တောင်ကြီးမြို့မှာ ရဲစခန်းအချုပ်ကျနေတဲ့ အချုပ်သား ၂ ဦး ထွက်ပြေး

တောင်ကြီးမြို့မှာ ရဲစခန်းအချုပ်ကျနေတဲ့ အချုပ်သား ၂ ဦး ထွက်ပြေး

နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ အမှတ်၂ နယ်မြေရဲစခန်းကနေ အချုပ်သားနှစ်ဦး ထွက်ပြေးလွတ်မြောက်မှု မနေ့ဇူလိုင်လ ၁၃ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။

“ထောင်နှစ်ကြီးသမားတွေဖြစ်ပြီး မူးယစ်မှုနဲ့ ထပ်မံတရားရင်ဆိုင်‌နေသူနှစ်ဦးပါ။ ကနေ့ မနက်အထိ ပြန်လည်ဖမ်းဆီးရမိတာ မရှိသေးဘူး။ ပိတ်ဆို့ ရှာဖွေစစ်ဆေး စုံစမ်းနေပါတယ်”လို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။

ထွက်ပြေးလွတ်‌မြောက်နေသူ နှစ်ဦးထဲက အောင်ဇော်ဦး(၃၄ နှစ်)ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံနေသူဖြစ်ပြီး နောက်တစ်ဦးမှာ ဇော်မိုးဌေး(၃၅ နှစ်)ဖြစ်ပြီး ထောင်ဒဏ် ၁၃ နှစ်ကျခံနေသူဖြစ်တယ်လို့ သိရကာ မူးယစ်မှုတစ်ခုအတွက် ထပ်မံတရားရင်ဆိုင်ဖို့ အမှတ်၂ နယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားစဉ်ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

ထွက်ပြေးသွားတဲ့ အချုပ်သားနှစ်ဦးဟာ တောင်ကြီးမြို့၊ အမှတ်၂ နယ်မြေရဲစခန်း အချုပ်ခန်းအမျိုးသားဆောင် မျက်နှာကျက်မှာရှိတဲ့ သံချောင်းတွေကိုတွန်းတင်ပြီး ထွက် ပြေးသွားတာဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်ထိ ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

Photo – ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #တောင်ကြီး

Zawgyi

ေတာင္ႀကီးၿမိဳ႕မွာ ရဲစခန္းအခ်ဳပ္က်ေနတဲ့ အခ်ဳပ္သား ၂ ဦး ထြက္ေျပး

ေနျပည္ေတာ္၊ ဇူလိုင္ ၁၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ မဂၤလာဦးရပ္ကြက္၊ အမွတ္၂ နယ္ေျမရဲစခန္းကေန အခ်ဳပ္သားႏွစ္ဦး ထြက္ေျပးလြတ္ေျမာက္မႈ မေန႔ဇူလိုင္လ ၁၃ ရက္ေန႔မနက္ပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲမႉးအဆင့္ရွိသူတစ္ဦးက ေျပာပါတယ္။

“ေထာင္ႏွစ္ႀကီးသမားေတြျဖစ္ၿပီး မူးယစ္မႈနဲ႔ ထပ္မံတရားရင္ဆိုင္‌ေနသူႏွစ္ဦးပါ။ ကေန႔ မနက္အထိ ျပန္လည္ဖမ္းဆီးရမိတာ မရွိေသးဘူး။ ပိတ္ဆို႔ ရွာေဖြစစ္ေဆး စုံစမ္းေနပါတယ္”လို႔ ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲမႉးအဆင့္ရွိသူတစ္ဦးက ေျပာပါတယ္။

ထြက္ေျပးလြတ္‌ေျမာက္ေနသူ ႏွစ္ဦးထဲက ေအာင္ေဇာ္ဦး(၃၄ ႏွစ္)ဟာ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္းက်ခံေနသူျဖစ္ၿပီး ေနာက္တစ္ဦးမွာ ေဇာ္မိုးေဌး(၃၅ ႏွစ္)ျဖစ္ၿပီး ေထာင္ဒဏ္ ၁၃ ႏွစ္က်ခံေနသူျဖစ္တယ္လို႔ သိရကာ မူးယစ္မႈတစ္ခုအတြက္ ထပ္မံတရားရင္ဆိုင္ဖုိ႔ အမွတ္၂ နယ္ေျမရဲစခန္းမွာ ခ်ဳပ္ေႏွာင္ထားစဥ္ထြက္ေျပးသြားတာ ျဖစ္ပါတယ္။

ထြက္ေျပးသြားတဲ့ အခ်ဳပ္သားႏွစ္ဦးဟာ ေတာင္ႀကီးၿမိဳ႕၊ အမွတ္၂ နယ္ေျမရဲစခန္း အခ်ဳပ္ခန္းအမ်ိဳးသားေဆာင္ မ်က္ႏွာက်က္မွာရိွတဲ့ သံေခ်ာင္းေတြကိုတြန္းတင္ၿပီး ထြက္ ေျပးသြားတာျဖစ္တယ္လို႔ သိရၿပီး လက္ရွိအခ်ိန္ထိ ျပန္လည္ဖမ္းဆီးရမိျခင္း မရွိေသးဘူးလို႔ ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႕ရံုးကေန သိရပါတယ္။

Photo – ရဲတပ္ဖြဲ႕
#voiceofmyanmar #VOM #ေတာင္ႀကီး

Related posts

Leave a Comment

VOM News

FREE
VIEW