ရသေ့တောင်မြို့နယ်မှာ ပစ်ခတ်မှုတွေကြောင့် ဒုံးပိုက်နဲ့ ချိန်ခါလိန်ကျေးရွာက ဒေသခံတွေထွက်ပြေး

ရသေ့တောင်မြို့နယ်မှာ ပစ်ခတ်မှုတွေကြောင့် ဒုံးပိုက်နဲ့ ချိန်ခါလိန်ကျေးရွာက ဒေသခံတွေထွက်ပြေး

စစ်တွေ၊ ဇူလိုင် ၁၃- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ မနေ့ ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းနဲ့ ဒီကနေ့ မနက် ၈ နာရီလောက်က ကျေးရွာတွေအနီးပစ်ခတ်မှုဖြစ်တာကြောင့် ထွက်ပြေးနေရပြီး နီးစပ်ရာရွာတွေမှာ ခိုလံှုနေကြတယ်လို့ ဒုံးပိုက်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

” ထွက်ပြေးကြတာတော့ ဟုတ်ပါတယ်။ အဲ့ဒီမှာ ဒေသခံတွေက ကြောက်လို့ထွက်ပြေးတာပေါ့။ ဒုံးပိုက်မှာက လူဦးရေ (၁) ထောင်ကျော်လောက်ရှိတာမှာ (၂၀၀) ကျော်လောက်ထွက်ပြေးသွားတယ်။ စစ်ကြောင်းက ချိန်ခါလိန်ရွာဖက်ကိုသွားတာ အဲ့ဒီမှာ ပစ်ခတ်မှုတွေဖြစ်ကြတော့ ဒေသခံတွေထွက်ပြေးကြတယ်။ ချိန်ခါလိန်ရွာက ကျနော်တို့ရွာမှာရောက်နေတဲ့လူတွေလည်း ရှိပါတယ်။” လို့ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကပြောပါတယ်။

ချိန်ခါလိန်ကျေးရွာသားတစ်ဦးပြောပြချက်အရ ကျေးရွာအနီး ပစ်ခတ်မှုတွေဖြစ်ပြီး ကျေးရွာတွင်းကို လက်နက်ကြီးငယ် ကျည်တွေကျရောက်ပေါက်ကွဲတာကြောင့် ဒုံးပိုက်ကျေးရွာဖက်ကို ထွက်ပြေးလာရတာဖြစ်ပြီး စစ်တွေမြို့ကိုရှောင်ပြေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ချိန်ခါလိန်ကျေးရွာက ထွက်ပြေးလာသူ ဦးကျော်အေးစိန် ပြောပြတာက” မနက် ၈ နာရီလောက်နေ စပြီး ပစ်ခတ်သံတွေကြားရပါတယ်။ အဲ့ဒီမှာ ရွာထဲကို လက်နက်ကြီးကျည်တွေကျတယ်။ အခုလည်း ပစ်ခတ်သံတွေ ကြားနေရတယ်။ ရွာမှာက လူတွေမရှိတော့ဘူး။ သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့တယ်။ ထမင်းမစားရပဲပြေးလာရတယ်။ ထမင်းနှစ်ထပ်ငတ်ပြီ။ မနေ့က ညနေပိုင်းမှာလည်း ဖြစ်ကြတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ဖြစ်ကြတယ်။ စစ်တွေကို ပြေးတဲ့လူတွေပြေးကြတယ်။ ဒုံးပိုက်ကို ရောက်နေတဲ့ လူတွေလည်း စစ်တွေဖက်ကိုပြေးသွားပြီ။ ရွာမှာလည်း ဦးလေးမှာ နွားအကောင် ၂၀ လောက်ကျန်ခဲ့တယ်။ ဘာမှမယူခဲ့ရဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒီအတိုင်းပြေးလာရတယ်။ ” လို့ ထွက်ပြေးလာရတာနဲ့ပတ်သက်ပြီး ပြောပြပါတယ်။

ဒုံးပိုက်ကျေးရွာမှာ အိမ်ခြေ ၂၄၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိကာ မေယုမြစ် အနောက်ဖက်ကမ်း မေယုတောင်(မယူတောင်)အနီးမှာ တည်ရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုဆက်သွယ်ခဲ့ရာ ဖုန်ကိုင်ဖြေကြားတာ မရှိပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒု- ဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ဖြေလေ့မရှိဘူးလို့ VOM ကိုပြောထားဖူးပါတယ်။

အခုလက်ရှိ မောင်တော- အငူမော်ကားလမ်းမှာ ကားအသွားအလာတွေမရှိတော့ဘဲ လမ်းတွေကို ပိတ်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင်

Zawgyi

ရေသ့ေတာင္ၿမိဳ႕နယ္မွာ ပစ္ခတ္မႈေတြေၾကာင့္ ဒုံးပိုက္နဲ႔ ခ်ိန္ခါလိန္ေက်း႐ြာက ေဒသခံေတြထြက္ေျပး

စစ္ေတြ၊ ဇူလိုင္ ၁၃- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမယုျမစ္တစ္ဖက္ကမ္းမွာရွိတဲ့ ေက်း႐ြာေတြက ေဒသခံေတြဟာ မေန႔ ဇူလိုင္ ၁၂ ရက္ေန႔ ညေနပိုင္းနဲ႔ ဒီကေန႔ မနက္ ၈ နာရီေလာက္က ေက်း႐ြာေတြအနီးပစ္ခတ္မႈျဖစ္တာေၾကာင့္ ထြက္ေျပးေနရၿပီး နီးစပ္ရာ႐ြာေတြမွာ ခိုလံွဳေနၾကတယ္လို႔ ဒုံးပိုက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

” ထြက္ေျပးၾကတာေတာ့ ဟုတ္ပါတယ္။ အဲ့ဒီမွာ ေဒသခံေတြက ေၾကာက္လို႔ထြက္ေျပးတာေပါ့။ ဒုံးပိုက္မွာက လူဦးေရ (၁) ေထာင္ေက်ာ္ေလာက္ရွိတာမွာ (၂၀၀) ေက်ာ္ေလာက္ထြက္ေျပးသြားတယ္။ စစ္ေၾကာင္းက ခ်ိန္ခါလိန္႐ြာဖက္ကိုသြားတာ အဲ့ဒီမွာ ပစ္ခတ္မႈေတြျဖစ္ၾကေတာ့ ေဒသခံေတြထြက္ေျပးၾကတယ္။ ခ်ိန္ခါလိန္႐ြာက က်ေနာ္တို႔႐ြာမွာေရာက္ေနတဲ့လူေတြလည္း ရွိပါတယ္။” လို႔ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဒုံးပိုက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ဝင္းကေျပာပါတယ္။

ခ်ိန္ခါလိန္ေက်း႐ြာသားတစ္ဦးေျပာျပခ်က္အရ ေက်း႐ြာအနီး ပစ္ခတ္မႈေတြျဖစ္ၿပီး ေက်း႐ြာတြင္းကို လက္နက္ႀကီးငယ္ က်ည္ေတြက်ေရာက္ေပါက္ကြဲတာေၾကာင့္ ဒုံးပိုက္ေက်း႐ြာဖက္ကုိ ထြက္ေျပးလာရတာျဖစ္ၿပီး စစ္ေတြၿမိဳ႕ကိုေရွာင္ေျပးဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ခ်ိန္ခါလိန္ေက်း႐ြာက ထြက္ေျပးလာသူ ဦးေက်ာ္ေအးစိန္ ေျပာျပတာက” မနက္ ၈ နာရီေလာက္ေန စၿပီး ပစ္ခတ္သံေတြၾကားရပါတယ္။ အဲ့ဒီမွာ ႐ြာထဲကို လက္နက္ႀကီးက်ည္ေတြက်တယ္။ အခုလည္း ပစ္ခတ္သံေတြ ၾကားေနရတယ္။ ႐ြာမွာက လူေတြမရွိေတာ့ဘူး။ သက္ႀကီး႐ြယ္အိုေတြပဲ က်န္ခဲ့တယ္။ ထမင္းမစားရပဲေျပးလာရတယ္။ ထမင္းႏွစ္ထပ္ငတ္ၿပီ။ မေန႔က ညေနပိုင္းမွာလည္း ျဖစ္ၾကတယ္။ ဒီေန႔ မနက္ပိုင္းမွာလည္း ျဖစ္ၾကတယ္။ စစ္ေတြကို ေျပးတဲ့လူေတြေျပးၾကတယ္။ ဒုံးပိုက္ကို ေရာက္ေနတဲ့ လူေတြလည္း စစ္ေတြဖက္ကိုေျပးသြားၿပီ။ ႐ြာမွာလည္း ဦးေလးမွာ ႏြားအေကာင္ ၂၀ ေလာက္က်န္ခဲ့တယ္။ ဘာမွမယူခဲ့ရဘူး။ အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႔ ဒီအတိုင္းေျပးလာရတယ္။ ” လို႔ ထြက္ေျပးလာရတာနဲ႔ပတ္သက္ၿပီး ေျပာျပပါတယ္။

ဒုံးပိုက္ေက်း႐ြာမွာ အိမ္ေျခ ၂၄၀ ေက်ာ္ရွိၿပီး လူဦးေရ ၁၀၀၀ ေက်ာ္ရွိကာ ေမယုျမစ္ အေနာက္ဖက္ကမ္း ေမယုေတာင္(မယူေတာင္)အနီးမွာ တည္ရွိပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရအဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကိုဆက္သြယ္ခဲ့ရာ ဖုန္ကိုင္ေျဖၾကားတာ မရွိပါဘူး။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒု- ဥကၠဌ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီကေတာ့ တိုက္ပြဲသတင္းနဲ႔ ပတ္သက္ၿပီး မီဒီယာေတြကို ေျဖေလ့မရွိဘူးလို႔ VOM ကိုေျပာထားဖူးပါတယ္။

အခုလက္ရွိ ေမာင္ေတာ- အငူေမာ္ကားလမ္းမွာ ကားအသြားအလာေတြမရွိေတာ့ဘဲ လမ္းေတြကို ပိတ္ထားတယ္လုိ႔ သိရပါတယ္။

#voiceofmyanmar #VOM #ရေသ့ေတာင္

Related posts

Leave a Comment

VOM News

FREE
VIEW