စစ်ကိုင်းမြို့နယ်က NDFပါတီဥက္ကဌကို ပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံရ

စစ်ကိုင်းမြို့နယ်က NDFပါတီဥက္ကဌကို ပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံရ စစ်ကိုင်း ဇူလိုင် ၁၅-၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ဥက္ကဌ ဦးဇော်နိုင်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကိုင်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းကပြောပါတယ်။ စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီဥက္ကဌ ဦးဇော်နိုင်ဦးက ”စစ်ကိုင်းကို ကယ်ပါ ” ခေါင်းစဉ်နဲ့ စာသားများရေးသားကာ ဒီနှစ် ဧပြီလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို လိပ်မူပေးပို့ပြီး ဌာနဆိုင်ရာတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီကို မိတ္တူပေးပို့ဖြန့်ဝေပေးခဲ့ပါတယ်။ အဲ့ဒီလို ရေးသားထားတဲ့စာထဲမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အပေါ် အကြည်ညိုပျက်စေတဲ့ အရေးအသားတွေ ပါဝင်နေတယ်လို့ဆိုကာ ရာဇကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲရခြင်းဖြစ်ပါတယ်။ ” ‘စစ်ကိုင်းကို ကယ်ပါ’ဆိုတဲ့ အကြောင်းအရာမှာ အခကြေးငွေ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆိုပြီးတော့ အနှောင့်အသွား…

Read More

ဘိုကလေးမြို့နယ်အတွင်းမှာ ဆရာ၊ဆရာမ တစ်ဦးမှမရှိတဲ့ မူလတန်းကျောင်းတွေရှိလာ

ဘိုကလေးမြို့နယ်အတွင်းမှာ ဆရာ၊ဆရာမ တစ်ဦးမှမရှိတဲ့ မူလတန်းကျောင်းတွေရှိလာ ရန်ကုန်၊ ဇူလိုင် ၁၅-၂၀၂၀ စွဲ့ဝတီ(VOM) ဘိုကလေးမြို့နယ်အတွင်းမှာ ရာထူးပြောင်း/ရာထူးတိုး/အပြောင်း/အသစ်ခန့် Order တွေ ထွက်ပြီးတဲ့နောက်မှာ ဆရာတစ်ဦးမှ မကျန်ရှိတော့တဲ့ မူလတန်းကျောင်းတွေ ရှိလာတယ်လို့ အဲ့ဒီဒေသက ဆရာ၊ဆရာမတွေကပြောပါတယ်။ “ဆရာတွေမရှိတော့တာက ကျေးရွာအနေနဲ့ကတော့ အကုန်ကောင်းပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ ပြီးတော့ ကျေးရွာက ပညာတတ်မထွက်တော့ ဆရာ၊ဆရာမလုပ်မယ့်သူ မရှိတာပေါ့။ ကျွန်တော်ဆိုရင် မနှစ်ကမှ ပြန်ပြောင်းလာတာ အကုန်လုံးအဆင်ပြေတယ်။ သွားရေးလာရေး ခက်ခဲတယ်။ အဲ့မှာ ကျွန်တော် သုံးနှစ်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တာဝန်ကျစဉ်တုန်းက နှစ်ယောက်ရှိတာပေါ့။ ကျွန်တော်ပြောင်းသွားတော့ အဲ့မှာ ဆရာမတစ်ယောက်ကျန်ခဲ့တယ်။ အဲ့ဆရာမက ဒီနှစ်ပြောင်းရွေ့ပါသွားတော့ အသစ်ခန့်ထားတာ ပြန်မကျဘူးနဲ့ တူပါတယ်။ ပြောင်းရွေ့တွေကလည်း တင်ပြီးတော့ လျှောက်တာမရှိတော့။ ဝန်ထမ်းအင်အားက လုံးဝမရှိဖြစ်သွားတာပေါ့”လို့ ဆရာတစ်ဦးမှမရှိတော့တဲ့ ဘိုကလေးမြို့နယ် ကျွန်းသာယာအုပ်စု၊ မူ/လွန် ကြက်ပြေးကျောင်းမှာ သုံးနှစ်တာ…

Read More

တရုတ်နိုင်ငံမှာ လူဦးရေ(၃၈)သန်းနီးပါး ရေဘေးသင့်နေ

တရုတ်နိုင်ငံမှာ လူဦးရေ(၃၈)သန်းနီးပါး ရေဘေးသင့်နေ ပေကျင်း၊ ဇူလိုင်-၁၄-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ယန်ဇီမြစ်တစ်လျှောက် ရေကြီးရေလျှံဖြစ်ပွားမှု တွေဖြစ်ပွားတာကြောင့် လူ(၁၄၁)ဦးသေဆုံး သို့မဟုတ် ပျောက်ဆုံးနေပြီး လူ ၃၈ သန်းနီးပါး ရေဘေးသင့်နေတယ်ပါတယ်။ ပြီးခဲ့တဲ့လကစတင်ခဲ့တဲ့ ဆိုးရွားတဲ့ရာသီဥတုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အဓိကအားဖြင့် ဟူဘေးပြည်နယ်နဲ့ ကျန်ဇီပြည်နယ်တို့မှာ အများဆုံးထိခိုက်မှုဖြစ်နေပါတယ်။ ရေဘေးကြောင့် လူပေါင်း ၂ ဒသမ ၂ သန်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး နေအိမ်နဲ့ အဆောက်အဦ ၂၈၀၀၀ ပျက်စီးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။ ယန်ဇီမြစ်တစ်လျှောက်ရှိ မြစ်လယ်ပိုင်းနဲ့ မြစ်အောက်ပိုင်းပိုင်းရှိ ဆည်တွေနဲ့ရေကန်တွေမှာလည်း ရေပမာဏမြင့်တက်နေနေပြီး အခြေအနေကို စောင့်ကြည့်ကာကွယ်ဖို့ စစ်တပ်ကို ဖြန့်ကြက်ထား ရတယ်လို့ သိရပါတယ်။ ရေဘေးသင့်အခြေအနေကို စောင့်ကြည့်လေ့လာရေးနဲ့ ကယ်ဆယ်ရေးအားထုတ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ ဒေသခံအာဏာပိုင်တွေကို သမ္မတရှီကျင်းပင်က ဇူလိုင်…

Read More

(၁၆)နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းတဲ့ တရုတ်နိုင်ငံသားကို ဖမ်းဆီး

(၁၆)နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းတဲ့ တရုတ်နိုင်ငံသားကို ဖမ်းဆီး နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အနီးက ကာစီနိုအလုပ်ရုံတစ်ခုမှာ ဇွန်လ၂၈ ရက်နေ့က အလုပ်လာလျှောက်တဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းနေသူ တရုတ်နိုင်ငံသားကို ပုဒ်မ နှစ်ခုနှင့် ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ မြဝတီမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်‌ကျော်ဦးကပြောပြပါတယ်။ “တရုတ်နိုင်ငံသားက ပတ်စ်ပို့တော့ ပျောက်နေတယ်လို့သိရတယ်။ တရားဝင်လာတာဖြစ်ပေမယ့် သူပေါင်းသင်းမိတာက အသက်မပြည့်တော့ မိခင်ကအမှုဖွင့်တာပါ”လို့ ဒုရဲမှူး အောင်‌ကျော်ဦးကပြောပြပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၃ရပ်ကွက်မှာနေတဲ့ အသက် ၁၆ နှစ်အရွယ်မိန်းကလေးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်ည‌နေပိုင်းက မြဝတီ-မဲ့ထော်သလေးကားလမ်းရှိ အမှတ်(၁)ကာစီနိုရုံမှာ အလုပ်သွားလျှောက်ခဲ့ရာ အဲ့ဒီကာစီနိုရုံက တရုတ်နိုင်ငံသား Mr Luo Xiaogaung(၃၃ နှစ်)ဆိုသူက ထိမ်းမြားလက်ထပ်မယ်လို့ပြောပြီး မြဝတီမြို့ထဲရှိ ဟိုတယ်တစ်ခုကိုခေါ်ဆောင်လာတာဖြစ်ပါတယ်။…

Read More

တရုတ်နဲ့တင်းမာနေစဉ် အကြီးစားစစ်ရေးလေ့ကျင့်မှု ထိုင်ဝမ်ပြုလုပ်

တရုတ်နဲ့တင်းမာနေစဉ် အကြီးစားစစ်ရေးလေ့ကျင့်မှု ထိုင်ဝမ်ပြုလုပ် တိုင်ပေ၊ ဇူလိုင်-၁၄-၂၀၂၀ မျိုးဆက် (VOM) ထိုင်ဝမ်ကျွန်းပတ်ဝန်းကျင်မှာ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာပြီး တင်းမာမှုတွေရှိနေစဉ်မှာပဲ ထိုင်ဝမ်စစ်ဘက်ဟာ အကြီးစားစစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၁၃ ရက်မှာ စတင်လိုက်ပါတယ်။ တရုတ်ရဲ့ စစ်ရေးကျူးကျော်မှုကို တုံ့ပြန်တဲ့ပုံစံမျိုးအခြေခံထားတဲ့ အဲ့ဒီစစ်ရေးလေ့ကျင့်မှုမှာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်တွေပါဝင်ပြီး ငါးရက်ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုပထမနေ့မှာ ဂျက်တိုက်လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေကို ဖြန့်ကြက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ဇီဝလက်နက်နဲ့ တိုက်ခိုက်နိုင်ခြေတွေနဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးလေ့ကျင့်ခန်းတွေကိုလည်း ဆေးဘက်ဆိုင်ရာအဖွဲ့တွေက လုပ်ဆောင်ခဲ့ကြပါတယ်။ သမ္မတဆိုင်အင်းဝမ်ဟာ တိုင်ခွျှန်အလယ်ပိုင်းမှာပြုလုပ်မယ့်် လက်တွေ့ပစ်ခတ်မှုလေ့ကျင့်ခန်းကို ဇူလိုင် ၁၆ ရက်မှာ ကြည့်ရှုညွှန်ကြားဖွယ်ရှိနေပါတယ်။ တရုတ်တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်အနောက်တောင်ဘက် လေကြောင်းကာကွယ်ရေးဇုန်အတွင်းကို လွန်ခဲ့တဲ့လက လေးရက်ဆက်တိုက် ခေတ္တဝင်ရောက်ပျံသန်းခဲ့ကြဖူးပါတယ်။ Ref : NHK Photo: Taiwan military #voiceofmyanmar #VOM #တိုင်ပေ…

Read More

မင်းဘူးမြို့မှာ GTI ကျောင်းဖွင့်ပေးဖို့ စီစဉ်နေ

မင်းဘူးမြို့မှာ GTI ကျောင်းဖွင့်ပေးဖို့ စီစဉ်နေ နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀ စွမ်းရဲထွဋ် (VOM) မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာမှာ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ဖိ့ုစီမံနေတယ်လို့ ပညာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဒီကနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ မင်းဘူးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက မင်းဘူး (စကု)မြို့နယ်က သင့်လျော်တဲ့မြေနေရာမှာ အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်း ဖွင့်ပေးဖို့ အစီအစဉ်ရှိ၊မရှိ မေးမြန်းခဲ့ပါတယ်။ နည်းပညာ၊ သက်မွေးပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ ကျောင်းသစ်တွေကိုဖွင့်လှစ်တဲ့နေရာမှာ ပထမဦးစွာ ခရိုင်မြို့ကြီးတွေမှာ ဦးစားပေးစတင်ဆောင်ရွက်သွားဖို့ မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိတာကြောင့် ခရိုင်မြို့ကြီးတစ်ခုဖြစ်တဲ့ မင်းဘူးမြို့နယ်မှာ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း တစ်ကျောင်းဖွင့်လှစ်ဖို့ လျာထားပြီးဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ရှင်းလင်းခဲ့ပါတယ်။ “မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတွင် မြေဧရိယာ ၁၅.၀၉ ဧကအား မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိရန်အတွက် မြေလွတ်၊ မြေလပ်နှင့်…

Read More

ကျောက်စိမ်း ဝိညာဉ်

ကျောက်စိမ်း ဝိညာဉ် Voice Of Myanmar ဇော်မိုးထက် ၊ ရန်အောင်ထွန်း မိုးတွင်းရောက်တဲ့အခါ ဖားကန့်မှာ မြေပြို လူသေတဲ့သတင်းက အမြဲကြားနေရတာပါ အခုလည်း ဇူလိုင် ၂ ရက် မနက်ပိုင်းက ဝှေခါကျေးရွာအနီးမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက် မြေသားနံရံပြိုကျပြီး သေဆုံးသူ ရုပ်အလောင်း ၁၇၂ လောင်း ဆယ်ယူရရှိခဲ့ပါတယ်။ ဒေသခံတွေကတော့ ၃၀၀ ထက်နည်းမှာမဟုတ်ဘူးလို့ သုံးသပ်ပြောဆိုနေကြပါတယ်။ “ ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကို ဝှေခါသုဿန်မှာပဲ ဇူလိုင် ၃ ရက်နေ့က ၇၇ လောင်း၊ ၄ ရက်နေ့မှာ ၃၂ လောင်း စုစုပေါင်း ၁၀၉ လောင်း မြေမြှုပ်သင်္ဂြိုလ်ခဲ့ပါတယ်။ မီးသင်္ဂြိုလ်တာက ၉ လောင်းပါ။ မိသားစုဝင်တွေက သူ့တို့အစီအစဉ်နဲ့သူတို့ အပြင်မှာ သယ်ယူသင်္ဂြိုလ်တာ ၅၄ လောင်းရှိပြီး ပိုင်ရှင်မပေါ်ဘူးလို့ ယူဆလို့ရတာက ၅ လောင်းပဲရှိတယ်”လို့…

Read More

တောင်ကြီးမြို့မှာ ရဲစခန်းအချုပ်ကျနေတဲ့ အချုပ်သား ၂ ဦး ထွက်ပြေး

တောင်ကြီးမြို့မှာ ရဲစခန်းအချုပ်ကျနေတဲ့ အချုပ်သား ၂ ဦး ထွက်ပြေး နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ အမှတ်၂ နယ်မြေရဲစခန်းကနေ အချုပ်သားနှစ်ဦး ထွက်ပြေးလွတ်မြောက်မှု မနေ့ဇူလိုင်လ ၁၃ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။ “ထောင်နှစ်ကြီးသမားတွေဖြစ်ပြီး မူးယစ်မှုနဲ့ ထပ်မံတရားရင်ဆိုင်‌နေသူနှစ်ဦးပါ။ ကနေ့ မနက်အထိ ပြန်လည်ဖမ်းဆီးရမိတာ မရှိသေးဘူး။ ပိတ်ဆို့ ရှာဖွေစစ်ဆေး စုံစမ်းနေပါတယ်”လို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။ ထွက်ပြေးလွတ်‌မြောက်နေသူ နှစ်ဦးထဲက အောင်ဇော်ဦး(၃၄ နှစ်)ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံနေသူဖြစ်ပြီး နောက်တစ်ဦးမှာ ဇော်မိုးဌေး(၃၅ နှစ်)ဖြစ်ပြီး ထောင်ဒဏ် ၁၃ နှစ်ကျခံနေသူဖြစ်တယ်လို့ သိရကာ မူးယစ်မှုတစ်ခုအတွက် ထပ်မံတရားရင်ဆိုင်ဖို့ အမှတ်၂ နယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားစဉ်ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ ထွက်ပြေးသွားတဲ့ အချုပ်သားနှစ်ဦးဟာ တောင်ကြီးမြို့၊ အမှတ်၂…

Read More

မန္တလေးမြို့မှာ NLDအစိုးရ အလိုမရှိ စာသားပါတဲ့ စာရွက်တွေကို လိုက်လံဖြန့်ကြဲထား

မန္တလေးမြို့မှာ NLDအစိုးရ အလိုမရှိ စာသားပါတဲ့ စာရွက်တွေကို လိုက်လံဖြန့်ကြဲထား မန္တလေး၊ ဇူလိုင် ၁၄-၂၀၂၀ ဟိန်းကို(VOM) မန္တလေးမြို့မှာ NLD အစိုးရအလိုမရှိ စာသားတွေပါဝင်တဲ့ စာရွက်တွေကို မနေ့ဇူလိုင် (၁၃)ရက်ညပိုင်းက လူစည်းကားတဲ့မီးပွိုင့်ထောင့်တွေမှာ လာရောက်ဖြန့်ကြဲထားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီစာရွက်တွေကို မျက်မြင်တွေ့ရှိခဲ့တဲ့ ကိုမိုးမင်းအောင်ကVOM ကို အတည်ပြုပြောပါတယ်။ “မနေ့ည ၁၂ နာရီထိုးခါနီးမို့ နန်းရှေ့ကနေ ဆိုင်ကယ်ကိုသုတ်ချေတင်ပြီး မောင်းလာတာ၊၂၆ လမ်း ၆၂ လမ်း ထောင့်(လူစည်ကားတဲ့မီးပွင့်)မှာ စာရွက်အပုံတွေတွေ့တယ်၊ ဂရုမစိုက်ဘူး ကုမ္ပဏီတစ်ခုခုရဲ့ ကြော်ငြာတွေပဲလို့ထင်တာ၊ နောက်ထပ် မီးပွင့်တစ်ခု လမ်း၃၀နဲ့ ၆၂လမ်းမှာလည်း အလားတူ စာရွာရွက်ပုံတွေတွေ့တော့ ဆိုင်ကယ်ရပ်ပြီး ဆင်းကြည့်ဖြစ်တယ်၊ ပုံမှာပါတဲ့အတိုင်း ပါတီနိုင်ငံရေးအတွက် လှုပ်ရှားတယ်ဆိုတာသိလိုက်ရတယ်၊ အဲ့စာရွက်ကိုတွေ့တော့ စိတ်ပူသွားတယ်၊ ကျနော်တို့တွေက ဘယ်ပါတီကိုမှ မဝင်ထားသလို ဘယ်ပါတီကိုမှ ထောက်ခံ အားပေးနေတဲ့သူတွေမဟုတ်ဘူး၊ လူအဖွဲ့အစည်းအတွင်းမှာ အခုဒီလို…

Read More

အင်းတော်မြို့နယ်မှာ နွားလှန်သွားတဲ့ညီအမနှစ်ဦး တောထဲမှာဓါးနဲ့ထိုးခံရပြီး သေဆုံးနေတာကိုတွေ့

အင်းတော်မြို့နယ်မှာ နွားလှန်သွားတဲ့ညီအမနှစ်ဦး တောထဲမှာဓါးနဲ့ထိုးခံရပြီး သေဆုံးနေတာကိုတွေ့ ကလေး၊ ဇူလိုင် ၁၄-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာမှာနေထိုင်တဲ့ အသက် (၁၆)နှစ် အရွယ် နဲ့ အသက်(၁၄)နှစ်အရွယ် ညီအမ နှစ်ဦး တောထဲကိုနွားလှန်သွားစဉ် ဓါးနဲ့ထိုးခံရပြီး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ နတ်မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပေါ်ထွန်းကပြောပါတယ်။ “ကလေးမလေးတွေက နွားလှန်သွားကြရင်း အပြန်မှာ ဖြစ်တယ်နဲ့တူတယ်။ အခု သူတို့ကို ဆေးရုံမှာ ထားတုန်းဗျ။ ရန်ငြိုးရန်စလည်း မရှိကြဘူး။ ရင်ခွဲစစ်ဆေးတာကို ဒီနေ့တော့ လုပ်မယ်ကြားတယ်”လို့ အုပ်ချုပ်ရေးမှူး ဦးပေါ်ထွန်းကပြောပါတယ်။ မနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နေ့လယ် ၁၂နာရီအချိန်က အဲ့ဒီ ညီအမ နှစ်ဦးဟာ တောထဲကို နွားလှန်သွားဖို့ဆိုပြီး နေအိမ်ကနေ ထွက်သွားခဲ့တဲ့နောက်ပိုင်း တစ်ရွာတည်းနေတဲ့အမျိုးသားတစ်ဦးက တောထဲကို ယာခင်းလုပ်ဖို့ သွားရောက်ချိန် ကျေးရွာကနေ မြောက်ဖက်…

Read More
VOM News

FREE
VIEW