ဝက်အပြင်းဖျားရောဂါဖြစ်ပွားပြီးနောက်ပိုင်း ညောင်ရွှေမြို့မှာ ဝက်သားရောင်းချခွင့်ပိတ်

ဝက်အပြင်းဖျားရောဂါဖြစ်ပွားပြီးနောက်ပိုင်း ညောင်ရွှေမြို့မှာ ဝက်သားရောင်းချခွင့်ပိတ်

နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်၊ ကျိုင်းတုံ ၊ တာချီလိတ်အပါအဝင် မြို့နယ်အချို့မှာ ဝက်အပြင်းဖျားရောဂါ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ညောင်ရွှေမြို့မှာ ဝက်သားရောင်းချခွင့်ကို ပိတ်ပင်ထားတယ်လို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ပြောပါတယ်။

“ကျိုင်းတုန်နဲ့ တာချီလိတ်ဘက်ဆို ဝက်တောင် မကျန်သလောက်ပဲ။ တောင်ကြီးဘက်မှာ မရှိသေးပေမယ့် ညောင်ရွှေ၊ အင်းရွာ ဆယ့်လေးငါးရွာမှာတော့ ဝက်တွေ သေတာမနည်းဘူး။ လက်ရှိတော့ ဝက်သားရောင်းချခွင့်ပိတ်ပင်ထားတယ်”လို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အရင်နှစ် ဩဂုတ်လခန့်ကစတင်ကာ ရှမ်းပြည်နယ်မြို့ကြီးအချို့မှာ ဝက်တွေ ဖျားနာသေဆုံးမှု အများအပြား ဖြစ်ပါ်ခဲ့ခြင်းဖြစ်ပြီး အခုနှစ် ခြောက်လပိုင်းခန့် ကျိုင်းတုန်၊ တာချီလိတ်မြို့ နယ်များမှာ ဝက်တွေသေဆုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် အခြားမြို့နယ်တွေမှာ ကူးစက်ပျံ့နှံမှုတွေ ဖြစ်ပေါ်ခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။

ညောင်ရွှေမှာဖြစ်ခဲ့တဲ့ ဝက်ကောင်ရေ(၄၉၈)ကောင် သေဆုံးပြီး အာဖရိဝက်အပြင်းစားဖျားနာရောဂါနဲ့ မျိုးရိုးဗီဇတူညီတာ စတွေ့ချိန်က ဒေသတွင်း ဝက်သားရောင်းချခွင့်ကို ပိတ်ပင်ထားပါတယ်လို့ ‌ ညောင်ရွှေမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်မင်းထွန်းကပြောပါတယ်။

အခုလို ညောင်ရွှေမြို့နယ်အတွင်း ဝက်သားရောင်းချခွင့် ပိတ်ပင်တားမြစ်တဲ့ ညွန်ကြားလွှာအရ လာမယ့်ဩဂုတ်လကုန်ထိ အသက်ဝင်မှာဖြစ်ပြီး အခြားမြို့နယ်တွေက သယ်ဆောင်ခွင့်ကိုလည်း တားမြစ်ထားတယ်လို့ မွေးမြူရေးနှင့်ကုသရေးဌာနကနေ သိရပါတယ်။

ဇွန်လ၂၆ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပီကင်း‌ကောခူကျေးရွာ ဝက်မွေးမြူရေးခြံနှစ်ခြံမှာ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ဝက်ကောင်ရေ ၁၈၀ ကျော် သေဆုံးခဲ့ပြီးနောက် အဲ့ဒီဝက်ခြံ နှစ်ခြံကို ဝက်မွေးမြူခွင့်(၆)လပိတ်ပင်ခဲ့တာလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Photoo – AKH
#voiceofmyanmar #VOM #ညောင်ရွှေ

Zawgyi

ဝက္အျပင္းဖ်ားေရာဂါျဖစ္ပြားၿပီးေနာက္ပုိင္း ေညာင္ေ႐ႊၿမိဳ႕မွာ ဝက္သားေရာင္းခ်ခြင့္ပိတ္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၃-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရွမ္းျပည္နယ္၊ က်ိဳင္းတုံ ၊ တာခ်ီလိတ္အပါအဝင္ ၿမိဳ႕နယ္အခ်ိဳ႕မွာ ဝက္အျပင္းဖ်ားေရာဂါ ျဖစ္ေပၚခဲ့ၿပီး ေနာက္ပိုင္း ေညာင္ေ႐ႊၿမိဳ႕မွာ ဝက္သားေရာင္းခ်ခြင့္ကို ပိတ္ပင္ထားတယ္လို႔ ရွမ္းျပည္နယ္ စည္ပင္သာယာေရးအဖြဲ႕က ေျပာပါတယ္။

“က်ိဳင္းတုန္နဲ႔ တာခ်ီလိတ္ဘက္ဆို ဝက္ေတာင္ မက်န္သေလာက္ပဲ။ ေတာင္ႀကီးဘက္မွာ မရွိေသးေပမယ့္ ေညာင္ေ႐ႊ၊ အင္း႐ြာ ဆယ့္ေလးငါး႐ြာမွာေတာ့ ဝက္ေတြ ေသတာမနည္းဘူး။ လက္ရွိေတာ့ ဝက္သားေရာင္းခ်ခြင့္ပိတ္ပင္ထားတယ္”လုိ႔ ရွမ္းျပည္နယ္ စည္ပင္သာယာေရးအဖြဲ႕မွ တာဝန္ရိွသူတစ္ဦးက ေျပာပါတယ္။

အရင္ႏွစ္ ဩဂုတ္လခန႔္ကစတင္ကာ ရွမ္းျပည္နယ္ၿမိဳ႕ႀကီးအခ်ိဳ႕မွာ ဝက္ေတြ ဖ်ားနာေသဆုံးမႈ အမ်ားအျပား ျဖစ္ပၚခဲ့ျခင္းျဖစ္ၿပီး အခုႏွစ္ ေျခာက္လပိုင္းခန႔္ က်ိဳင္းတုန္၊ တာခ်ီလိတ္ၿမိဳ႕ နယ္မ်ားမွာ ဝက္ေတြေသဆုံးမႈျဖစ္ေပၚခဲ့ၿပီးေနာက္ အျခားၿမိဳ႕နယ္ေတြမွာ ကူးစက္ပ်ံ႕ႏွံမႈေတြ ျဖစ္ေပၚခဲ့တာလည္းျဖစ္တယ္လို႔ သိရပါတယ္။

ေညာင္ေ႐ႊမွာျဖစ္ခဲ့တဲ့ ဝက္ေကာင္ေရ(၄၉၈)ေကာင္ ေသဆုံးၿပီး အာဖရိဝက္အျပင္းစားဖ်ားနာေရာဂါနဲ႔ မ်ိဳး႐ိုးဗီဇတူညီတာ စေတြ႕ခ်ိန္က ေဒသတြင္း ဝက္သားေရာင္းခ်ခြင့္ကို ပိတ္ပင္ထားပါတယ္လို႔ ‌ ေညာင္ေ႐ႊၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ ေဒါက္တာေအာင္မင္းထြန္းကေျပာပါတယ္။

အခုလုိ ေညာင္ေ႐ႊၿမိဳ႕နယ္အတြင္း ဝက္သားေရာင္းခ်ခြင့္ ပိတ္ပင္တားျမစ္တဲ့ ၫြန္ၾကားလႊာအရ လာမယ့္ဩဂုတ္လကုန္ထိ အသက္ဝင္မွာျဖစ္ၿပီး အျခားၿမိဳ႕နယ္ေတြက သယ္ေဆာင္ခြင့္ကိုလည္း တားျမစ္ထားတယ္လို႔ ေမြးျမဴေရးႏွင့္ကုသေရးဌာနကေန သိရပါတယ္။

ဇြန္လ၂၆ ရက္ေန႔ကလည္း ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ပီကင္း‌ေကာခူေက်း႐ြာ ဝက္ေမြးျမဴေရးၿခံႏွစ္ၿခံမွာ အာဖရိက ဝက္အျပင္းဖ်ားေရာဂါေၾကာင့္ ဝက္ေကာင္ေရ ၁၈၀ ေက်ာ္ ေသဆုံးခဲ့ၿပီးေနာက္ အဲ့ဒီဝက္ၿခံ ႏွစ္ၿခံကို ဝက္ေမြးျမဴခြင့္(၆)လပိတ္ပင္ခဲ့တာလို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

Photoo – AKH
#voiceofmyanmar #VOM #ေညာင္ေရႊ

Related posts

Leave a Comment

VOM News

FREE
VIEW