အိမ်ထောင်ရှိအမျိုးသားက (၁၄)နှစ်အရွယ်မိန်းကလေးကို ခိုးယူပေါင်းသင်းတဲ့အတွက် ပုဒ်မနှစ်ခုနဲ့ဖမ်းစီး

အိမ်ထောင်ရှိအမျိုးသားက (၁၄)နှစ်အရွယ်မိန်းကလေးကို ခိုးယူပေါင်းသင်းတဲ့အတွက် ပုဒ်မနှစ်ခုနဲ့ဖမ်းစီး

နေပြည်တော်၊ ဇူလိုင်၂၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ သီရိဟေမာရပ်ကွက်မှာနေတဲ့ အသက်၁၄ နှစ်အရွယ်မိန်းကလေးကို ဇူလိုင်လ ၁၄ ရက်နေ့က မိဘအုပ်ထိန်းသူတွေမသိဘဲ ခိုးယူပေါင်းသင်းခဲ့တဲ့အမျိုးသားကို ပုဒ်မနှစ်ခုနဲ့ဖမ်းစီးအမှုဖွင့်လှစ်ထားတယ်လို့ ထန်းတပင်မြို့မရဲစခန်းကနေ သိရပါတယ်။

“မနေ့ကမှ ညောင်လေးပင်ကနေ သွားရောက်ခေါ်ဆောင် ဖမ်းဆီးလာရတာပါ။ ကလေးမလေးကို ခိုးယူပေါင်းတဲ့သူက အိမ်ထောင်နဲ့ဖြစ်ပါတယ်”လို့ ထန်းတပင်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးနေလင်းအောင်ကပြောပါတယ်။

ဖြစ်စဉ်ဖြစ်တဲ့ မနက် ၅ နာရီခန့်က ထန်းတပင်မြို့နယ်၊ သီရိဟေမာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၄ နှစ် ၇ လအရွယ်ရဲ့ မိခင်ဖြစ်သူက သမီးဖြစ်သူကို ဆွမ်းချက်ဖို့နိုးရာ အိပ်ယာကနေထပြီး ဆွမ်းချက်နေတယ်လို့ထင်ခဲ့ပြီး သမီးဖြစ်သူကိုတွေ့ရှိခြင်းမရှိတဲ့အတွက် လိုက်လံစုံစမ်းရာ တစ်ရွာတည်းနေသူ ဦးရဲမင်းအောင်(ခ)မင်းအောင်(၃၈ နှစ်)အိမ်ထောင်ရှိသူက သွေးဆောင်ဖျာယောင်းခေါ်သွားတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။

လိုက်လံစုံစမ်းတဲ့အခါ ကျောက်တံခါးမြို့ တည်းခိုခန်းမှာ တစ်ကြိမ်၊ ညောင်လေးပင်မြို့ တည်းခိုခန်းမှာ တစ်ကြိမ် သားမယားပြုကျင့်ခဲ့တာကို သမီးဖြစ်သူရဲ့ ပြောပြချက်အရ သိခဲ့ရတယ်လို့ ထန်းတပင်မြို့မရဲစခန်းကနေ သိရပါတယ်။

အမှုနှင့်ပတ်သက်တဲ့ ရဲမင်းအောင်(ခ)မင်းအောင်ကို ထန်းတပင်မြို့မရဲစခန်းက (ပ)၁၀၇ /၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၆၃/၃၆၆ တို့နဲ့ အမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထန်းတပင်

Zawgyi

အိမ္ေထာင္ရိွအမ်ိဳးသားက (၁၄)ႏွစ္အ႐ြယ္မိန္းကေလးကို ခိုးယူေပါင္းသင္းတဲ့အတြက္ ပုဒ္မႏွစ္ခုနဲ႔ဖမ္းစီး

ေနျပည္ေတာ္၊ ဇူလိုင္၂၀-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ထန္းတပင္ၿမိဳ႕နယ္၊ သီရိေဟမာရပ္ကြက္မွာေနတဲ့ အသက္၁၄ ႏွစ္အ႐ြယ္မိန္းကေလးကို ဇူလိုင္လ ၁၄ ရက္ေန႔က မိဘအုပ္ထိန္းသူေတြမသိဘဲ ခိုးယူေပါင္းသင္းခဲ့တဲ့အမ်ိဳးသားကို ပုဒ္မႏွစ္ခုနဲ႔ဖမ္းစီးအမႈဖြင့္လွစ္ထားတယ္လို႔ ထန္းတပင္ၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

“မေန႔ကမွ ေညာင္ေလးပင္ကေန သြားေရာက္ေခၚေဆာင္ ဖမ္းဆီးလာရတာပါ။ ကေလးမေလးကို ခိုးယူေပါင္းတဲ့သူက အိမ္ေထာင္နဲ႔ျဖစ္ပါတယ္”လို႔ ထန္းတပင္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒု-ရဲမႉးေနလင္းေအာင္ကေျပာပါတယ္။

ျဖစ္စဥ္ျဖစ္တဲ့ မနက္ ၅ နာရီခန႔္က ထန္းတပင္ၿမိဳ႕နယ္၊ သီရိေဟမာရပ္ကြက္မွာေနထုိင္တဲ့ အသက္ ၁၄ ႏွစ္ ၇ လအ႐ြယ္ရဲ႕ မိခင္ျဖစ္သူက သမီးျဖစ္သူကို ဆြမ္းခ်က္ဖုိ႔ႏိုးရာ အိပ္ယာကေနထၿပီး ဆြမ္းခ်က္ေနတယ္လို႔ထင္ခဲ့ၿပီး သမီးျဖစ္သူကိုေတြ႕ရွိျခင္းမရွိတဲ့အတြက္ လိုက္လံစုံစမ္းရာ တစ္႐ြာတည္းေနသူ ဦးရဲမင္းေအာင္(ခ)မင္းေအာင္(၃၈ ႏွစ္)အိမ္ေထာင္ရွိသူက ေသြးေဆာင္ဖ်ာေယာင္းေခၚသြားတာကို သိရွိခဲ့ရတာျဖစ္ပါတယ္။

လိုက္လံစုံစမ္းတဲ့အခါ ေက်ာက္တံခါးၿမိဳ႕ တည္းခိုခန္းမွာ တစ္ႀကိမ္၊ ေညာင္ေလးပင္ၿမိဳ႕ တည္းခိုခန္းမွာ တစ္ႀကိမ္ သားမယားျပဳက်င့္ခဲ့တာကို သမီးျဖစ္သူရဲ႕ ေျပာျပခ်က္အရ သိခဲ့ရတယ္လို႔ ထန္းတပင္ၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

အမႈႏွင့္ပတ္သက္တဲ့ ရဲမင္းေအာင္(ခ)မင္းေအာင္ကို ထန္းတပင္ၿမိဳ႕မရဲစခန္းက (ပ)၁၀၇ /၂၀၂၀ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၆၃/၃၆၆ တို႔နဲ႔ အမႈဖြင့္လွစ္စစ္ေဆးေနတယ္လုိ႔ သိရပါတယ္။

#voiceofmyanmar #VOM #ထန္းတပင္

Related posts

Leave a Comment

VOM News

FREE
VIEW