မောင်တောခရိုင်အတွင်းက စစ်ဘေးရှောင်တွေ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်

မောင်တောခရိုင်အတွင်းက စစ်ဘေးရှောင်တွေ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်

စစ်တွေ၊ ဇူလိုင် ၂၁- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊မောင်တောခရိုင်နဲ့ စစ်တွေခရိုင်အစပ်မှာ ယခုရက်ပိုင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း မောင်တောနဲ့ ရသေ့တောင်မြို့နယ်အကြား ကိုးတန်ကောက်၊ ချိန်ခါလီ၊ သဝင်ချောင်း စတဲ့ကျေးရွာတွေအနီးမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မောင်တောမြို့နယ်က ဒေသခံတွေဟာ စစ်တွေကို ထွက်ပြေးခိုလှုံလာကြပါတယ်။

အဲဒီ ထွက်ပြေးလာသူတွေထဲမှာ မောင်တောမြို့နယ် အောင်သုခကျေးရွာက ဒေသခံစစ်ဘေးရှောင် (၇၀) ကျော်လောက်ဟာ စစ်တွေမြို့ကို ထွက်ပြေးခိုလုံလာကြပြီး အခုလိုမျို ကျေးရွာကိုစွန့်ခွာပြီး မိုင်ရာချီကွာဝေတဲ့ စစ်တွေမြို့ထိထွက်ပြေးလာကြတာဟာ တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်တွေမြို့မှာ လုံခြုံမယ်ထင်ပြီး ထွက်ပြေးလာသူတွေက ပြောပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ေမာင္ေတာခ႐ိုင္အတြင္းက စစ္ေဘးေရွာင္ေတြ စစ္ေတြၿမိဳ႕ကို ထြက္ေျပးတိမ္းေရွာင္

စစ္ေတြ၊ ဇူလိုင္ ၂၁- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ေမာင္ေတာခ႐ိုင္နဲ႔ စစ္ေတြခ႐ိုင္အစပ္မွာ ယခုရက္ပိုင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြရွိေနၿပီး ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၄ ရက္ေန႔ကလည္း ေမာင္ေတာနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္အၾကား ကိုးတန္ေကာက္၊ ခ်ိန္ခါလီ၊ သဝင္ေခ်ာင္း စတဲ့ေက်း႐ြာေတြအနီးမွာ တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ ေမာင္ေတာၿမိဳ႕နယ္က ေဒသခံေတြဟာ စစ္ေတြကို ထြက္ေျပးခိုလံႈလာၾကပါတယ္။

အဲဒီ ထြက္ေျပးလာသူေတြထဲမွာ ေမာင္ေတာၿမိဳ႕နယ္ ေအာင္သုခေက်း႐ြာက ေဒသခံစစ္ေဘးေရွာင္ (၇၀) ေက်ာ္ေလာက္ဟာ စစ္ေတြၿမိဳ႕ကို ထြက္ေျပးခိုလုံလာၾကၿပီး အခုလိုမ်ိဳ ေက်း႐ြာကိုစြန႔္ခြာၿပီး မိုင္ရာခ်ီကြာေဝတဲ့ စစ္ေတြၿမိဳ႕ထိထြက္ေျပးလာၾကတာဟာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ စစ္ေတြၿမိဳ႕မွာ လုံၿခဳံမယ္ထင္ၿပီး ထြက္ေျပးလာသူေတြက ေျပာပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW