မြန်မာနိုင်ငံထဲကို အထောက်အထားမဲ့ခိုးဝင်လာတဲ့ တရုတ်လူမျိုး(၈)ဦးကို ဖမ်းဆီးအရေးယူ

မြန်မာနိုင်ငံထဲကို အထောက်အထားမဲ့ခိုးဝင်လာတဲ့ တရုတ်လူမျိုး(၈)ဦးကို ဖမ်းဆီးအရေးယူ

လောက်ကိုင် ၊ စက်တင်ဘာ ၁၆-၂၀၂၀
ကိုတိုးကြီး (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရဲ့ ဟိုတယ်တစ်ခုမှာ အကြွေးတောင်းဖို့အတွက် အထောက်အထားမဲ့ ခိုးဝင်ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား အမျိုးသား(၈)ဦးကို လောက်ကိုင်မြို့မရဲစခန်းက မနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ် ။

“ သူတို့ အကြွေးရစရာရှိတဲ့သူကို ဟိုတယ်ထဲမှာ ဖမ်းဆီးချုပ်နှောင်ပြီး ညှင်းပန်း နှိပ်စက် ရိုက်နှက်နေတယ်လို့ သတင်းကြားရလို့ လောက်ကိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ဇော်ဦးလွင် ၊ ကိုးကန့်ရဲတပ်ဖွဲ့က ရဲအရာခံ လီဖူချုံး(ခ) လီဖူဆို နဲ့ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်၊ အထောက်အထားမဲ့ ခိုးဝင်လာတဲ့ တရုတ် (ကျား) ၈ ယောက်ဖြစ်တယ် ၊ လူဝင်မှုကြီးကြပ်ရေး အက်/ဥပဒေ-၁၃(၁)အရ အရေးယူထားတာဖြစ်တယ် ” လို့ လောက်ကိုင်မြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အထောက်အထားမဲ့ ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား အမျိုးသား (၈)ဦးဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ယုံခန်းခရိုင်၊ ယုံတဲမြို့မှာ နေထိုင်သူတွေဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ စစ်ဆေးပေါ်ချက်တွေအရ သိရပါတယ်။

အဲ့ဒီ ခိုးဝင် တရုတ် ၈ ဦး နဲ့ ဗမာ တစ်ယောက်ဟာ လောက်ကိုင်မြို့ခံ လူတစ်ဦးကို အကြွေးရစရာရှိတဲ့အတွက် ဟိုတယ်ထဲမှာဖမ်းဆီးပြီး ချုပ်နှောင် နှိပ်စက်ခဲ့တာဖြစ်ပါတယ်။

ညှင်းပန်းနှိပ်စက်ခံရသူကိုတော့ လောက်ကိုင် ပြည်သူ့ဆေးရုံမှာ ရဲဆေးစာနဲ့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့ကနေ စက်တင်ဘာ ၁၆ရက်နေ့အထိ တရုတ် – မြန်မာ နယ်စပ်ခိုးဝင်လမ်းကြောင်းတွေကနေ အထောက်အထားမဲ့ ဝင်လာတဲ့ တရုတ်နိုင်ငံသား ၁၀၀ကျော်ကို သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်အရေးယူထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

ဓာတ်ပုံ – လောက်ကိုင်မြို့မရဲစခန်း
#voiceofmyanmar #VOM #လောက်ကိုင် #တရုတ်လူမျိုး #အထောက်အထားမဲ့

Zawgyi

ျမန္မာနိုင္ငံထဲကို အေထာက္အထားမဲ့ခိုး၀င္လာတဲ႔ တရုတ္လူမ်ိဳး(၈)ဦးကို ဖမ္းဆီးအေရးယူ

ေလာက္ကိုင္ ၊ စက္တင္ဘာ ၁၆-၂၀၂၀
ကိုတိုးၾကီး (VOM)

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင္႔ရေဒသ၊ ေလာက္ကိုင္ျမိဳ႕ရဲ႕ ဟိုတယ္တစ္ခုမွာ အေၾကြးေတာင္းဖို႔အတြက္ အေထာက္အထားမဲ႔ ခိုး၀င္ေရာက္ရွိေနတဲ႔ တရုတ္နိုင္ငံသား အမ်ိဳးသား(၈)ဦးကို ေလာက္ကိုင္ျမိဳ႕မရဲစခန္းက မေန႔ စက္တင္ဘာ ၁၅ ရက္ေန႔မွာ အမႈဖြင္႔အေရးယူခဲ႔တယ္လို႔ သိရပါတယ္ ။

“ သူတို႔ အေၾကြးရစရာရွိတဲ႔သူကို ဟိုတယ္ထဲမွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ျပီး ညွင္းပန္း ႏွိပ္စက္ ရိုက္ႏွက္ေနတယ္လို႔ သတင္းၾကားရလို႔ ေလာက္ကိုင္ၿမိဳ့မရဲစခန္းက ရဲတပ္ၾကပ္ေဇာ္ဦးလြင္ ၊ ကိုးကန႔္ရဲတပ္ဖြဲ႕က ရဲအရာခံ လီဖူခ်ဳံး(ခ) လီဖူဆို နဲ႔႔ တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့တာျဖစ္တယ္၊ အေထာက္အထားမဲ႔ ခိုး၀င္လာတဲ႔ တရုတ္ (က်ား) ၈ ေယာက္ျဖစ္တယ္ ၊ လူ၀င္မႈၾကီးၾကပ္ေရး အက္/ဥပေဒ-၁၃(၁)အရ အေရးယူထားတာျဖစ္တယ္ ” လို႔ ေလာက္ကိုင္ျမိဳ႕မရဲစခန္းက ရဲ၀န္ထမ္းတစ္ဦးက ေျပာပါတယ္။

အေထာက္အထားမဲ႔ ခိုး၀င္လာတဲ႔ တရုတ္နိုင္ငံသား အမ်ိဳးသား (၈)ဦးဟာ တရုတ္နိုင္ငံ၊ ယူနန္ျပည္နယ္၊ ယုံခန္းခရိုင္၊ ယုံတဲၿမိဳ့မွာ ေနထိုင္သူေတြျဖစ္တယ္လို႔ လူ၀င္မႈၾကီးၾကပ္ေရးအဖြဲ႔ရဲ႕ စစ္ေဆးေပၚခ်က္ေတြအရ သိရပါတယ္။

အဲ႔ဒီ ခိုး၀င္ တရုတ္ ၈ ဦး နဲ႔ ဗမာ တစ္ေယာက္ဟာ ေလာက္ကိုင္ျမိဳ႕ခံ လူတစ္ဦးကို အေၾကြးရစရာရွိတဲ႔အတြက္ ဟိုတယ္ထဲမွာဖမ္းဆီးျပီး ခ်ဳပ္ေႏွာင္ ႏွိပ္စက္ခဲ႔တာျဖစ္ပါတယ္။

ညွင္းပန္းႏွိပ္စက္ခံရသူကိုေတာ႔ ေလာက္ကိုင္ ျပည္သူ႕ေဆးရံုမွာ ရဲေဆးစာနဲ႔ ပို႔ေဆာင္ျပီး ေဆးကုသမႈ ခံယူေနတယ္လို႔ သိရပါတယ္။

ဒါ႔အျပင္ ျပီးခဲ႔တဲ႔ ၾသဂုတ္ ၁ ရက္ေန႔ကေန စက္တင္ဘာ ၁၆ရက္ေန႔အထိ တရုတ္ – ျမန္မာ နယ္စပ္ခိုး၀င္လမ္းေၾကာင္းေတြကေန အေထာက္အထားမဲ႔ ဝင္လာတဲ့ တရုတ္နိုင္ငံသား ၁၀၀ေက်ာ္ကို သက္ဆိုင္ရာရဲစခန္းေတြမွာ အမႈဖြင္႔အေရးယူထားတယ္လို႔ ရဲမွတ္တမ္းေတြအရ သိရပါတယ္။

ဓာတ္ပံု – ေလာက္ကိုင္ျမိဳ႕မရဲစခန္း
#voiceofmyanmar #VOM #ေလာက္ကိုင္ #တ႐ုတ္လူမ်ိဳး #အေထာက္အထားမဲ့

Related posts

Leave a Comment

VOM News

FREE
VIEW