စစ်ကိုင်းမြို့နယ်က NDFပါတီဥက္ကဌကို ပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံရ

စစ်ကိုင်းမြို့နယ်က NDFပါတီဥက္ကဌကို ပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံရ

စစ်ကိုင်း ဇူလိုင် ၁၅-၂၀၂၀
မောင်တာရာ(VOM)

စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ဥက္ကဌ ဦးဇော်နိုင်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကိုင်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းကပြောပါတယ်။

စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီဥက္ကဌ ဦးဇော်နိုင်ဦးက ”စစ်ကိုင်းကို ကယ်ပါ ” ခေါင်းစဉ်နဲ့ စာသားများရေးသားကာ ဒီနှစ် ဧပြီလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို လိပ်မူပေးပို့ပြီး ဌာနဆိုင်ရာတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီကို မိတ္တူပေးပို့ဖြန့်ဝေပေးခဲ့ပါတယ်။

အဲ့ဒီလို ရေးသားထားတဲ့စာထဲမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အပေါ် အကြည်ညိုပျက်စေတဲ့ အရေးအသားတွေ ပါဝင်နေတယ်လို့ဆိုကာ ရာဇကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲရခြင်းဖြစ်ပါတယ်။

” ‘စစ်ကိုင်းကို ကယ်ပါ’ဆိုတဲ့ အကြောင်းအရာမှာ အခကြေးငွေ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆိုပြီးတော့ အနှောင့်အသွား မလွတ်ဘူးပေါ့ ၊ တာဝန်မကျေရင် သီလပျက်မယ် စတဲ့ အမျိုးအစုံ စကားလုံးတွေကပါနေတော့ သူ့စာကို သူကိုယ်တိုင်လည်း လက်မှတ်ထိုးပြီးတော့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေပါ အကုန်ဖြန့်ပို့တာ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေထံ ဒီစာ အထောက်အထားတွေ အကုန်ရောက်တယ်၊ အဲ့ဒါကြောင့် ပထမဦးစွာ တိုင်းအစိုးရကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စစ်တော့ ကျွန်တော်က အဖွဲ့ဝင်ပါပါတယ်၊ ဦးဇော်နိုင်ဦးအပေါ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ခဲ့ပါတယ်၊ စစ်ဆေးပြီးတော့ အထက်ဌာနအဆင့်ဆင့်တွေကို ပြန်တင်ပြတယ် တိုင်းအစိုးရရဲ့ ညွှန်ကြားချက်အရ ဦးဇော်နိုင်ဦးကို ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုသွားဖို့ ညွှန်ကြားချက်အရ ကျွန်တော်က ကိုယ်စားတရားစွဲဆိုရခြင်းဖြစ်ပါတယ် “လို့ ဦးချန်မျိုးထွန်းကပြောပါတယ်။

စစ်ကိုင်းမြို့နယ်(NDF)ပါတီ ဦးဇော်နိုင်ဦးကို ရာဇကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူပေးဖို့ စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းက အခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ စစ်ကိုင်းမြို့နယ် တရားရုံးကို ဦးတိုက်လျောက်ထာခဲ့ရာ မနေ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ ဦးဇော်နိုင်ဦးကို ရုံးထုတ်ခဲ့ပြီး အမှုကို ဇူလိုင်လ ၂၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးဇော်နိုင်ဦးကို ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Zawgyi

စစ္ကုိင္းၿမဳိ႕နယ္က NDFပါတီဥကၠဌကို ပုဒ္မ-၅၀၅(ခ)ၿဖင့္ တရားစြဲဆုိခံရ

စစ္ကုိင္း ဇူလုိင္ ၁၅-၂၀၂၀
ေမာင္တာရာ(VOM)

စစ္ကုိင္းၿမဳိ႕နယ္ အမ်ိဳးသားဒီမုိကေရစီအင္အားစု(NDF)ပါတီ ဥကၠဌ ဦးေဇာ္ႏုိင္ဦးကို ႏုိင္ငံေတာ္အႀကည္ညဳိပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ) နဲ႔ စစ္ကုိင္းၿမဳိ႕နယ္တရားရုံးမွာ တရားစြဲဆုိထားတယ္လုိ႔ စစ္ကုိင္းၿမဳိ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုတိယၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်န္မ်ိဳးထြန္းကေၿပာပါတယ္။

စစ္ကုိင္းၿမဳိ႕နယ္ အမ်ိဳးသားဒီမုိကေရစီအင္အားစု(NDF)ပါတီဥကၠဌ ဦးေဇာ္ႏုိင္ဦးက ”စစ္ကုိင္းကုိ ကယ္ပါ ” ေခါင္းစဥ္နဲ႔ စာသားမ်ားေရးသားကာ ဒီႏွစ္ ဧျပီလ ၁၅ ရက္ေန႔က စစ္ကုိင္းတုိင္းဝန္ႀကီးခ်ဳပ္ကို လိပ္မူေပးပုိ႔ၿပီး ဌာနဆုိင္ရာေတြ၊ ရပ္ေက်းအုပ္ခ်ုပ္ေရးမွဴးေတြဆီကုိ မိတၲဴေပးပုိ႔ၿဖန္႕ေဝေပးခဲ့ပါတယ္။

အဲ့ဒီလို ေရးသားထားတဲ့စာထဲမွာ တုိင္းေဒသႀကီးအစုိးရအဖြဲ႕အေပၚ အႀကည္ညိဳပ်က္ေစတဲ့ အေရးအသားေတြ ပါဝင္ေနတယ္လို႔ဆုိကာ ရာဇႀကီးဥပေဒပုဒ္မ ၅၀၅ (ခ) နဲ႕ တရားစြဲရၿခင္းၿဖစ္ပါတယ္။

” ‘စစ္ကုိင္းကုိ ကယ္ပါ’ဆုိတဲ့ အေႀကာင္းအရာမွာ အခေႀကးေငြ ရသည္ၿဖစ္ေစ၊ မရသည္ၿဖစ္ေစ ဆုိျပီးေတာ့ အေႏွာင့္အသြား မလြတ္ဘူးေပါ့ ၊ တာဝန္မေက်ရင္ သီလပ်က္မယ္ စတဲ့ အမ်ိဳးအစုံ စကားလုံးေတြကပါေနေတာ့ သူ႔စာကုိ သူကုိယ္တုိင္လည္း လက္မွတ္ထုိးျပီးေတာ့ ရပ္/ေက်းအုပ္ခ်ုပ္ေရးမွဴးေတြပါ အကုန္ၿဖန္႔ပုိ႔တာ၊ ရပ္/ေက်း အုပ္ခ်ုပ္ေရးမွဴးေတြထံ ဒီစာ အေထာက္အထားေတြ အကုန္ေရာက္တယ္၊ အဲ့ဒါေႀကာင့္ ပထမဦးစြာ တုိင္းအစုိးရကေန စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႔စစ္ေတာ့ ကြ်န္ေတာ္က အဖြဲ႕ဝင္ပါပါတယ္၊ ဦးေဇာ္ႏုိင္ဦးအေပၚကုိ စုံစမ္းစစ္ေဆးေရးအဖြဲ႕က စစ္ခဲ့ပါတယ္၊ စစ္ေဆးျပီးေတာ့ အထက္ဌာနအဆင့္ဆင့္ေတြကုိ ျပန္တင္ျပတယ္ တုိင္းအစုိးရရဲ႕ ညႊန္ႀကားခ်က္အရ ဦးေဇာ္ႏုိင္ဦးကုိ ပုဒ္မ ၅၀၅ (ခ)နဲ႕ တရားစြဲဆုိသြားဖုိ႔ ညႊန္ႀကားခ်က္အရ ကြ်န္ေတာ္က ကုိယ္စားတရားစြဲဆုိရၿခင္းျဖစ္ပါတယ္ “လို႔ ဦးခ်န္မ်ိဳးထြန္းကေျပာပါတယ္။

စစ္ကုိင္းၿမဳိ႕နယ္(NDF)ပါတီ ဦးေဇာ္ႏုိင္ဦးကုိ ရာဇႀကီးဥပေဒပုဒ္မ ၅၀၅(ခ)ၿဖင့္ အေရးယူေပးဖုိ႔ စစ္ကုိင္းၿမဳိ႕နယ္ အေထြေထြအုပ္ခ်ုပ္ေရးဦးစီးဌာန၊ဒုၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်န္မ်ိဳးထြန္းက အခုႏွစ္ ဇြန္လ ၃၀ ရက္ေန႔မွာ စစ္ကုိင္းၿမဳိ႕နယ္ တရားရုံးကို ဦးတုိက္ေလ်ာက္ထာခဲ့ရာ မေန႔ ဇူလုိင္လ ၁၄ ရက္ေန႔မွာ ဦးေဇာ္ႏုိင္ဦးကုိ ရုံးထုတ္ခဲ့ျပီး အမႈကုိ ဇူလုိင္လ ၂၄ ရက္ေန႔ကို ျပန္လည္ခ်ိန္းဆုိခဲ့ပါတယ္။

လက္ရွိမွာေတာ့ စစ္ကုိင္းၿမဳိ႕နယ္ အမ်ိဳးသားဒီမုိကေရစီအင္အားစုပါတီဥကၠဌ ဦးေဇာ္ႏုိင္ဦးကုိ ရဲတပ္ဖြဲ႕ကေန ဖမ္းဆီးထိန္းသိမ္းထားတာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW