နေပြည်တော်မှာ ကိုဗစ်ပိုးတွေ့တဲ့သူတွေကိုထားဖို့ ကုတင် ၃၀၀ ပြည်သူ့ဆေးရုံကြီးမှာ အဆောင်တစ်ခု တိုးချဲ့ပြင်ဆင်ထား

 နေပြည်တော်မှာ ကိုဗစ်ပိုးတွေ့တဲ့သူတွေကိုထားဖို့ ကုတင် ၃၀၀ ပြည်သူ့ဆေးရုံကြီးမှာ အဆောင်တစ်ခု တိုးချဲ့ပြင်ဆင်ထား
နေပြည်တော်၊ စက်တင်ဘာ ၁၆-၂၀၂၀
စွမ်းရဲထွဋ် (VOM)
ကိုဗစ်-၁၉ရောဂါပိုးရှိသူတွေကို ထားဖို့အတွက် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး ကုတင် ၃၀၀ မှာ အဆောင်တစ်ခု တိုးချဲ့ပြင်ဆင်ထားပြီဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက VOM ကို ဒီကနေ့ ပြောပါတယ်။
“နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် ၃၀၀၊ လူနာ အခုထက်များလာရင် ကျနော်တို့က မမျှော်ကောင်းပေမယ့် ပြင်တော့ ပြင်ထားရတယ်လေ”လို့  ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။
အခုလက်ရှိ ကုတင်-၁၀၀၀ ဆေးရုံမှာ ကိုဗစ်ပိုးတွေ့လူနာ ၄၆ ယောက်ကို အဆောင်သီးသန့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ထားပြီး ပုံမှန်လူနာတွေလည်းရှိနေတဲ့အတွက် လူနာကြပ်တည်းမှုဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။
ဒါကြောင့် နောက်ထပ်တွေ့ရှိလာတဲ့ ပိုးတွေ့လူနာတွေကို ကုတင် ၃၀၀ မှာ ထားရှိသွားမှာဖြစ်ပြီး အဲ့ဒီမှာ လူနာ ၃၀ ထားဖို့ သီးသန့်ဆောင်ပြင်ဆင်ထားရှိပြီဖြစ်တယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။
“ဆေးရုံကတော့ အသင့်ဖြစ်နေပြီ ကုတင် ၁၀၀၀ ကနေ လွှဲပေးရင် အဲ့ဒီကို ရွှေ့မယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
နေပြည်တော်ရှိ အစိုးရဝန်ထမ်းတွေကိုလည်း ရုံးအလိုက်စစ်ဆေးမှု မနေ့ စက်တင်ဘာလ ၁၅ ရက်နေ့က စတင်စစ်ဆေးတာဖြစ်ပြီးတော့ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန (၅) ခုကို စစ်ဆေးတာဖြစ်ပါတယ်။
“လာမယ့် နှစ်ပတ်အတွင်းမှာ Stay Home မလုပ်ဘဲ ရုံးတက်ကြမယ့် အစိုးရဝန်ထမ်းတွေကို အဓိကထား စစ်ဆေးတာဖြစ်တယ်၊ တစ်ရက်ကို အင်အား ၄၀၀-၅၀၀ လောက်စစ်ဆေးရတာဖြစ်ပြီး သူတို့ကိုယ်တိုင် နေပြည်တော် စည်ပင်ရိပ်သာနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံးတွေကိုလာပြီး Swab ယူတာဖြစ်တယ်၊ အကုန် Negative ဗျ။ လူတွေ တစ်နေ့၊ တစ်နေ့ ၄၀၀-၅၀၀ စစ်ရင် ကျနော်တို့ ရင်ခုန်တယ်။ မနေ့ကတော့ အိုကေသွားတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၆ရက်နေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအ ဖွဲ့ရုံးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၆ ခုကို စစ်ဆေးမှာဖြစ်တယ်လို့  ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။
အခုလက်ရှိ နေပြည်တော်မှာ ကွာရန်တင်းဝင်ရောက်နေရသူ ၁၃၀၀ကျော်ရှိနေတယ်လို့လည်း သိရပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
 ေနၿပည္ေတာ္မွာ ကုိဗစ္ပိုးေတြ႔တဲ့သူေတြကိုထားဖုိ႔ ကုတင္ ၃၀၀ ျပည္သူ႔ေဆးရံုၾကီးမွာ အေဆာင္တစ္ခု တုိးခ်ဲ႕ျပင္ဆင္ထား
ေနျပည္ေတာ္၊ စက္တင္ဘာ ၁၆-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
ကုိဗစ္-၁၉ေရာဂါပုိးရွိသူေတြကုိ ထားဖုိ႔အတြက္ ေနျပည္ေတာ္၊ ျပည္သူ႔ေဆးရံုၾကီး ကုတင္ ၃၀၀ မွာ အေဆာင္တစ္ခု တုိးခ်ဲ႕ျပင္ဆင္ထားၿပီျဖစ္တယ္လို႔ ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက VOM ကို ဒီကေန႔ ေျပာပါတယ္။
“ေနျပည္ေတာ္ ျပည္သူ႔ေဆးရံုၾကီး ကုတင္ ၃၀၀၊ လူနာ အခုထက္မ်ားလာရင္ က်ေနာ္တုိ႔က မေမွ်ာ္ေကာင္းေပမယ့္ ျပင္ေတာ့ ျပင္ထားရတယ္ေလ”လုိ႔  ေဒါက္တာျမတ္ဝဏၰစိုးကေျပာပါတယ္။
အခုလက္ရွိ ကုတင္-၁၀၀၀ ေဆးရံုမွာ ကုိဗစ္ပိုးေတြ႕လူနာ ၄၆ ေယာက္ကို အေဆာင္သီးသန္႔နဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ျပဳလုပ္ထားၿပီး ပံုမွန္လူနာေတြလည္းရွိေနတဲ့အတြက္ လူနာၾကပ္တည္းမႈျဖစ္ေပၚလာတယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ ေနာက္ထပ္ေတြ႔ရွိလာတဲ့ ပုိးေတြ႕လူနာေတြကို ကုတင္ ၃၀၀ မွာ ထားရွိိသြားမွာျဖစ္ၿပီး အဲ့ဒီမွာ လူနာ ၃၀ ထားဖို႔ သီးသန္႔ေဆာင္ျပင္ဆင္ထားရွိၿပီျဖစ္တယ္လို႔ ေဒါက္တာျမတ္ဝဏၰစိုးကေျပာပါတယ္။
“ေဆးရံုကေတာ့ အသင့္ၿဖစ္ေနၿပီ ကုတင္ ၁၀၀၀ ကေန လႊဲေပးရင္ အဲ့ဒီကုိ ေရႊ႕မယ္”လုိ႔ ေဒါက္တာျမတ္ဝဏၰစိုးက ေၿပာပါတယ္။
ေနျပည္ေတာ္ရွိ အစိုးရဝန္ထမ္းေတြကုိလည္း ရံုးအလုိက္စစ္ေဆးမႈ မေန႔ စက္တင္ဘာလ ၁၅ ရက္ေန႔က စတင္စစ္ေဆးတာၿဖစ္ၿပီးေတာ့ ႏိုင္ငံေတာ္သမၼတရုံး၊ ႏိုင္ငံေတာ္အတိုင္ပင္ခံရုံးဝန္ႀကီးဌာနနဲ႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအပါအဝင္ ဝန္ၾကီးဌာန (၅) ခုကုိ စစ္ေဆးတာၿဖစ္ပါတယ္။
“လာမယ့္ ႏွစ္ပတ္အတြင္းမွာ Stay Home မလုပ္ဘဲ ရံုးတက္ၾကမယ့္ အစိုးရဝန္ထမ္းေတြကို အဓိကထား စစ္ေဆးတာျဖစ္တယ္၊ တစ္ရက္ကုိ အင္အား ၄၀၀-၅၀၀ ေလာက္စစ္ေဆးရတာၿဖစ္ၿပီး သူတုိ႔ကုိယ္တုိင္ ေနၿပည္ေတာ္ စည္ပင္ရိပ္သာနဲ႔ ေနၿပည္ေတာ္ ကုတင္ ၁၀၀၀ ေဆးရံုးေတြကုိလာၿပီး Swab ယူတာၿဖစ္တယ္၊ အကုန္ Negative ဗ်။ လူေတြ တစ္ေန႔၊ တစ္ေန႔ ၄၀၀-၅၀၀ စစ္ရင္ က်ေနာ္တို႔ ရင္ခုန္တယ္။ မေန႔ကေတာ့ အုိေကသြားတယ္”လုိ႔ ေဒါက္တာျမတ္ဝဏၰစိုးကေျပာပါတယ္။
ဒီကေန႔ စက္တင္ဘာ ၁၆ရက္ေန႔မွာေတာ့ နုိင္ငံၿခားေရးဝန္ၾကီးဌာန၊ ၿပည္ေထာင္စုအစုိးရအ ဖြဲ႔ရံုးဝန္ၾကီးဌာန၊ စီမံကိန္း၊ ဘ႑ာ ေရးႏွင့္ စက္မႈဝန္ၾကီးဌာန၊ ရင္းႏွီးၿမွဳပ္ႏွံမႈႏွင့္ နုိင္ငံၿခားစီးပြားဆက္သြယ္ေရးဝန္ၾကီးဌာန၊ အလုပ္သမား၊ လူဝင္မႈ ၾကီးၾကပ္ေရးႏွင့္ ၿပည္သူ႔အင္အားဝန္ၾကီးဌာနအပါအဝင္ ဝန္ၾကီးဌာန ၆ ခုကို စစ္ေဆးမွာျဖစ္တယ္လို႔  ေဒါက္တာျမတ္ဝဏၰစိုးကေျပာပါတယ္။
အခုလက္ရွိ ေနၿပည္ေတာ္မွာ ကြာရန္တင္းဝင္ေရာက္ေနရသူ ၁၃၀၀ေက်ာ္ရွိေနတယ္လို႔လည္း သိရပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW