(၁၆)နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းတဲ့ တရုတ်နိုင်ငံသားကို ဖမ်းဆီး

(၁၆)နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းတဲ့ တရုတ်နိုင်ငံသားကို ဖမ်းဆီး

နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အနီးက ကာစီနိုအလုပ်ရုံတစ်ခုမှာ ဇွန်လ၂၈ ရက်နေ့က အလုပ်လာလျှောက်တဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းနေသူ တရုတ်နိုင်ငံသားကို ပုဒ်မ နှစ်ခုနှင့် ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ မြဝတီမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်‌ကျော်ဦးကပြောပြပါတယ်။

“တရုတ်နိုင်ငံသားက ပတ်စ်ပို့တော့ ပျောက်နေတယ်လို့သိရတယ်။ တရားဝင်လာတာဖြစ်ပေမယ့် သူပေါင်းသင်းမိတာက အသက်မပြည့်တော့ မိခင်ကအမှုဖွင့်တာပါ”လို့ ဒုရဲမှူး အောင်‌ကျော်ဦးကပြောပြပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၃ရပ်ကွက်မှာနေတဲ့ အသက် ၁၆ နှစ်အရွယ်မိန်းကလေးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်ည‌နေပိုင်းက မြဝတီ-မဲ့ထော်သလေးကားလမ်းရှိ အမှတ်(၁)ကာစီနိုရုံမှာ အလုပ်သွားလျှောက်ခဲ့ရာ အဲ့ဒီကာစီနိုရုံက တရုတ်နိုင်ငံသား Mr Luo Xiaogaung(၃၃ နှစ်)ဆိုသူက ထိမ်းမြားလက်ထပ်မယ်လို့ပြောပြီး မြဝတီမြို့ထဲရှိ ဟိုတယ်တစ်ခုကိုခေါ်ဆောင်လာတာဖြစ်ပါတယ်။

အဲ့ဒီနေ့ကနေ ဇူလိုင်လ ၉ ရက်နေ့ထိ ပေါင်းသင်းနေထိုင်ခဲ့ပြီးနောက်ပိုင်း ကာစီနိုရုံမှာ ဆက် လက်ပေါင်းသင်းနေခဲ့ကြတာကို ဇူလိုင်လ ၁၃ ရက်နေ့က မိခင်ဖြစ်သူကိုအသိပေးပြောဆိုရာမှ မိခင်ဖြစ်သူကနေ မြဝတီမြို့မရဲစခန်းကို သွားရောက်အမှုဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အရွယ်မရောက်သေးသူ မိန်းကလေးကို အုပ်ထိန်းသူမသိဘဲပေါင်းသင်းခဲ့တဲ့ တရုတ်နိုင်ငံသား Mr Luo Xiaogaung ကို မြဝတီမြို့မရဲစခန်းမှ (ပ) ၄၄၁/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၆၃/၃၆၆ တို့နဲ့ အ မှုဖွင့်လှစ် စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

Photo – မြတ်ကို
#voiceofmyanmar #VOM #မြဝတီ

Zawgyi

(၁၆)ႏွစ္အ႐ြယ္ မိန္းကေလးကို ခိုးယူေပါင္းသင္းတဲ့ တ႐ုတ္ႏိုင္ငံသားကို ဖမ္းဆီး

ေနျပည္ေတာ္၊ ဇူလိုင္ ၁၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္အနီးက ကာစီႏိုအလုပ္႐ုံတစ္ခုမွာ ဇြန္လ၂၈ ရက္ေန႔က အလုပ္လာေလွ်ာက္တဲ့ အသက္ ၁၆ ႏွစ္အ႐ြယ္ မိန္းကေလးကို ခိုးယူေပါင္းသင္းေနသူ တ႐ုတ္ႏိုင္ငံသားကို ပုဒ္မ ႏွစ္ခုႏွင့္ ဖမ္းဆီးအမႈဖြင့္ထားတယ္လို႔ ျမဝတီၿမိဳ႕မရဲစခန္းမွ စခန္းမႉး ဒုရဲမႉး ေအာင္‌ေက်ာ္ဦးကေျပာျပပါတယ္။

“တ႐ုတ္ႏိုင္ငံသားက ပတ္စ္ပို႔ေတာ့ ေပ်ာက္ေနတယ္လို႔သိရတယ္။ တရားဝင္လာတာျဖစ္ေပမယ့္ သူေပါင္းသင္းမိတာက အသက္မျပည့္ေတာ့ မိခင္ကအမႈဖြင့္တာပါ”လို႔ ဒုရဲမႉး ေအာင္‌ေက်ာ္ဦးကေျပာျပပါတယ္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၊ အမွတ္ ၃ရပ္ကြက္မွာေနတဲ့ အသက္ ၁၆ ႏွစ္အ႐ြယ္မိန္းကေလးဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂၈ ရက္ည‌ေနပိုင္းက ျမဝတီ-မဲ့ေထာ္သေလးကားလမ္းရွိ အမွတ္(၁)ကာစီႏို႐ုံမွာ အလုပ္သြားေလွ်ာက္ခဲ့ရာ အဲ့ဒီကာစီႏို႐ုံက တ႐ုတ္ႏိုင္ငံသား Mr Luo Xiaogaung(၃၃ ႏွစ္)ဆိုသူက ထိမ္းျမားလက္ထပ္မယ္လုိ႔ေျပာၿပီး ျမဝတီၿမိဳ႕ထဲရွိ ဟိုတယ္တစ္ခုကိုေခၚေဆာင္လာတာျဖစ္ပါတယ္။

အဲ့ဒီေန႔ကေန ဇူလိုင္လ ၉ ရက္ေန႔ထိ ေပါင္းသင္းေနထိုင္ခဲ့ၿပီးေနာက္ပိုင္း ကာစီႏို႐ုံမွာ ဆက္ လက္ေပါင္းသင္းေနခဲ့ၾကတာကို ဇူလိုင္လ ၁၃ ရက္ေန႔က မိခင္ျဖစ္သူကိုအသိေပးေျပာဆိုရာမွ မိခင္ျဖစ္သူကေန ျမဝတီၿမိဳ႕မရဲစခန္းကို သြားေရာက္အမႈဖြင့္လွစ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အ႐ြယ္မေရာက္ေသးသူ မိန္းကေလးကို အုပ္ထိန္းသူမသိဘဲေပါင္းသင္းခဲ့တဲ့ တရုတ္ႏိုင္ငံသား Mr Luo Xiaogaung ကို ျမဝတီၿမိဳ႕မရဲစခန္းမွ (ပ) ၄၄၁/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၆၃/၃၆၆ တို႔နဲ႔ အ မႈဖြင့္လွစ္ စစ္ေဆးေနတာျဖစ္တယ္လို႔ သိရပါတယ္။

Photo – ျမတ္ကို
#voiceofmyanmar #VOM #ျမဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW