အင်းအမျိုးသားအဖွဲ့ချူပ်ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်(၆)နေရာသာ ဝင်ရောက်ယှဉ်ပြိုင်မယ်

အင်းအမျိုးသားအဖွဲ့ချူပ်ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်(၆)နေရာသာ ဝင်ရောက်ယှဉ်ပြိုင်မယ်

ရန်ကုန်၊ ဇူလိုင် ၂၀-၂၀၂၀
အေးချမ်းသူ(VOM)

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ တောင်ကြီး၊ ညောင်ရွှေတို့မှာ ကိုယ်စားလှယ်(၆)နေရာသာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပါတီဥက္ကဌဦးအောင်ကြည်ဝင်းက ပြောပါတယ်။

“တောင်ကြီးမှာ ၂နေရာ၊ ညောင်ရွှေမှာ ပြည်နယ်လွှတ်တော်မှာ ၂နေရာနဲ့ တိုင်းရင်းသားလူမျိုးစုအတွက်(၂)နေရာ ဝင်ပြိုင်သွားမှာပါ၊ COVID-19ကာလအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမှာဖြစ်တဲ့အတွက် ပါတီငယ်များအနေဖြင့် စည်းရုံးရေးလုပ်ငန်းလုပ်ဆောင်ဖို့ များစွာအခက်အခဲရှိတယ်”လို့ ဦးအောင်ကြည်ဝင်းကပြောပါတယ်။

မိမိတို့ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်နေရာတွေမှာ အနိူင်ရရှိခဲ့ပါက တိုင်းရင်းသား တန်းတူညီမျှစွာ ပညာသင်ကြားခွင့်ရရှိရေးနဲ့ စိပွားရေး၊ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သွားမယ်လို့လည်း ပါတီဥက္ကဌကပြောပါတယ်။

“ပညာရေးနဲ့ပတ်သက်ရင် လူမျိုးစုငယ်လေးတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ဒေသတွေရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ဒေသတွေမှာနေတဲ့ ကလေးတွေဟာ အမှတ်မမီတာတောင် တောင်ကြီးဆေးတက္ကသိုလ်မှာ တက်ခွင့်ရတယ်။ ကျနော်တို့မှာ အဲ့လိုတွေမရှိဘူး။ ကျနော်တို့သာ နိူင်သွားခဲ့ရင် အင်းတိုင်းရင်းသာဝန်ကြီး အမှတ်ကန့်သတ်ထားတဲ့အပေါ်မှာပြင်နိူင်မှာပါ”လို့ ပါတီဥက္ကဌကပြောပါတယ်။

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီဟာ ပြီးခဲ့တဲ့၂၀၁၉ခုနှစ်၊ ဧပြီလ ၂၆ရက်နေ့က ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၁၇ရက်နေ့မှာ ပါတီအမှတ်စဉ်-၁၂၄နဲ့ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီပေါင်း(၉၄)ပါတီရှိပြီး တစ်နိူင်ငံလုံးဝင်ရောက်ယှဉ်မယ့်ပါတီပေါင်း(၇၆)ပါတီနဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်း စည်းရုံးကာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီ (၁၈)ပါတီရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အင္းအမ်ိဳးသားအဖြဲ႕ခ်ဴပ္ပါတီအေနနဲ႔ လာမယ့္ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္(၆)ေနရာသာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္

ရန္ကုန္၊ ဇူလိုင္ ၂၀-၂၀၂၀
ေအးခ်မ္းသူ(VOM)

အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီအေနနဲ႔ ၂၀၂၀ေ႐ြးေကာက္ပြဲမွာ ေတာင္ႀကီး၊ ေညာင္ေ႐ႊတို႔မွာ ကိုယ္စားလွယ္(၆)ေနရာသာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္တယ္လုိ႔ ပါတီဥကၠဌဦးေအာင္ၾကည္ဝင္းက ေျပာပါတယ္။

“ေတာင္ႀကီးမွာ ၂ေနရာ၊ ေညာင္ေ႐ႊမွာ ျပည္နယ္လႊတ္ေတာ္မွာ ၂ေနရာနဲ႔ တိုင္းရင္းသားလူမ်ိဳးစုအတြက္(၂)ေနရာ ဝင္ၿပိဳင္သြားမွာပါ၊ COVID-19ကာလအတြင္း အေထြေထြေ႐ြးေကာက္ပြဲ က်င္းပမွာျဖစ္တဲ့အတြက္ ပါတီငယ္မ်ားအေနျဖင့္ စည္း႐ုံးေရးလုပ္ငန္းလုပ္ေဆာင္ဖို႔ မ်ားစြာအခက္အခဲရွိတယ္”လုိ႔ ဦးေအာင္ၾကည္ဝင္းကေျပာပါတယ္။

မိမိတို႔ပါတီအေနနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ကိုယ္စားလွယ္ေနရာေတြမွာ အႏိူင္ရရွိခဲ့ပါက တိုင္းရင္းသား တန္းတူညီမွ်စြာ ပညာသင္ၾကားခြင့္ရရွိေရးနဲ႔ စိပြားေရး၊ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လုပ္သြားမယ္လို႔လည္း ပါတီဥကၠဌကေျပာပါတယ္။

“ပညာေရးနဲ႔ပတ္သက္ရင္ လူမ်ိဳးစုငယ္ေလးေတြမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးရ ေဒသေတြရွိတယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ေဒသေတြမွာေနတဲ့ ကေလးေတြဟာ အမွတ္မမီတာေတာင္ ေတာင္ႀကီးေဆးတကၠသိုလ္မွာ တက္ခြင့္ရတယ္။ က်ေနာ္တို႔မွာ အဲ့လိုေတြမရွိဘူး။ က်ေနာ္တို႔သာ ႏိူင္သြားခဲ့ရင္ အင္းတိုင္းရင္းသာဝန္ႀကီး အမွတ္ကန္႔သတ္ထားတဲ့အေပၚမွာျပင္ႏိူင္မွာပါ”လို႔ ပါတီဥကၠဌကေျပာပါတယ္။

အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီဟာ ၿပီးခဲ့တဲ့၂၀၁၉ခုႏွစ္၊ ဧၿပီလ ၂၆ရက္ေန႔က ပါတီတည္ေထာင္ခြင့္ေလွ်ာက္ထားခဲ့ရာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကေန၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ၁၇ရက္ေန႔မွာ ပါတီအမွတ္စဥ္-၁၂၄နဲ႔ ခြင့္ျပဳခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ပါတီေပါင္း(၉၄)ပါတီရွိၿပီး တစ္ႏိူင္ငံလုံးဝင္ေရာက္ယွဥ္မယ့္ပါတီေပါင္း(၇၆)ပါတီနဲ႔ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအတြင္း စည္း႐ုံးကာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ပါတီ (၁၈)ပါတီရွိတယ္လုိ႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW