ဝှေခါကျေးရွာ မြေထပ်ပြိုပြီး နေအိမ် ၁၂ လုံးနဲ့ ဝန်ထမ်းဆောင် ၂ ဆောင်ပျက်စီး

ဝှေခါကျေးရွာ မြေထပ်ပြိုပြီး နေအိမ် ၁၂ လုံးနဲ့ ဝန်ထမ်းဆောင် ၂ ဆောင်ပျက်စီး

ဖားကန့်၊ ဇူလိုင် ၂ဝ-၂ဝ၂ဝ
ရန်အောင်ထွန်း+ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာမှာ ဒီကနေ့မနက် ၃း၃ဝအချိန်ခန့်က မြေထပ်ပြိုပြီး နေအိမ် ၁၂ လုံးနဲ့ ကျောက်မျက်ကုမ္ပဏီ ဝန်ထမ်းအဆောင် ၂ ဆောင် ပြိုကျတဲ့အထဲ ပါသွားတယ်လို့ ဝှေခါကျေးရွာအုပ်ချုပ်ရေးရုံးကနေ သိရပါတယ် ။

ဝှေခါကျေးရွာ ရပ်ကွက် (၂)က မှာ ယခင်မြေပြိုမှုကြောင့် မြေသားနိမ့်ဆင်းနေခဲ့ပါတယ်။ အခုပြိုကျမှုမှာ လူနေအိမ် (၁၂)လုံး ၊ ဘက်ဟိုးတစီး ၊ ကျောက်မျက်ကုမ္မဏီ အဆောင် ၂ ဆောင်နဲ့ ကုမ္မဏီ ဝန်ထမ်း (၅) ဦး မြေပြိုရာမှာ ပါသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရွာသားအချို့ကပြောပါတယ်။

မြေပြိုရာမှာ ပါသွားခဲ့တဲ့ ကုမ္မဏီဝန်ထမ်းတွေဟာ အန္တရာယ်မရှိဘဲ လွတ်မြောက်လာခဲ့သလို ၊ လူနေအိမ်တွေရဲ့ အိမ်ရှင်တွေဟာလည်း ကြိုတင်ပြောင်းရွှေ့မှုတွေ လုပ်ထားတဲ့အတွက် တစုံတရာ ထိခိုက်မှုမရှိဘူးလို့ ဝှေခါကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

” ပြိုကျတာက (၁၂)အိမ်ပါ ။ပြိုကျနိုင်မယ့်အိမ်က (၃၉)လုံးရှိတယ် ။ အားလုံးကို ပြောင်းရွှေ့ကြေးလဲ ပေးပြီးပြီ ၊ပိုက်ဆံပေးတာ နဲလို့ဆိုပြီး မယူသေးတာက သုံးအိမ်ပဲကျန်တာ။ မြေကွက်အစားလဲ ပေးပြီးပြီ ၊လူတွေလည်း မနေကြတော့ဘူး။ ပြောင်းရွှေ့နေတုံး ပြိုကျသွားတာပါ။ လူတယောက်မှ ဘာမှမဖြစ်ပါဘူး ” လို့ ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းကပြောပါတယ်။

ဝှေခါကျေးရွာ ရပ်ကွက်(၂)မှာ နောက်ထပ်ပြိုကျနိုင်မယ့်အိမ်တွေလည်း ကျန်ရှိနေသေးတာကို ဝှေခါ ကျေးရွာအုပ်ချုပ်ရေးမှူးက ” နောက်ပြိုကျနိုင်မဲ့အိမ် ၁၅ လုံးလောက်တော့ ကျန်သေးတယ် ။ဝေးတော့ဝေးတယ် ။ဒါပေမဲ့အားလုံးတော့ဖယ်ခိုင်းထားပြီးပြီ “လို့ ပြောထားပါတယ်။

သက်ဆိုင်ရာ ကုမ္မဏီတွေနဲ့တာဝန်ရှိသူတွေက အန္တရာယ်ကျရောက်နိုင်မယ့် အိမ်ရှင်တွေကို ပြောင်းရွှေ့ကြေးပေးတာဟာ နည်းပါးလွန်းနေတာကြောင့် အိမ်ပြောင်းရွှေ့ကြေးမယူသူတွေလည်း ရှိတယ်လို့ မြေပြိုကျမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အိမ်ရှင်တဦးကပြောပါတယ် ။

” ကျနော်တို့ကို အိမ်ပြင်ပြီးနေဖို့ ပြင်ဆင်စရိတ်ပေးတာက ၆၅ သိန်းပဲပေးတာဗျ။ ကျနော်တို့က ပြင်ပြီးနေလို့ရတဲ့ အခြေအနေမဟုတ်ဘူးဗျ။ လျော်ကြေးအပြတ်ပဲ လိုချင်ကြတာဗျ ။ကျနော်တို့က သိန်းရှစ်ရာတောင်းထားတာဗျ။ သူတို့ဘက်က တခါမှ လာရောက်ညှိနှိုင်းတာမရှိဘူး ” လို့ မြေပြိုကျရာမှာ အိမ်ပါသွားတဲ့ ဦးမိုးကျော်က နေအိမ်ပြောင်းရွှေ့ရေးနဲ့ပါတ်သက်ပြီး VOM က မေးမြန်းရာမှာ ဖြေထားတာဖြစ်ပါတယ်။

ယခုမြေပြိုကျခဲ့တဲ့နေရာဟာ ဇူလိုင်လ ၂ ရက်နေ့က(၁)ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း(၂)ရာနီးပါး သေဆုံးခဲ့ရတဲ့ မြေပြိုမှုနဲ့တဆက်တည်းမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေဟာ လူနေကျေးရွာနားအထိ တိုးချဲ့ တူးဖော်လာတာကြောင့် အခုလိုမြေပြိုမှုတွေ ဖြစ်ရတာလို့လည်း ရွာသားတွေကပြောပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Zawgyi

ေဝွခါေက်း႐ြာ ေျမထပ္ၿပိဳၿပီး ေနအိမ္ ၁၂ လုံးနဲ႔ ဝန္ထမ္းေဆာင္ ၂ ေဆာင္ပ်က္စီး

ဖားကန္႔၊ ဇူလိုင္ ၂ဝ-၂ဝ၂ဝ
ရန္ေအာင္ထြန္း+ေဇာ္မိုးထက္(VOM)

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ ေဝွခါေက်း႐ြာမွာ ဒီကေန႔မနက္ ၃း၃ဝအခ်ိန္ခန႔္က ေျမထပ္ၿပိဳၿပီး ေနအိမ္ ၁၂ လုံးနဲ႔ ေက်ာက္မ်က္ကုမၸဏီ ဝန္ထမ္းအေဆာင္ ၂ ေဆာင္ ၿပိဳက်တဲ့အထဲ ပါသြားတယ္လို႔ ေဝွခါေက်း႐ြာအုပ္ခ်ဳပ္ေရး႐ုံးကေန သိရပါတယ္ ။

ေဝွခါေက်း႐ြာ ရပ္ကြက္ (၂)က မွာ ယခင္ေျမၿပိဳမႈေၾကာင့္ ေျမသားနိမ့္ဆင္းေနခဲ့ပါတယ္။ အခုၿပိဳက်မႈမွာ လူေနအိမ္ (၁၂)လုံး ၊ ဘက္ဟိုးတစီး ၊ ေက်ာက္မ်က္ကုမၼဏီ အေဆာင္ ၂ ေဆာင္နဲ႔ ကုမၼဏီ ဝန္ထမ္း (၅) ဦး ေျမၿပိဳရာမွာ ပါသြားခဲ့တယ္လို႔ မ်က္ျမင္ေတြ႕ရွိတဲ့ ႐ြာသားအခ်ိဳ႕ကေျပာပါတယ္။

ေျမၿပိဳရာမွာ ပါသြားခဲ့တဲ့ ကုမၼဏီဝန္ထမ္းေတြဟာ အႏၲရာယ္မရွိဘဲ လြတ္ေျမာက္လာခဲ့သလို ၊ လူေနအိမ္ေတြရဲ႕ အိမ္ရွင္ေတြဟာလည္း ႀကိဳတင္ေျပာင္းေ႐ႊ႕မႈေတြ လုပ္ထားတဲ့အတြက္ တစုံတရာ ထိခိုက္မႈမရွိဘူးလို႔ ေဝွခါေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

” ၿပိဳက်တာက (၁၂)အိမ္ပါ ။ၿပိဳက်ႏိုင္မယ့္အိမ္က (၃၉)လုံးရွိတယ္ ။ အားလုံးကို ေျပာင္းေ႐ႊ႕ေၾကးလဲ ေပးၿပီးၿပီ ၊ပိုက္ဆံေပးတာ နဲလို႔ဆိုၿပီး မယူေသးတာက သုံးအိမ္ပဲက်န္တာ။ ေျမကြက္အစားလဲ ေပးၿပီးၿပီ ၊လူေတြလည္း မေနၾကေတာ့ဘူး။ ေျပာင္းေ႐ႊ႕ေနတုံး ၿပိဳက်သြားတာပါ။ လူတေယာက္မွ ဘာမွမျဖစ္ပါဘူး ” လုိ႔ ေဝွခါေက်း႐ြာတာဝန္ခံ ဦးေက်ာ္မင္းကေျပာပါတယ္။

ေဝွခါေက်း႐ြာ ရပ္ကြက္(၂)မွာ ေနာက္ထပ္ၿပိဳက်ႏိုင္မယ့္အိမ္ေတြလည္း က်န္ရွိေနေသးတာကို ေဝွခါ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ” ေနာက္ၿပိဳက်ႏိုင္မဲ့အိမ္ ၁၅ လုံးေလာက္ေတာ့ က်န္ေသးတယ္ ။ေဝးေတာ့ေဝးတယ္ ။ဒါေပမဲ့အားလုံးေတာ့ဖယ္ခိုင္းထားၿပီးၿပီ “လို႔ ေျပာထားပါတယ္။

သက္ဆိုင္ရာ ကုမၼဏီေတြနဲ႔တာဝန္ရွိသူေတြက အႏၲရာယ္က်ေရာက္ႏိုင္မယ့္ အိမ္ရွင္ေတြကို ေျပာင္းေ႐ႊ႕ေၾကးေပးတာဟာ နည္းပါးလြန္းေနတာေၾကာင့္ အိမ္ေျပာင္းေ႐ႊ႕ေၾကးမယူသူေတြလည္း ရွိတယ္လို႔ ေျမၿပိဳက်မယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့ အိမ္ရွင္တဦးကေျပာပါတယ္ ။

” က်ေနာ္တို႔ကို အိမ္ျပင္ၿပီးေနဖို႔ ျပင္ဆင္စရိတ္ေပးတာက ၆၅ သိန္းပဲေပးတာဗ်။ က်ေနာ္တို႔က ျပင္ၿပီးေနလို႔ရတဲ့ အေျခအေနမဟုတ္ဘူးဗ်။ ေလ်ာ္ေၾကးအျပတ္ပဲ လိုခ်င္ၾကတာဗ် ။က်ေနာ္တို႔က သိန္းရွစ္ရာေတာင္းထားတာဗ်။ သူတို႔ဘက္က တခါမွ လာေရာက္ညႇိႏႈိင္းတာမရွိဘူး ” လို႔ ေျမၿပိဳက်ရာမွာ အိမ္ပါသြားတဲ့ ဦးမိုးေက်ာ္က ေနအိမ္ေျပာင္းေ႐ႊ႕ေရးနဲ႔ပါတ္သက္ၿပီး VOM က ေမးျမန္းရာမွာ ေျဖထားတာျဖစ္ပါတယ္။

ယခုေျမၿပိဳက်ခဲ့တဲ့ေနရာဟာ ဇူလိုင္လ ၂ ရက္ေန႔က(၁)ႀကိမ္ျဖစ္ပြားခဲ့ၿပီး လူေပါင္း(၂)ရာနီးပါး ေသဆုံးခဲ့ရတဲ့ ေျမၿပိဳမႈနဲ႔တဆက္တည္းမွာ တည္ရွိေနတာလည္း ျဖစ္ပါတယ္။ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းေတြဟာ လူေနေက်း႐ြာနားအထိ တိုးခ်ဲ႕ တူးေဖာ္လာတာေၾကာင့္ အခုလိုေျမၿပိဳမႈေတြ ျဖစ္ရတာလို႔လည္း ႐ြာသားေတြကေျပာပါတယ္။

#voiceofmyanmar #VOM #ဖားကန္႔

Related posts

Leave a Comment

VOM News

FREE
VIEW