ပြည်ခရိုင်တရားရုံးက သက်သေခံပစ္စည်းထားတဲ့ဂိုထောင် မီးလောင်

ပြည်ခရိုင်တရားရုံးက သက်သေခံပစ္စည်းထားတဲ့ဂိုထောင် မီးလောင်

နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ပြည်ခရိုင်တ ရားရုံးဝန်းအတွင်းက သက်သေခံပစ္စည်းတွေထားတဲ့ ဂိုထောင်မှာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီသတ်ဦးစီးဌာနကနေ သိရပါတယ်။

“ဆိုင်ကယ် အစီးအချို့ မီးလောင်ပျက်စီးသွားတယ်၊ ဘယ်ကစလောင်ကျွမ်းခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့က မသိရသေးဘူး”လို့ ရွှေဂူရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မီးလောင်တဲ့နေရာကို ပြည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆေးရေးရပ်ကွက်နဲ့ ဆံတော်ရပ်ကွက် အရန်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၅)စီး၊ သန္ဓေ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ သွားရောက်ငြိမ်းသတ်ခဲ့ပြီး လူနဲ့တိရိစ္ဆာထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။

မီးစတင်လောင်ကျွမ်းတာဟာ ဂိုထောင်ဘေး အမှိုက်ပုံမီးကနေ မီးတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ကယ်ဆယ်စီးခန့်နဲ့ ဆုံးရှူံးမှုတန်ဖိုးကျပ်ငါးသောင်းကျော် မီးလောင်ဆုံးရံှုးခဲ့တယ်လို့ ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းရဲ့မှတ်တမ်းအရ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး တရားရုံးဝန်းအစောင့် အမျိုးသားကို ပြည်မြို့နယ်၊ အမှတ် ၁ နယ်မြေရဲစခန်းမှ (ပ)၃၂၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo – MFSD
#voiceofmyanmar #VOM #ပြည်

Zawgyi

ျပည္ခ႐ိုင္တရား႐ုံးက သက္ေသခံပစၥည္းထားတဲ့ဂိုေထာင္ မီးေလာင္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၃-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္းအေနာက္ျခမ္း၊ ျပည္ၿမိဳ႕နယ္၊ ေက်ာင္းႀကီးအိုးတန္းရပ္ကြက္၊ ကမ္းနားလမ္း၊ ျပည္ခ႐ိုင္တ ရား႐ုံးဝန္းအတြင္းက သက္ေသခံပစၥည္းေတြထားတဲ့ ဂိုေထာင္မွာ ဒီကေန႔မနက္ ၅ နာရီဝန္းက်င္ခန္႔က မီးေလာင္ကြၽမ္းမႈျဖစ္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံမီသတ္ဦးစီးဌာနကေန သိရပါတယ္။

“ဆိုင္ကယ္ အစီးအခ်ိဳ႕ မီးေလာင္ပ်က္စီးသြားတယ္၊ ဘယ္ကစေလာင္ကြၽမ္းခဲ့တယ္ဆိုတာေတာ့ ကြၽန္ေတာ္တို႔က မသိရေသးဘူး”လုိ႔ ေ႐ႊဂူရပ္ကြက္ အရန္မီးသတ္တပ္ဖြဲ႕စခန္းမွ တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

မီးေလာင္တဲ့ေနရာကို ျပည္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္(၃)စီး၊ ေက်ာင္းႀကီးအိုးတန္းရပ္ကြက္၊ ေဆးေရးရပ္ကြက္နဲ႔ ဆံေတာ္ရပ္ကြက္ အရန္မီးသတ္စခန္းတို႔မွ မီးသတ္ယာဥ္(၅)စီး၊ သေႏၶ၊အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ေဒသခံမ်ား၊ နယ္ေျမခံရဲတပ္ဖြဲ႕ဝင္မ်ား သြားေရာက္ၿငိမ္းသတ္ခဲ့ၿပီး လူနဲ႔တိရိစာၦထိခိုက္ဒဏ္ရာမရရွိခဲ့ဘူးလုိ႔ သိရပါတယ္။

မီးစတင္ေလာင္ကၽြမ္းတာဟာ ဂိုေထာင္ေဘး အမႈိက္ပုံမီးကေန မီးတင္ေလာင္ကၽြမ္းခဲ့တာျဖစ္ၿပီး ဆိုင္ကယ္ဆယ္စီးခန႔္နဲ႔ ဆုံးရႉံးမႈတန္ဖိုးက်ပ္ငါးေသာင္းေက်ာ္ မီးေလာင္ဆံုးရံွဳးခဲ့တယ္လုိ႔ ျပည္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕စခန္းရဲ႕မွတ္တမ္းအရ သိရပါတယ္။

မီးေလာင္မႈနဲ႔ပတ္သက္ၿပီး တရား႐ုံးဝန္းအေစာင့္ အမ်ိဳးသားကို ျပည္ၿမိဳ႕နယ္၊ အမွတ္ ၁ နယ္ေျမရဲစခန္းမွ (ပ)၃၂၂/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၂၈၅နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

Photo – MFSD
#voiceofmyanmar #VOM #ျပည္

Related posts

Leave a Comment

VOM News

FREE
VIEW