ရွှေ၊ အင်းရွာ ဆယ့်လေးငါးရွာမှာတော့ ဝက်တွေ သေတာမနည်းဘူး။ လက်ရှိတော့ ဝက်သားရောင်းချခွင့်ပိတ်ပင်ထားတယ်”လို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အရင်နှစ် ဩဂုတ်လခန့်ကစတင်ကာ ရှမ်းပြည်နယ်မြို့ကြီးအချို့မှာ ဝက်တွေ ဖျားနာသေဆုံးမှု အများအပြား ဖြစ်ပါ်ခဲ့ခြင်းဖြစ်ပြီး အခုနှစ် ခြောက်လပိုင်းခန့် ကျိုင်းတုန်၊ တာချီလိတ်မြို့ နယ်များမှာ ဝက်တွေသေဆုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် အခြားမြို့နယ်တွေမှာ ကူးစက်ပျံ့နှံမှုတွေ ဖြစ်ပေါ်ခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။ ညောင်ရွှေမှာဖြစ်ခဲ့တဲ့ ဝက်ကောင်ရေ(၄၉၈)ကောင် သေဆုံးပြီး အာဖရိဝက်အပြင်းစားဖျားနာရောဂါနဲ့ မျိုးရိုးဗီဇတူညီတာ…

Read More
VOM News

FREE
VIEW