အင်းတော်မြို့နယ်မှာ နွားလှန်သွားတဲ့ညီအမနှစ်ဦး တောထဲမှာဓါးနဲ့ထိုးခံရပြီး သေဆုံးနေတာကိုတွေ့

အင်းတော်မြို့နယ်မှာ နွားလှန်သွားတဲ့ညီအမနှစ်ဦး တောထဲမှာဓါးနဲ့ထိုးခံရပြီး သေဆုံးနေတာကိုတွေ့

ကလေး၊ ဇူလိုင် ၁၄-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာမှာနေထိုင်တဲ့ အသက် (၁၆)နှစ် အရွယ် နဲ့ အသက်(၁၄)နှစ်အရွယ် ညီအမ နှစ်ဦး တောထဲကိုနွားလှန်သွားစဉ် ဓါးနဲ့ထိုးခံရပြီး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ နတ်မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပေါ်ထွန်းကပြောပါတယ်။

“ကလေးမလေးတွေက နွားလှန်သွားကြရင်း အပြန်မှာ ဖြစ်တယ်နဲ့တူတယ်။ အခု သူတို့ကို ဆေးရုံမှာ ထားတုန်းဗျ။ ရန်ငြိုးရန်စလည်း မရှိကြဘူး။ ရင်ခွဲစစ်ဆေးတာကို ဒီနေ့တော့ လုပ်မယ်ကြားတယ်”လို့ အုပ်ချုပ်ရေးမှူး ဦးပေါ်ထွန်းကပြောပါတယ်။

မနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နေ့လယ် ၁၂နာရီအချိန်က အဲ့ဒီ ညီအမ နှစ်ဦးဟာ တောထဲကို နွားလှန်သွားဖို့ဆိုပြီး နေအိမ်ကနေ ထွက်သွားခဲ့တဲ့နောက်ပိုင်း တစ်ရွာတည်းနေတဲ့အမျိုးသားတစ်ဦးက တောထဲကို ယာခင်းလုပ်ဖို့ သွားရောက်ချိန် ကျေးရွာကနေ မြောက်ဖက် လေးဖာလုံခန့်အကွာမှာ ညနေ ၃ နာရီ အချိန်ခန့်က ညီအမနှစ်ဦးသေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး ဦးပေါ်ထွန်း က ပြောပါတယ်။

“တရားခံကိုတော့ ထင်ကြေး နဲ့ ဖမ်းထားတာရှိတယ်။ ကျွန်တော်တို့က အခင်းဖြစ်စဉ်ကို သွားကြည့်တယ်။ ကြည့်ပြီး ရဲတွေလာမယ်ဆိုလို့ ရဲတွေကိုစောင့်ဖို့ ပြန်အထွက်မှာ ကျွန်တော်တို့ကို မြင်ပြီး ထွက်ပြေးတဲ့ နတ်မဟုတ်ကျေးရွာက လူတစ်ဦးကိုတော့ ဖမ်းထားတယ်။ ကလေးမလေးတွေ ဖြစ်တာနဲ့ ဖမ်းထားတဲ့သူ ထွက်ပြေးတာနဲ့ လမ်းကြောင်းတည့်နေတယ်။ သူက လယ်ကွင်းထဲ ဖြတ်ပြေးတယ်။ ကောင်မလေးတွေက ကုန်းပေါ်တောစောင်းလေးမှာ သေတယ်ဆိုတော့ ဆက်စပ်နေလို့ ကျွန်တော်တို့ကတော့ ဖမ်းထားတယ်”လို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ တစ်ရွာတည်းနေသူတစ်ဦးကို သံသယနဲ့ဖမ်းဆီးထားပြီး အင်းတော်မြို့မရဲစခန်းမှာ (ပ)၅၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီးတော့ တရာခံ ဖမ်းဆီးရမိရေးနဲ့ တရားစွဲဆိုတင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ အင်းတော်မြို့မရဲစခန်း က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Photo.မောင်ချစ်လင်း(အင်းတော်)
#voiceofmyanmar #VOM #အင်းတော်

Zawgyi

အင္းေတာ္ၿမိဳ႕နယ္မွာ ႏြားလွန္သြားတဲ့ညီအမႏွစ္ဦး ေတာထဲမွာဓါးနဲ႔ထိုးခံရၿပီး ေသဆုံးေနတာကိုေတြ႔

ကေလး၊ ဇူလိုင္ ၁၄-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း၊ အင္းေတာ္ၿမိဳ႕နယ္၊ နတ္မဟုတ္ကေလးေက်း႐ြာမွာေနထိုင္တဲ့ အသက္ (၁၆)ႏွစ္ အ႐ြယ္ နဲ႔ အသက္(၁၄)ႏွစ္အ႐ြယ္ ညီအမ ႏွစ္ဦး ေတာထဲကုိႏြားလွန္သြားစဥ္ ဓါးနဲ႔ထိုးခံရၿပီး ေသဆုံးတဲ့ ျဖစ္စဥ္ ျဖစ္ပြားခဲ့တယ္လို႔ နတ္မဟုတ္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေပၚထြန္းကေျပာပါတယ္။

“ကေလးမေလးေတြက ႏြားလွန္သြားၾကရင္း အျပန္မွာ ျဖစ္တယ္နဲ႔တူတယ္။ အခု သူတို႔ကို ေဆး႐ုံမွာ ထားတုန္းဗ်။ ရန္ၿငိဳးရန္စလည္း မရွိၾကဘူး။ ရင္ခြဲစစ္ေဆးတာကို ဒီေန႔ေတာ့ လုပ္မယ္ၾကားတယ္”လို႔ အုပ္ခ်ဳပ္ေရးမႉး ဦးေပၚထြန္းကေျပာပါတယ္။

မေန႔ ဇူလိုင္လ ၁၃ ရက္ေန႔ ေန႔လယ္ ၁၂နာရီအခ်ိန္က အဲ့ဒီ ညီအမ ႏွစ္ဦးဟာ ေတာထဲကို ႏြားလွန္သြားဖို႔ဆိုၿပီး ေနအိမ္ကေန ထြက္သြားခဲ့တဲ့ေနာက္ပိုင္း တစ္႐ြာတည္းေနတဲ့အမ်ိဳးသားတစ္ဦးက ေတာထဲကုိ ယာခင္းလုပ္ဖို႔ သြားေရာက္ခ်ိန္ ေက်း႐ြာကေန ေျမာက္ဖက္ ေလးဖာလုံခန႔္အကြာမွာ ညေန ၃ နာရီ အခ်ိန္ခန႔္က ညီအမႏွစ္ဦးေသဆုံးေနတာကို ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ အုပ္ခ်ဳပ္ေရးမႉး ဦးေပၚထြန္း က ေျပာပါတယ္။

“တရားခံကိုေတာ့ ထင္ေၾကး နဲ႔ ဖမ္းထားတာရွိတယ္။ ကြၽန္ေတာ္တို႔က အခင္းျဖစ္စဥ္ကို သြားၾကည့္တယ္။ ၾကည့္ၿပီး ရဲေတြလာမယ္ဆိုလို႔ ရဲေတြကိုေစာင့္ဖို႔ ျပန္အထြက္မွာ ကြၽန္ေတာ္တို႔ကို ျမင္ၿပီး ထြက္ေျပးတဲ့ နတ္မဟုတ္ေက်း႐ြာက လူတစ္ဦးကိုေတာ့ ဖမ္းထားတယ္။ ကေလးမေလးေတြ ျဖစ္တာနဲ႔ ဖမ္းထားတဲ့သူ ထြက္ေျပးတာနဲ႔ လမ္းေၾကာင္းတည့္ေနတယ္။ သူက လယ္ကြင္းထဲ ျဖတ္ေျပးတယ္။ ေကာင္မေလးေတြက ကုန္းေပၚေတာေစာင္းေလးမွာ ေသတယ္ဆိုေတာ့ ဆက္စပ္ေနလို႔ ကြၽန္ေတာ္တို႔ကေတာ့ ဖမ္းထားတယ္”လို႔ အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ တစ္႐ြာတည္းေနသူတစ္ဦးကို သံသယနဲ႔ဖမ္းဆီးထားၿပီး အင္းေတာ္ၿမိဳ႕မရဲစခန္းမွာ (ပ)၅၆/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ထားၿပီးေတာ့ တရာခံ ဖမ္းဆီးရမိေရးနဲ႔ တရားစြဲဆိုတင္ပို႔ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ အင္းေတာ္ၿမိဳ႕မရဲစခန္း က တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

Photo.ေမာင္ခ်စ္လင္း(အင္းေတာ္)
#voiceofmyanmar #VOM #အင္းေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW