အခန်း (၁၂၅)

ဆူးငှက် စက်ဘီး လေရှိလား၊ စက်ဘီးပေါက်နေလား ————————————————– ပညာရပ်ဟူသည်မှာ ထိုပညာရပ်ကို သင်ကြားသော်လည်း ထိုပညာရပ်အား အိတ်သွန်ဖာမှောက် မရနိုင်သော်မှ ထိုပညာရပ်နှင့် ဆက်နွယ်သော အမြော်အမြင် အကြံအဆ အတွေးအခေါ်များကလည်း ဘဝကို အကျိုးပြုစေပါသည်။ ကျွန်တော်သည် ဦးကြီးလှတင်နှင့် ကိုကျော်ဝင်းတို့ထံက ဓာတ်ပုံပညာကို အောင်မှတ်အဆင့်နှင့်ပင် မအောင်မြင်ခဲ့ပါ။ သို့သော် လှဂုဏ်ရည်တွင် မကြာလိုက်သော အချိန်အတွင်း ဆည်းပူးလိုက်ရသည်က ဓာတ်ပုံပညာထက် အမြော်အမြင် နှင့် အကြံအဆ အတွေးအခေါ်များဖြစ်သည်။ လှဂုဏ်ရည်တွင် ထိုစဉ်က စက်ဘီး ၃စီးရှိသည်။ ဟန်းဘား ယောက်ျားစီး စက်ဘီး ၂စီးနှင့် မိန်းမစီးစက်ဘီး ၁စီးဖြစ်သည်။ ညနေ အလုပ်ပြန်ချိန်က များသောအားဖြင့် အေးအေးဆေးဆေး နားနေပြီးမှ ပြန်သည်မို့ ၆နာရီက အစောဆုံးဖြစ်သည်။ တစ်ခါတရံ ည၈နာရီလောက် ရောက်သွားသည်။ အလုပ်ပြန်ချိန်ရောက်လျှင် ထိုစက်ဘီးများကို တာယာများမှာ လေရှိမရှိ စစ်ရသည်။…

Read More

မြန်မာ-အမေရိကန် ဆက်ဆံရေး အတက်အကျ

MT(VOM) ​မြန်မာနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဆက်ဆံရေးသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးမှ စတင်ခဲ့သည်ဟု အများစုက ယူဆတတ်ကြသော်လည်း၊ လက်တွေ့တွင် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်ကတည်းက အစပျိုးခဲ့ခြင်း ဖြစ်ပါသည်။ ​ပထမဆုံး ထိတွေ့ဆက်ဆံမှု (၁၉၄၁) ​မြန်မာနှင့် အမေရိကန်တို့၏ ပထမဆုံး အဆင့်မြင့် တွေ့ဆုံမှုမှာ ၁၉၄၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ပါသည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ နန်းရင်းဝန်ဖြစ်သူ ဂဠုန်ဦးစောသည် ဗြိတိန်နိုင်ငံသို့ သွားရောက်ကာ မြန်မာပြည်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုလိုနီအဆင့်ပေးရန် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဝါရှင်တန်ဒီစီသို့ ဆက်လက်ထွက်ခွာခဲ့ပြီး အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရူစဗဲ့ (Franklin D. Roosevelt) နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါသည် [1]။ ဦးစောသည် အမေရိကန်နှင့် ဗြိတိန်တို့၏ “အတ္တလန္တိတ် ပဋိညာဉ်စာချုပ်” ပါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူဝါဒကို မြန်မာနိုင်ငံအတွက်…

Read More

တိုက်ပွဲ​တွေ​ကြောင့် လျှပ်စစ်မီးမရှိ ဆက်သွယ်ရေး ခက်ခဲနေတဲ့ ကွတ်ခိုင်မြို့နယ် ဗန်ငူးရွာက ပြည်သူ​တချို့ရဲ့ လူမှုဘဝ

မေ ၂၉၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက တောင်ကုန်းတောင်တန်းတွေ ဝန်းရံထားတဲ့ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စုထဲက “ဗန်ငူးကျေးရွာ” ဟာ မြန်မာ – တရုတ် ကုန်သွယ်ရေး လမ်းမကြီးရဲ့ အနီးအနားမှာ ရှိပေမယ့် လက်ရှိအချိန်မှာတော့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်လုနီးပါး ဆက်သွယ်ရေး အခက်အခဲတွေကို အလူးအလဲ ခံစားနေရပါတယ်။ ဗန်ငူးကျေးရွာဟာ ပြီးခဲ့တဲ့ မတ်လအတွင်းကတင် ပြင်းထန်တဲ့ မိုးသီးဒဏ်ကြောင့် အိမ်ခြေ ၂၀၀ နီးပါး အမိုးတွေ ပေါက်ပြဲပျက်စီးခဲ့ရပြီး လက်ရှိအချိန်အထိ ရာသီဥတုဒဏ်ကို ရင်ဆိုင်နေရတဲ့အပြင် အဓိက အသက်သွေးကြောဖြစ်တဲ့ ဖုန်း၊ အင်တာနက်လိုင်းတွေ ခက်ခဲပြီး လျှပ်စစ်မီးတွေပါ မရှိတာဖြစ်ပါတယ်။ မတ်လကတည်းက ကျရောက်ခဲ့တဲ့ မိုးသီးဒဏ်ကြောင့် လက်ရှိအချိန်အထိ နေအိမ်ခေါင်မိုးတွေကို ပြန်မပြင်နိုင်သေးဘဲ ခက်ခဲစွာ ရုန်းကန်နေရတဲ့အခြေအနေကို ဒေသခံ အမျိုးသမီး တယောက်က အခုလို…

Read More

ကွတ်ခိုင်မြို့ထဲ အစိုးရ ဌာနဆိုင်ရာတွေ ဝင်ရောက်လာတာမရှိ​သေး

မေ ၂၉၊ ၂၀၂၆။ NN(VOM) ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ထဲကို အစိုးရဌာနဆိုင်ရာ အဖွဲ့တွေ ဝင်ရောက်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီမနက် (မေ ၂၉) အထိတော့ ဝင်ရောက်လာတာမျိုး မတွေ့ရဘူးလို့ မြို့ခံတွေထံကနေ သိရပါတယ်။ အစိုးရဌာနဆိုင်ရာတွေဖြစ်တဲ့လူဝင်မှုကြီးကြပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေး ဌာန ဝန်ထမ်းတွေ ပြန်ဝင်ရောက်လာပြီး ကွတ်ခိုင် ဗျူဟာကုန်းမှာ နေထိုင်နေ ကြတယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။ “ကိုးကန့်က ကွတ်ခိုင်ကိုသိမ်းပြီးကတည်းက ဒီလို ကောလဟလ သတင်း တွေ ထွက်နေတာကြာပြီ။ ဗျူဟာကုန်းမှာက စစ်ရှောင်တွေပဲရှိတာ။ ဒီမနက် အထိ ဘယ်ဌာနဆိုင်ရာမှ ဝင်လာတာမျိုး မရှိပါဘူး။ မြို့ထဲမှာလည်း ပုံမှန်ပါပဲ” လို့ ကွတ်ခိုင်မြို့ခံ တယောက်က ပြောပါတယ်။ MNDAA တာဝန်ရှိသူ အချို့ကလည်း အစိုးရဌာနဆိုင်ရာတွေ…

Read More

ရန်ကုန်မြစ်အတွင်း စက်တပ်လှေတစီး တိမ်းမှောက်ပြီး သုံးယောက် ပျောက်ဆုံးနေ

မေ ၂၉ – ၂၀၂၆ SS (VOM) မနေ့ မေ ၂၈ ရက်၊ ည ၇ နာရီ ၄၅ မိနစ်ဝန်းကျင်က ရန်ကုန်မြို့၊ ရန်ကုန်မြစ်အတွင်း စက်တပ်လှေတစီး တိမ်းမှောက်ပြီး သုံးယောက် ပျောက်ဆုံးနေတယ်လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ လင်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲဒီ စက်လှေဟာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကူးတို့ဆိပ်ကနေ ဒလမြို့ မှော်စက်ရပ်ကွက် ကူးတို့ဆိပ်ကိုကူးတဲ့ စက်တပ်လှေဖြစ်ပြီး လှေပေါ်မှာ စက်လှေမောင်းသူအပြင် ခရီးသည် ၁၁ ယောက် လိုက်ပါလာတာလို့ သူက ပြောပါတယ်။ “စက်လှေမှောက်တာက ရေတက်လာတဲ့အချိန်မှာ ရေလှိုင်းတွေ ကြီးလာတယ်၊ မိုးတွေရွာ၊ လေတိုက်တဲ့အချိန်မှာ ဝဲကလည်း ရှိတဲ့အခါကျတော့ လှေထွက်တဲ့အချိန်မှာ ဝဲရိုက်ပြီး မတော်တဆဖြစ်တဲ့ ကိစ္စပါ။ ကားကူးဇက်က တိုက်မိတာမဟုတ်ပါဘူး။ အဲဒီအချိန်က ကားကူးတဲ့…

Read More

ယာဥ်အို ယာဥ်ဟောင်းအပ်နှံပြီး EV တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ စာနဲ့ပတ်သက်ပြီး တိကျတဲ့ အမိန့်ညွှန့်ကြားချက်တွေ ထုတ်ပြန်ပေးဖို့ လိုအပ်

မေ ၂၉ ၊ ၂၀၂၆ GG (VOM) သက်တမ်းနှစ် ၂၀ ကျော်တဲ့ကားတွေနဲ့ သက်တမ်း နှစ် ၂၀ မပြည့်သေးပေမယ့်လည်း ယာဥ်အပ်နှံမယ်ဆိုပါက EV လျှပ်စစ်ကားတင်သွင်းခွင့်ပြုမယ်ဆိုတဲ့ စာနဲ့ပတ်သက်ပြီး တိကျတဲ့ အမိန့်ညွှန့်ကြားချက်တွေ ထပ်မံထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားတာက ထုတ်လုပ်တဲ့ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်တဲ့ကားတွေ ၊ ကားကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်လို့မရနိုင်တဲ့ ယာဉ်တွေနဲ့ ထုတ်လုပ်တဲ့ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်ပေမယ့်လည်း မိမိဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေကို အပ်နှံတဲ့ယာဥ်ရဲ့ တန်ဖိုးနဲ့အညီ လျှပ်စစ်သုံးယာဉ် EV ကို အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးတဲ့ ဖျက်သိမ်းယာဉ် ထောက်ခံချက်…

Read More

ဟာသသရုပ်ဆောင် လူရွှင်တော် ပန်းသီး ကွယ်လွန်

မေ ၂၉ – ၂၀၂၆ SN (VOM) ရုပ်ရှင်နဲ့ ဗီဒီယို​တွေမှာ ဟာသသရုပ်ဆောင်ဖြစ်တဲ့ လူရွှင်တော် ပန်းသီးဟာ ဒီကနေ့ မေ ၂၉ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်က ဂရန်းဟံသာဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ သီးလေးသီး အဖွဲ့ဝင်တယောက်ဖြစ်သူ လူရွှင်တော် ပန်းသီး (ခေါ်) ဦးမျိုးဇော်ဟာ ၁၉၇၇ ခုနှစ်၊ မတ် ၃ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၄၉) နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ လူရွှင်တော် ပန်းသီး ကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ ဟာသသရုပ်ဆောင် လူရွှင်တော် ကောင်းကျော်က “ရုပ်ရှင်နဲ့ ဗီဒီယို ဟာသ သရုပ်ဆောင် လူရွင်တော် ပန်းသီး (သီးလေးသီး) ယနေ့ နေ့လယ် ၁ နာရီမှာ ကွယ်လွန်သွားကြောင် ကြားသိရပါ၍…

Read More

ဖားကန့် ၊လုံးခင်းမှာ သေနတ်နဲ့ပစ်သတ်ခံရသူတွေရှိလာသလို ဓား​ပြတိုက်မှုတွေလည်း များလာနေ

မေ ၂၉ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ၊ လုံးခင်းကျေးရွာမှာ ဓားပြတိုက်မှုတွေ ဖြစ်ပွားနေသလို လမ်းဘေး ပစ်သတ်ခံရသူတွေလည်း ရှိလာနေတယ်လို့ ဒေသခံဆီက သိရပါတယ် ။ ဒီကနေ့ မေ ၂၉ ရက် မနက်ပိုင်းက လုံးခင်းတိုက်နယ်ဆေးရုံကုန်းအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားအလောင်း သုံးလောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ” အသတ်ခံရတဲ့ သူသုံးယောက်လုံးက လုံးခင်းမှာပဲ နေကြတာ ။ ဘယ်သူတွေသတ်သွားလဲတော့ မသိကြဘူး။ အလောင်းတွေက ဒီနေ့မနက်မှတွေ့တာ ။ လုံးခင်းမှာ ဓားပြတိုက်မှုတွေလည်း များလာတယ်။ တချို့က ထုတ်မပြောလို့ အင်တာနက်ပေါ်ရောက်မလာတော့ လူသိပ်မသိဘူး ။ အင်တာနက်ပေါ်ရောက်လာတာလောက်ပဲ သိရတာ ။ ဘယ်သူတွေလုပ်မှန်းလည်းမသိဘူး ။ ” လို့ ဒေသခံကပြောပါတယ်။ မနေ့က မေ ၂၈…

Read More

ကသာခရိုင်အတွင်းက အခြေခံပညာ စာသင်ကျောင်းတွေ ပြန်ဖွင့်မယ်

မေ ၂၉ – ၂၀၂၆ SS (VOM) အခု ၂၀၂၆ – ၂၀၂၇ ခုနှစ်မှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်နမိတ်အစပ် ကသာခရိုင်အတွင်းရှိ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်နဲ့ အင်းတော်မြို့က အခြေခံပညာ စာသင်ကျောင်းတွေကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ပညာရေးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အခြေခံပညာကျောင်းတွေကို ကသာမြို့မှာ ၈၃ ကျောင်း၊ ဗန်းမောက်မြို့မှာ ၅၈ ကျောင်း၊ ထီးချိုင့်မြို့မှ ၉ ကျောင်း၊ အင်းတော်မြို့မှာ ၅ ကျောင်း၊ စုစုပေါင်း ၁၅၅ ကျောင်း ဖွင့်လှစ်ပေးဖို့ လျာထားတယ်လို့ သိရပါတယ်။ “ကသာခရိုင်ထဲမှာက တချို့ နေရာတွေမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေ ရှိနေသေးတာ မှန်ပေမယ့် အစိုးရက လုံခြုံရေးပိုင်း စိတ်ချရတဲ့နေရာတွေက ကျောင်းတွေကို…

Read More
VOM News

FREE
VIEW