မင်းလှမြို့နယ်မှာ တရားမဝင်ရေနံချက်ဖိုကို ဖမ်းဆီး

မင်းလှမြို့နယ်မှာ တရားမဝင်ရေနံချက်ဖိုကို ဖမ်းဆီး

မင်းလှ၊ ဇူလိုင် ၁၃-၂၀၂၀
ဂျန်ကိုးလ် (VOM)

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာအနောက်မြောက်ဘက်က တောထဲမှာ မနေ့ဇူလိုင်၁၂ရက် ညနေပိုင်းက တရားမဝင်ရေနံချက်ဖိုတစ်ခုကို ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရေနံမနယ်မြေရဲစခန်းကနေ သိရပါတယ်။

ဒါဟာ အခုတပတ်အတွင်းဒုတိယအကြိမ်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးရာမှာ ပိုင်ရှင်မတွေ့ရဘဲ ရေနံချက်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်းတွေနဲ့ ချက်ဖိုအပါအဝင် ဆက်စပ်ပစ္စည်းတွေကိုသာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

”ဟိုနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သတင်းအရဖမ်းတာ၊ အခုကလည်း သတင်းအရ ရေနံမနယ်မြေရဲစခန်းက သတင်းအတည်ပြုချက်ရယူပြီး ဖမ်းတာ”လို့ ဖမ်းဆီးရာမှာပါတဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မင်းလှမြို့နယ်အတွင်း ရေနံမနယ်မြေ ထန်းကိုင်းနယ်မြေ၊ ဒဟတ်ပင်ရေနံမြေတို့မှာ တိုင်းအစိုးရခွင့်ပြုထားတဲ့ လက်ယက်ရေနံတွင်းတွေကထွက်ရှိတဲ့ ရေနံစိမ်းတွေကို မုံရွာ၊ ဧရာဝတီတိုင်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်တို့ကို မျောစာနဲ့တင်ပို့ရောင်းချကြပြီး မင်းလှမြို့နယ်မှာတော့ ခွင့်ပြုထားတဲ့ တရားဝင်ရေနံချက်ဖိုမရှိဘူးလို့လည်း သိရပါတယ်

“ ကိုယ့်ဆီမှာရေနံဒီလောက်ထွက်နေတာ တပိုင်တနိုင်ချက်ဖို တည်ခွင့်ပေးသင့်ပါတယ်။ စည်းကမ်းနဲ့အညီ လုပ်ခွင့်ပေးသင့်ပါတယ်၊ အဲလိုမရှိတော့ ချမ်းသာပြီးအရင်းရှိတဲ့ပဲ ဆက်ချမ်းသာသွားတာ၊ ကျနော်တို့က ဒုံရင်းကဒုံရင်းဘဲ”လို့ ငနောင်မုန်းရေနံမှော်က ကိုစိုးဝင်းကပြောပါတယ်။

အခုလိုဖမ်းဆီးတာနဲ့ပတ်သက်ပြီး ရေနံမနယ်မြေရဲစခန်းက (ပ)၁၂၇/၂၀၂၀ ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ၃၇နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

အဲ့ဒီရေနံမနယ်မြေမှာ ပြီးခဲ့တဲ့ ဇူလိုင်၁၁နေ့မနက်ပိုင်းက ရေနံချက်ဖိုအပါအဝင် ဆက်စပ်ပစ္စည်းများနဲ့ ဆိုင်ကယ်၃စီးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၀မတ်လ၆ရက်နေ့ကလည်း မကွေးတိုင်းအစိုးရရဲ့သယံဇာတဝန်ကြီးကိုယ်တိုင် ဦးဆောင်ဖမ်းဆီးခဲ့ရာ အခုလို ပိုင်ရှင်မဲ့ရေနံချက်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့ပြီး ဒေသရေနံချက်လုပ်ခွင့်ကိုတော့ တိုင်းအစိုးရအနေနဲ့ စီမံချက် တစုံတရာထုတ်ပြန်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #မင်းလှ

Zawgyi

မင္းလွၿမိဳ႕နယ္မွာ တရားမဝင္ေရနံခ်က္ဖုိကို ဖမ္းဆီး

မင္းလွ၊ ဇူလိုင္ ၁၃-၂၀၂၀
ဂ်န္ကိုးလ္ (VOM)

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ မင္းလွၿမိဳ႕နယ္၊ ေရနံမေက်း႐ြာအေနာက္ေျမာက္ဘက္က ေတာထဲမွာ မေန႔ဇူလိုင္၁၂ရက္ ညေနပုိင္းက တရားမဝင္ေရနံခ်က္ဖိုတစ္ခုကို ရဲတပ္ဖြဲ႕ကဝင္ေရာက္ဖမ္းဆီးခဲ့တယ္လို႔ ေရနံမနယ္ေျမရဲစခန္းကေန သိရပါတယ္။

ဒါဟာ အခုတပတ္အတြင္းဒုတိယအႀကိမ္ဖမ္းဆီးခဲ့တာျဖစ္ၿပီး ဝင္ေရာက္ဖမ္းဆီးရာမွာ ပိုင္ရွင္မေတြ႕ရဘဲ ေရနံခ်က္လုပ္ရာမွာအသုံးျပဳတဲ့ ပစၥည္းေတြနဲ႔ ခ်က္ဖိုအပါအဝင္ ဆက္စပ္ပစၥည္းေတြကိုသာ သိမ္းဆည္းခဲ့တယ္လို႔ သိရပါတယ္။

”ဟိုေန႔က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔ သတင္းအရဖမ္းတာ၊ အခုကလည္း သတင္းအရ ေရနံမနယ္ေျမရဲစခန္းက သတင္းအတည္ျပဳခ်က္ရယူၿပီး ဖမ္းတာ”လို႔ ဖမ္းဆီးရာမွာပါတဲ့ ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

မင္းလွၿမိဳ႕နယ္အတြင္း ေရနံမနယ္ေျမ ထန္းကိုင္းနယ္ေျမ၊ ဒဟတ္ပင္ေရနံေျမတို႔မွာ တိုင္းအစိုးရခြင့္ျပဳထားတဲ့ လက္ယက္ေရနံတြင္းေတြကထြက္ရွိတဲ့ ေရနံစိမ္းေတြကို မုံ႐ြာ၊ ဧရာဝတီတိုင္း ပဲခူးတိုင္းအေနာက္ျခမ္း၊ ပန္းေတာင္းၿမိဳ႕နယ္တို႔ကို ေမ်ာစာနဲ႔တင္ပို႔ေရာင္းခ်ၾကၿပီး မင္းလွၿမိဳ႕နယ္မွာေတာ့ ခြင့္ျပဳထားတဲ့ တရားဝင္ေရနံခ်က္ဖိုမရွိဘူးလို႔လည္း သိရပါတယ္

“ ကိုယ့္ဆီမွာေရနံဒီေလာက္ထြက္ေနတာ တပိုင္တႏိုင္ခ်က္ဖို တည္ခြင့္ေပးသင့္ပါတယ္။ စည္းကမ္းနဲ႔အညီ လုပ္ခြင့္ေပးသင့္ပါတယ္၊ အဲလိုမရွိေတာ့ ခ်မ္းသာၿပီးအရင္းရွိတဲ့ပဲ ဆက္ခ်မ္းသာသြားတာ၊ က်ေနာ္တို႔က ဒုံရင္းကဒုံရင္းဘဲ”လို႔ ငေနာင္မုန္းေရနံေမွာ္က ကိုစိုးဝင္းကေျပာပါတယ္။

အခုလိုဖမ္းဆီးတာနဲ႔ပတ္သက္ၿပီး ေရနံမနယ္ေျမရဲစခန္းက (ပ)၁၂၇/၂၀၂၀ ေရနံႏွင့္ေရနံထြက္ပစၥည္းမ်ားဆိုင္ရာ ဥပေဒပုဒ္မ၃၇နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔သိရပါတယ္။

အဲ့ဒီေရနံမနယ္ေျမမွာ ၿပီးခဲ့တဲ့ ဇူလိုင္၁၁ေန႔မနက္ပိုင္းက ေရနံခ်က္ဖိုအပါအဝင္ ဆက္စပ္ပစၥည္းမ်ားနဲ႔ ဆိုင္ကယ္၃စီးတို႔ကို ဖမ္းဆီးရမိခဲ့တယ္လို႔လည္း သိရပါတယ္။

၂၀၂၀မတ္လ၆ရက္ေန႔ကလည္း မေကြးတိုင္းအစိုးရရဲ႕သယံဇာတဝန္ႀကီးကိုယ္တိုင္ ဦးေဆာင္ဖမ္းဆီးခဲ့ရာ အခုလို ပိုင္ရွင္မဲ့ေရနံခ်က္လုပ္တဲ့ ဆက္စပ္ပစၥည္းေတြကို ဖမ္းမိခဲ့ၿပီး ေဒသေရနံခ်က္လုပ္ခြင့္ကိုေတာ့ တိုင္းအစိုးရအေနနဲ႔ စီမံခ်က္ တစုံတရာထုတ္ျပန္ထားတာ မရွိေသးဘူးလို႔ သိရပါတယ္။

#voiceofmyanmar #VOM #မင္းလွ

Related posts

Leave a Comment

VOM News

FREE
VIEW