နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အခက်အခဲတွေကို လူမူရေးအစီအစဉ်နဲ့ပံ့ပိုးကူညီဖို့ အစီအစဉ်ရှိမရှိမေးခွန်ကို လွှတ်တော်မှာမေးခွင့်မရ

နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အခက်အခဲတွေကို လူမူရေးအစီအစဉ်နဲ့ပံ့ပိုးကူညီဖို့ အစီအစဉ်ရှိမရှိမေးခွန်ကို လွှတ်တော်မှာမေးခွင့်မရ

ရန်ကုန် ၊ စက်တင်ဘာ ၁၇-၂၀၂၀
ယဉ်ပပထွန်း(VOM)

နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေရဲ့ လူမူရေးအခက်အခဲ၊ ပညာရေးအခက်အခဲတွေကို သက်ဆိုင်ရာတိုင်းအစိုးရက လူမူရေးအစီအစဉ်နဲ့ပံ့ပိုးကူညီပေးဖို့အစီအစဉ် ရှိမရှိဆိုတဲ့မေးခွန်းကို ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ မေးခွင့်မရခဲ့ပါဘူးလို့မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်-၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက VOM ကိုပြောပါတယ်။

” မေးခွန်းကိုကျွန်တော်တင်ပြတယ်၊ ဒါပေမယ့် မေးမြန်းခွင့်မပေးခဲ့ဘူး ။ တိုင်းဒေသကြီးမှာ ကျွန်တော်ဆက်ပြီး တာဝန်ယူရအုံးမယ်ဆိုရင် ဒီမေးခွန်းကို ပြန်ပြီးတော့ မေးအုံးမှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားဟောင်းအများစုက ပါတီဝင်မဟုတ်တဲ့လူတွေက အပြင်မှာအဆင်မပြေမူတွေနဲ့နေရတယ်၊ တချို့ဆိုရင် လမ်းပေါ်မှာသေဆုံးတဲ့အရာတွေရှိနေတယ်။အခုချိန်ထိ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ထိထိရောက်ရောက်ကူညီပေးနိုင်တာမရှိသေးဘူး။ ဒါကို နိုင်ငံတော်ကနေပြီး လူမူရေးအစီအစဉ်တစ်ခုအနေနဲ့ပံ့ပိုးကူညီပေးရင် သူတို့ဘဝတစ်ခုအတွက်ကောင်းမှာပါ” လို့ဦးလှဌေးကပြောပါတယ်။

အခုလက်ရှိ ပဲခူးတိုင်းအရှေ့ဘက်ခြမ်းက နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ ခန့်ကလည်း ကျန်းမာရေးနဲ့ လူမူရေးအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ပဲခူးမြို့အရှေ့ခြမ်းက နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးအောင် က VOM ကိုပြောပါတယ် ။

” ကျွန်တော်တို့မှာ အိုးပိုင်အိမ်ပိုင်မရှိဘူး ။ ထောင်ထဲမှာ နှစ်ရှည်လများ နေလာရတာဆိုတော့ ကျန်းမာရေးက အခက်အခဲဖြစ်နေပါတယ် ။ အလုပ်အကိုင်ကလည်းမရှိတော့ ရပ်တည်မူအားနည်းနေပါတယ် ။ ဘယ်အဖွဲ့အစည်း လက်ရှိအစိုးရက ထောက်ပံ့ပေးထားတာမရှိပါဘူး ။ ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေစုပြီး လမ်းပေါ်ထွက်ပြီး နိုင်ငံတော်ကို တောင်းဆိုသွားဖို့ရည်ရွယ်ထားတာရှိပါတယ် ” လို ကိုမျိုးအောင်ကပြောပါတယ် ။

မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်-၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကတော့ တတိယအကြိမ်လွှတ်တော်မှာ ဆက်လက်ပြီး ဝင်ရောက်ခွင့်ရမယ်ဆိုရင် အဲ့ဒီမေးခွန်းတွေကိုသာ ဦးစားပေးပြီး ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

Photo – နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မူစင်တာ
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

နိုင္ငံေရးအက်ဥ္းသားေဟာင္းေတြရဲ႔ အခက္အခဲေတြကို လူမူေရးအစီအစဥ္နဲ ့ပ့ံပုိးကူညီဖို႔ အစီအစဥ္႐ွိမ႐ွိေမးခြန္ကို လႊတ္ေတာ္မွာေမးခြင့္မရ

ရန္ကုန္ ၊ စက္တင္ဘာ ၁၇-၂၀၂၀
ယဥ္ပပထြန္း(VOM)

နိုင္ငံေရးအက်ဥ္းသားေဟာင္းေတြနဲ႔ မိသားစုဝင္ေတြရဲ႔ လူမူေရးအခက္အခဲ၊ ပညာေရးအခက္အခဲေတြကို သက္ဆိုင္ရာတိုင္းအစိုးရက လူမူေရးအစီအစဥ္နဲ ့ပ့ံပုိးကူညီေပးဖို ့အစီအစဥ္ ႐ွိမ႐ွိဆိုတဲ့ေမးခြန္းကုိ ဒုတိယအၾကိမ္ ရန္ကုန္တိုင္းလႊတ္ေတာ္အစည္းအေဝးမွာ ေမးခြင့္မရခဲ့ပါဘူးလို ့မဂၤလာေတာင္ညႊန္႔ၿမိဳ႔နယ္ အမွတ္-၁ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက VOM ကိုေျပာပါတယ္။

” ေမးခြန္းကိုကြ်န္ေတာ္တင္ျပတယ္၊ ဒါေပမယ့္ ေမးျမန္းခြင့္မေပးခဲ့ဘူး ။ တိုင္းေဒသၾကီးမွာ ကြ်န္ေတာ္ဆက္ျပီး တာဝန္ယူရအံုးမယ္ဆိုရင္ ဒီေမးခြန္းကို ျပန္ျပီးေတာ့ ေမးအံုးမွာပါ ။ ဘာျဖစ္လို ့လဲဆိုေတာ့ နိုင္ငံေရးအက်ဥ္းသားေဟာင္းအမ်ားစုက ပါတီဝင္မဟုတ္တဲ့လူေတြက အျပင္မွာအဆင္မေျပမူေတြနဲ ့ေနရတယ္၊ တခ်ိဳ ့ဆိုရင္ လမ္းေပၚမွာေသဆံုးတဲ့အရာေတြ႐ွိေနတယ္။အခုခ်ိန္ထိ နိုင္ငံေရးအက်ဥ္းသားေဟာင္းေတြကို ထိထိေရာက္ေရာက္ကူညီေပးနိုင္တာမရွိေသးဘူး။ ဒါကို နိုင္ငံေတာ္ကေနျပီး လူမူေရးအစီအစဥ္တစ္ခုအေနနဲ ့ပ့ံပိုးကူညီေပးရင္ သူတို ့ဘဝတစ္ခုအတြက္ေကာင္းမွာပါ” လို ့ဦးလွေဌးကေျပာပါတယ္။

အခုလက္႐ွိ ပဲခူးတိုင္းအေ႐ွ ့ဘက္ျခမ္းက နိုင္ငံေရးအက်ဥ္းသားေဟာင္း ၅၀ ခန္ ့ကလည္း က်န္းမာေရးနဲ႔ လူမူေရးအခက္အခဲေတြ ျဖစ္ေပၚေနတယ္လို ့ပဲခူးၿမိဳ႔အေရွ႕ျခမ္းက ႏိုင္ငံေရးအက်ဥ္းသားေဟာင္း ကိုမိ်ဳးေအာင္ က VOM ကိုေျပာပါတယ္ ။

” ကြ်န္ေတာ္တို ့မွာ အိုးပိုင္အိမ္ပိုင္မရွိဘူး ။ ေထာင္ထဲမွာ ႏွစ္႐ွည္လမ်ား ေနလာရတာဆိုေတာ့ က်န္းမာေရးက အခက္အခဲျဖစ္ေနပါတယ္ ။ အလုပ္အကိုင္ကလည္းမရွိေတာ့ ရပ္တည္မူအားနည္းေနပါတယ္ ။ ဘယ္အဖဲြ ့အစည္း လက္႐ွိအစုိးရက ေထာက္ပ့ံေပးထားတာမရွိပါဘူး ။ ကြ်န္ေတာ္တို ့နိုင္ငံေရးအက်ဥ္းသားေတြစုျပီး လမ္းေပၚထြက္ျပီး နိုင္ငံေတာ္ကို ေတာင္းဆိုသြားဖို ့ရည္ရြယ္ထားတာ႐ွိပါတယ္ ” လို ကိုမ်ိဳးေအာင္ကေျပာပါတယ္ ။

မဂၤလာေတာင္ညႊန္႔ၿမိဳ႔နယ္ အမွတ္-၁ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးကေတာ့ တတိယအၾကိမ္လႊတ္ေတာ္မွာ ဆက္လက္ျပီး ဝင္ေရာက္ခြင့္ရမယ္ဆိုရင္ အဲ့ဒီေမးခြန္းေတြကိုသာ ဦးစားေပးျပီး ေဆာင္ရြက္သြားမယ္လို႔လည္း ေျပာပါတယ္။

Photo – နိုင္ငံေရးအက်ဥ္းသားမ်ား က်န္းမာေရးေစာင့္ေ႐ွာက္မူစင္တာ
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW