ကျောက်စိမ်း ဝိညာဉ်

ကျောက်စိမ်း ဝိညာဉ်

Voice Of Myanmar
ဇော်မိုးထက် ၊ ရန်အောင်ထွန်း

မိုးတွင်းရောက်တဲ့အခါ ဖားကန့်မှာ မြေပြို လူသေတဲ့သတင်းက အမြဲကြားနေရတာပါ အခုလည်း ဇူလိုင် ၂ ရက် မနက်ပိုင်းက ဝှေခါကျေးရွာအနီးမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက် မြေသားနံရံပြိုကျပြီး သေဆုံးသူ ရုပ်အလောင်း ၁၇၂ လောင်း ဆယ်ယူရရှိခဲ့ပါတယ်။ ဒေသခံတွေကတော့ ၃၀၀ ထက်နည်းမှာမဟုတ်ဘူးလို့ သုံးသပ်ပြောဆိုနေကြပါတယ်။

“ ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကို ဝှေခါသုဿန်မှာပဲ ဇူလိုင် ၃ ရက်နေ့က ၇၇ လောင်း၊ ၄ ရက်နေ့မှာ ၃၂ လောင်း စုစုပေါင်း ၁၀၉ လောင်း မြေမြှုပ်သင်္ဂြိုလ်ခဲ့ပါတယ်။ မီးသင်္ဂြိုလ်တာက ၉ လောင်းပါ။ မိသားစုဝင်တွေက သူ့တို့အစီအစဉ်နဲ့သူတို့ အပြင်မှာ သယ်ယူသင်္ဂြိုလ်တာ ၅၄ လောင်းရှိပြီး ပိုင်ရှင်မပေါ်ဘူးလို့ ယူဆလို့ရတာက ၅ လောင်းပဲရှိတယ်”လို့ မှော်ဂလုံကျေးရွာ ဥက္ကဋ္ဌက ပြောပါတယ်။

ဒီဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဇူလိုင် ၇ ရက်နေ့မှာ ဝှေခါကျေးရွာအထိ စစ်ဆေးဖို့ ရောက်လာခဲ့ပါတယ်။

သက်ဆိုင်ရာ ကျောက်စိမ်းတူးဖော်ရေး ဌာန တာဝန်ရှိသူက ရှင်းပြရာမှာတော့ ဒီနေရာမှာ ဇွန်လ ၂၀ ရက်နေ့ ကတည်းက တူးဖော်ရေး ကုမ္ပဏီတွေကို မြေပြိုနိုင်လို့ လုပ်ငန်းတွေ နားခိုင်းထားပြီး သတိပေးဆိုင်းဘုတ် စိုက်ထူခဲ့တာ၊ ရေမဆေးကျောက်ရှာတာနဲ့ တနိုင်တပိုင်ကျောက် တူးတာတွေ မလုပ်ဖို့ သတိပေးတားမြစ်ထားပါတယ်လို့ တင်ပြခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးကလည်း မြေပြိုမှု ဖြစ်ခဲ့တဲ့ နေရာမှာ တားမြစ်ချက်တွေပါလျှက်နဲ့ ဝင်ရောက်တူးဖော် ကြရာက လူသေတဲ့အထိ ဖြစ်ခဲ့တာလို့ ပြောခဲ့ပါတယ်။

မြေပြိုမှုနဲ့ ဆက်စပ်ပြီး သေဆုံးသွားသူတွေကို ထောက်ပံ့ကြေးပေးအပ်ဖို့ အလှူခံရရှိတာကတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ ကြည်း၊ရေ၊လေ မိသားစု၊ ကုမ္ပဏီများအဖွဲ့နဲ့ တခြား အလှူရှင်တွေကနေ လှူဒါန်းခဲ့တဲ့ စာရင်းအရ ဇူလိုင် ၈ ရက်နေ့အထိ သိန်းပေါင်း ၆၀၀၀ ကျော်ရရှိထားပြီးပြီလို့ သိရပါတယ်။

အဲ့ဒီအလှူငွေကို သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုဆီ တိတိကျကျ ရောက်ဖို့ကလည်း အိမ်ထောင်စုမရှိ၊ မှတ်ပုံတင်မရှိဘဲ နေထိုင်လုပ်ကိုင်နေကြတာ၊ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မရတာမျိုး အခက်အခဲတွေ ရှိနေပါတယ်။

ထောက်ပံ့ကြေးလာထုတ်တဲ့ မိသာစုဝင်တွေဟာ အစက သေဆုံးသူတွေရဲ့ အမည်စာရင်းလာပေးသူ ၊ အိမ်ထောင်စုဇယား မှတ်ပုံတင်ပါမှ ဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ မှော်ဂလုံဥက္ကဋ္ဌကပြောပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ကတော့ မြို့နယ်တိုင်းမှာ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဆိုတာ ဖွဲ့ထားပြီးသားဖြစ်လို့ ပေါင်းစပ်ပြီးဒေသခံတွေ လုံခြုံရေးအတွက် ဆောင်ရွက်ဖို့ မှာကြားတာတွေ့ရပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဘက်ကလည်း အန္တရာယ်ရှိတဲ့နေရာကို ခြံခတ်ပေးဖို့ ရဲ၊ စစ်တပ်အကူအညီနဲ့ လုံခြုံရေး ချထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဖားကန့်မြို့နယ် ထွေအုပ်ကလည်း ဒီကိစ္စကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“အန္တရာယ်ရှိနိုင်တဲ့ လုပ်ကွက်တွေနဲ့ ပတ်သက်ပြီး တားဆီးနိုင်ဖို့အတွက် အရပ်ဘက် အုပ်ချုပ်ရေးမှူးတွေ၊ ရဲ ၊ စစ်တပ်၊ ကျောက်စိမ်းရုံးကတာဝန်ရှိသူတွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်သင့်တဲ့အပြင် ရေမဆေးလုပ်သားတွေကို ထိန်းချုပ်ထားတဲ့ လောပန်းတွေပါ ပူးပေါင်းလုပ်ကိုင်ရမှာဖြစ်တယ်”လို့ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦကျော်သူရက ပြောပါတယ်။

ဝှေခါလူမှုကူညီရေးအသင်း ဥက္ကဋ္ဌဟောင်းရဲ့ ပြောပြချက်အရ အခု မြေပြိုကျခဲ့တဲ့ ဝှေခါကျောက်စိမ်း လုပ်ကွက်မှာ လူအသေအပျောက်များတဲ့ မြေပြိုကျမှု ၃ ကြိမ်ရှိခဲ့ပြီး အဲ့ဒီမြေပြိုမှုတွေကတော့ ၂၀၁၃ ခုနှစ်မှာ သေဆုံးသူ ၁၃ လောင်း၊ ၂၀၁၅ ခုနှစ်မှာ ၂၁ လောင်းနဲ့ အခု ၂၀၂၀ မှာ ၁၇၂ လောင်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဝှေခါ မော်သစ်ကုန်း ရပ်ကွက် ၂ အပါအဝင် နောက်ထပ်ပြိုကျနိုင်တဲ့ နေရာ ၂ နေရာရှိပြီး လူနေအိမ်တွေကို ရွှေ့ပြောင်းဖို့ ဆောင်ရွက်နေကြပါတယ်။ ဖားကန့်မြို့နယ် လဝက ရဲ့ တရားဝင်အိမ်ထောင်စုစာရင်းအရ လူဦးရေ ၉၀၀၀၀ ကျော်ရှိပြီး ယာယီအိမ်ထောင်စုစာရင်း ထုတ်ပေးထားတာက တစ်သိန်း သုံးသောင်းကျော်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Zawgyi

ေက်ာက္စိမ္း ဝိညာဥ္

Voice Of Myanmar
ေဇာ္မိုးထက္ ၊ ရန္ေအာင္ထြန္း

မိုးတြင္းေရာက္တဲ့အခါ ဖားကန႔္မွာ ေျမၿပိဳ လူေသတဲ့သတင္းက အၿမဲၾကားေနရတာပါ အခုလည္း ဇူလိုင္ ၂ ရက္ မနက္ပုိင္းက ေဝွခါေက်း႐ြာအနီးမွာရွိတဲ့ ေက်ာက္စိမ္းလုပ္ကြက္ ေျမသားနံရံၿပိဳက်ၿပီး ေသဆုံးသူ ႐ုပ္အေလာင္း ၁၇၂ ေလာင္း ဆယ္ယူရရွိခဲ့ပါတယ္။ ေဒသခံေတြကေတာ့ ၃၀၀ ထက္နည္းမွာမဟုတ္ဘူးလို႔ သုံးသပ္ေျပာဆိုေနၾကပါတယ္။

“ ရွာေဖြေတြ႕ရွိခဲ့တဲ့ ႐ုပ္အေလာင္းေတြကို ေဝွခါသုႆန္မွာပဲ ဇူလိုင္ ၃ ရက္ေန႔က ၇၇ ေလာင္း၊ ၄ ရက္ေန႔မွာ ၃၂ ေလာင္း စုစုေပါင္း ၁၀၉ ေလာင္း ေျမျမႇဳပ္သၿဂႋဳလ္ခဲ့ပါတယ္။ မီးသၿဂႋဳလ္တာက ၉ ေလာင္းပါ။ မိသားစုဝင္ေတြက သူ႔တို႔အစီအစဥ္နဲ႔သူတို႔ အျပင္မွာ သယ္ယူသၿဂႋဳလ္တာ ၅၄ ေလာင္းရွိၿပီး ပိုင္ရွင္မေပၚဘူးလို႔ ယူဆလို႔ရတာက ၅ ေလာင္းပဲရွိတယ္”လို႔ ေမွာ္ဂလုံေက်း႐ြာ ဥကၠ႒က ေျပာပါတယ္။

ဒီျဖစ္စဥ္အတြက္ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ဖြဲ႕ၿပီး ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္း ဦးေဆာင္တဲ့အဖြဲ႕ဟာ ဇူလိုင္ ၇ ရက္ေန႔မွာ ေဝွခါေက်း႐ြာအထိ စစ္ေဆးဖို႔ ေရာက္လာခဲ့ပါတယ္။

သက္ဆိုင္ရာ ေက်ာက္စိမ္းတူးေဖာ္ေရး ဌာန တာဝန္ရွိသူက ရွင္းျပရာမွာေတာ့ ဒီေနရာမွာ ဇြန္လ ၂၀ ရက္ေန႔ ကတည္းက တူးေဖာ္ေရး ကုမၸဏီေတြကို ေျမၿပိဳႏိုင္လို႔ လုပ္ငန္းေတြ နားခိုင္းထားၿပီး သတိေပးဆိုင္းဘုတ္ စိုက္ထူခဲ့တာ၊ ေရမေဆးေက်ာက္ရွာတာနဲ႔ တႏိုင္တပိုင္ေက်ာက္ တူးတာေတြ မလုပ္ဖို႔ သတိေပးတားျမစ္ထားပါတယ္လို႔ တင္ျပခဲ့ပါတယ္။

ျပည္ေထာင္စုဝန္ႀကီးကလည္း ေျမၿပိဳမႈ ျဖစ္ခဲ့တဲ့ ေနရာမွာ တားျမစ္ခ်က္ေတြပါလွ်က္နဲ႔ ဝင္ေရာက္တူးေဖာ္ ၾကရာက လူေသတဲ့အထိ ျဖစ္ခဲ့တာလို႔ ေျပာခဲ့ပါတယ္။

ေျမၿပိဳမႈနဲ႔ ဆက္စပ္ၿပီး ေသဆုံးသြားသူေတြကို ေထာက္ပံ့ေၾကးေပးအပ္ဖို႔ အလႉခံရရွိတာကေတာ့ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ၊ ႀကည္း၊ေရ၊ေလ မိသားစု၊ ကုမၸဏီမ်ားအဖြဲ႕နဲ႔ တျခား အလႉရွင္ေတြကေန လႉဒါန္းခဲ့တဲ့ စာရင္းအရ ဇူလိုင္ ၈ ရက္ေန႔အထိ သိန္းေပါင္း ၆၀၀၀ ေက်ာ္ရရွိထားၿပီးၿပီလို႔ သိရပါတယ္။

အဲ့ဒီအလႉေငြကို ေသဆုံးသူေတြရဲ႕ က်န္ရစ္သူမိသားစုဆီ တိတိက်က် ေရာက္ဖို႔ကလည္း အိမ္ေထာင္စုမရွိ၊ မွတ္ပုံတင္မရွိဘဲ ေနထိုင္လုပ္ကိုင္ေနၾကတာ၊ ေသဆုံးသူေတြရဲ႕ မိသားစုဝင္ေတြကို ဆက္သြယ္မရတာမ်ိဳး အခက္အခဲေတြ ရွိေနပါတယ္။

ေထာက္ပံ့ေၾကးလာထုတ္တဲ့ မိသာစုဝင္ေတြဟာ အစက ေသဆုံးသူေတြရဲ႕ အမည္စာရင္းလာေပးသူ ၊ အိမ္ေထာင္စုဇယား မွတ္ပုံတင္ပါမွ ေဆာင္႐ြက္ေပးသြားဖို႔ရွိတယ္လို႔ ေမွာ္ဂလုံဥကၠ႒ကေျပာပါတယ္။

စုံစမ္းစစ္ေဆးေရးေကာ္မရွင္ကေတာ့ ၿမိဳ႕နယ္တိုင္းမွာ သဘာဝေဘးစီမံခန႔္ခြဲမႈေကာ္မတီဆိုတာ ဖြဲ႕ထားၿပီးသားျဖစ္လို႔ ေပါင္းစပ္ၿပီးေဒသခံေတြ လုံၿခဳံေရးအတြက္ ေဆာင္႐ြက္ဖို႔ မွာၾကားတာေတြ႕ရပါတယ္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြ ဘက္ကလည္း အႏၲရာယ္ရွိတဲ့ေနရာကို ၿခံခတ္ေပးဖို႔ ရဲ၊ စစ္တပ္အကူအညီနဲ႔ လုံၿခဳံေရး ခ်ထားေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဖားကန႔္ၿမိဳ႕နယ္ ေထြအုပ္ကလည္း ဒီကိစၥကို ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။

“အႏၲရာယ္ရွိႏိုင္တဲ့ လုပ္ကြက္ေတြနဲ႔ ပတ္သက္ၿပီး တားဆီးႏိုင္ဖို႔အတြက္ အရပ္ဘက္ အုပ္ခ်ဳပ္ေရးမႉးေတြ၊ ရဲ ၊ စစ္တပ္၊ ေက်ာက္စိမ္း႐ုံးကတာဝန္ရွိသူေတြ၊ ေက်ာက္စိမ္းလုပ္ငန္းရွင္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပူးေပါင္းေဆာင္႐ြက္သင့္တဲ့အျပင္ ေရမေဆးလုပ္သားေတြကို ထိန္းခ်ဳပ္ထားတဲ့ ေလာပန္းေတြပါ ပူးေပါင္းလုပ္ကိုင္ရမွာျဖစ္တယ္”လို႔ ျမန္မာႏိုင္ငံေက်ာက္မ်က္လုပ္ငန္းရွင္အသင္း ဒုတိယဥကၠ႒ ဦေက်ာ္သူရက ေျပာပါတယ္။

ေဝွခါလူမႈကူညီေရးအသင္း ဥကၠ႒ေဟာင္းရဲ႕ ေျပာျပခ်က္အရ အခု ေျမၿပိဳက်ခဲ့တဲ့ ေဝွခါေက်ာက္စိမ္း လုပ္ကြက္မွာ လူအေသအေပ်ာက္မ်ားတဲ့ ေျမၿပိဳက်မႈ ၃ ႀကိမ္ရွိခဲ့ၿပီး အဲ့ဒီေျမၿပိဳမႈေတြကေတာ့ ၂၀၁၃ ခုႏွစ္မွာ ေသဆုံးသူ ၁၃ ေလာင္း၊ ၂၀၁၅ ခုႏွစ္မွာ ၂၁ ေလာင္းနဲ႔ အခု ၂၀၂၀ မွာ ၁၇၂ ေလာင္း ေသဆုံးခဲ့ရတယ္လို႔ သိရပါတယ္။

ေဝွခါ ေမာ္သစ္ကုန္း ရပ္ကြက္ ၂ အပါအဝင္ ေနာက္ထပ္ၿပိဳက်ႏိုင္တဲ့ ေနရာ ၂ ေနရာရွိၿပီး လူေနအိမ္ေတြကို ေ႐ႊ႕ေျပာင္းဖို႔ ေဆာင္႐ြက္ေနၾကပါတယ္။ ဖားကန႔္ၿမိဳ႕နယ္ လဝက ရဲ႕ တရားဝင္အိမ္ေထာင္စုစာရင္းအရ လူဦးေရ ၉၀၀၀၀ ေက်ာ္ရွိၿပီး ယာယီအိမ္ေထာင္စုစာရင္း ထုတ္ေပးထားတာက တစ္သိန္း သံုးေသာင္းေက်ာ္ရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဖားကန္႔

Related posts

Leave a Comment

VOM News

FREE
VIEW