အနံ့ပျောက်သူနဲ့ ရောဂါလက္ခဏာမပြသူကို ကွာရန်တင်း သီးခြားထားမယ်

အနံ့ပျောက်သူနဲ့ ရောဂါလက္ခဏာမပြသူကို ကွာရန်တင်း သီးခြားထားမယ်

ရန်ကုန်၊ စက်တင်ဘာ ၁၆-၂၀၂၀
သိင်္ဂီ(VOM)

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ အနံ့မရရှိတဲ့ ကိုဗစ်ရောဂါသံသယရှိသူ‌တွေကို သီးခြားခွဲထားဖို့အတွက် နေရာတွေ ပြင်ဆင်နေတယ်လို့ လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးရေး instituteကနေ သိရပါတယ်။

လက်ရှိမှာ အနံ့မရရှိတဲ့ လူနာဆက်သွယ်မှုတွေရှိလာတဲ့အတွက် အနံ့ပျောက်တဲ့ လူနာအများစုဟာ ဆေးစစ်ချက်ရယူတဲ့အခါ ကိုဗစ်ရောဂါပိုးတွေ့ရှိရတာကြောင့် ရောဂါလက္ခဏာဘာမှမပြတဲ့ ကိုဗစ်သံသယလူနာတွေနဲ့ ရောနှောပြီး ကွာရန်တင်းမထားတော့ဘဲ သီးသန့်ထားပြီး စောင့်ကြည့်မှာဖြစ်တယ်လို့ သိရပါတယ်။

“အနံ့မရတဲ့သူတွေ များလာတယ်။ အနံ့မရဘူး ပြောတဲ့သူတွေ၊ ကိုယ်ကိုယ်တိုင် အသိတရားရှိရှိနဲ့လာရောက်အကြောင်းကြားတဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဆေးရုံကြီးတွေကို တိုက်ရိုက်ပို့ဆောင်ပေးတယ်။ ဆေးရုံကြီးကို ပို့လို့မရသေးတဲ့အခြေအနေကြရင် လက်ရှိ ကွာရန်တင်းစင်တာမှာ သီးခြားနေရာဖန်တီးပေးပြီး တော့ အဲဒီမှာထား ခဏစောင့်ကြည့်ပေးတယ်။ အဲဒီလူတွေထားဖို့ သီးခြားနေရာတွေလိုလာပြီ။ အဲဒီလူတွေကို သီးခြားထားမယ့် နေရာတွေ စပြီး စီစဉ်နေပါပြီ”လို့ လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးရေး institute ဥက္ကဋ္ဌ ကိုဇေကိုကိုကပြောပါတယ်။

ဒါကြောင့် လှိုင်သာယာမြို့နယ်ဆေးရုံထဲက တည်းခိုရိပ်သာမှာ အနံ့မရရှိတဲ့သူတွေကို ထားရှိမှာဖြစ်ပြီး ရောဂါလက္ခဏာ ဘာမှမပြတဲ့ primary contact တွေကိုတော့ လှိုင်သာယာ သာသနာ့ဗိမာန်မှာ အသွားအလာကန့်သတ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

“လှိုင်သာယာ ဆေးရုံဝန်းထဲက တည်းခိုရိပ်သာမှာစီစဉ်နေတယ်။ အဲ့ဒီမှာ ၂၈ ယောက်ထားလို့ရတယ်။ အဲ့မှာ သက်မှတ် လူအရေတွက်ပြည့်သွားရင် နောက်ထပ်တစ်နေရာစီစဉ်ထားတယ်။ ပိုးတွေ့လူနာကွန်တက်တော့မှန်တယ်၊ ဒါပေမယ့် အနံ့မရတဲ့သူတွေကို သပ်သပ်ထားမှာဖြစ်တယ်။ ခုဆို ဆက်သွယ်လာတဲ့သူတွေလည်းရှိနေတယ်။ ကျနော့်ဆီကို ဆက်သွယ်လာတာကို ၃ ယောက်ရှိတယ်။ ဒီ ၃ ယောက်ကလည်း စစ်လိုက်တော့ positive ဖြစ်သွားတယ်။”လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုမြတ်မင်းသူကပြောပါတယ်။

ကို‌ဗစ်ဒုတိယလှိုင်းမှာ အနံ့ခံအာရုံမရတော့တဲ့ လူနာတွေ များလာတာကြောင့် သီးသန့်နေရာတွေ သတ်မှတ်ထားရှိနိုင်ဖို့ ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိ လှိုင်သာယာမြို့နယ်မှာ COVID -19 ရောဂါပိုးတွေ့လူနာ ၅၀ ကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်တိုင်းထဲမှာ လူဦးရေထူထပ်ပြီး လူနေထိုင်မှုအများဆုံး‌မြို့နယ်ဖြစ်သလို စက်ရုံတွေလည်းများပြားစွာရှိတဲ့အတွက် အထူးဂရုစိုက်ဆောင်ရွက်နေရတယ်လို့လည်း သိရပါတယ်။

Photo – Myat Min Thu

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #အနံ့မရသူ #ရောဂါလက္ခဏာမပြသူ #သီးခြားထားမယ်

Zawgyi

အနံ႔ေပ်ာက္သူနဲ႔ ​ေရာဂါလကၡဏာမျပသူကို ကြာရန္တင္း သီးျခားထားမယ္

ရန္ကုန္၊ စက္တင္ဘာ ၁၆-၂၀၂၀
သိဂႌ(VOM)

ရန္ကုန္ၿမိဳ႔၊ လိႈင္သာယာျမိဳ့နယ္မွာ အနံ႔မရရွိတဲ့ ကိုဗစ္ေရာဂါသံသယရွိသူ‌ေတြကို သီးျခားခြဲထားဖို့အတြက္ ေနရာေတြ ျပင္ဆင္ေနတယ္လို႔ လွိုင္သာယာၿမိဳ့နယ္ ဖြံ့ၿဖိဳးေရး instituteကေန သိရပါတယ္။

လက္႐ွိမွာ အနံ့မရရွိတဲ့ လူနာဆက္သြယ္မႈ​ေတြ႐ွိလာတဲ့အတြက္ အနံ႔ေပ်ာက္တဲ့ လူနာအမ်ားစုဟာ ေဆးစစ္ခ်က္ရယူတဲ့အခါ ကိုဗစ္ေရာဂါပိုးေတြ႔႐ွိရတာေၾကာင့္ ေရာဂါလကၡဏာဘာမွမျပတဲ့ ကိုဗစ္သံသယလူနာေတြနဲ႔ ေရာေႏွာၿပီး ကြာရန္တင္းမထားေတာ့ဘဲ သီးသန္႔ထားၿပီး ေစာင့္ၾကည့္မွာျဖစ္တယ္လို႔ သိရပါတယ္။

“အနံ့မရတဲ့သူေတြ မ်ားလာတယ္။ အနံ႔မရဘူး ေျပာတဲ့သူေတြ၊ ကိုယ္ကိုယ္တိုင္ အသိတရားရွိရွိနဲ႔လာေရာက္အေၾကာင္းၾကားတဲ့သူေတြကို သက္ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ တိုက္ရိုက္ဆက္သြယ္ၿပီး ေဆး႐ုံႀကီးေတြကို တိုက္ရိုက္ပို့ေဆာင္ေပးတယ္။ ေဆး႐ုံႀကီးကို ပို့လို့မရေသးတဲ့အေျခအေနၾကရင္ လက္ရွိ ကြာရန္တင္းစင္တာမွာ သီးျခားေနရာဖန္တီးေပးၿပီး ေတာ့ အဲဒီမွာထား ခဏေစာင့္ၾကည့္ေပးတယ္။ အဲဒီလူေတြထားဖို့ သီးျခားေနရာေတြလိုလာၿပီ။ အဲဒီလူေတြကို သီးျခားထားမယ့္ ေနရာေတြ စၿပီး စီစဥ္ေနပါၿပီ”လို႔ လွိုင္သာယာၿမိဳ့နယ္ ဖြံ့ၿဖိဳးေရး institute ဥကၠ႒ ကိုေဇကိုကိုကေျပာပါတယ္။

ဒါေၾကာင့္ လိႈင္သာယာၿမိဳ႕နယ္ေဆး႐ုံထဲက တည္းခုိရိပ္သာမွာ အန႔ံမရ႐ွိတဲ့သူေတြကို ထား႐ွိမွာျဖစ္ၿပီး ေရာဂါလကၡဏာ ဘာမွမျပတဲ့ primary contact ေတြကိုေတာ့ လိႈင္သာယာ သာသနာ့ဗိမာန္မွာ အသြားအလာကန္႔သတ္​ေစာင့္ၾကည့္​ေနတယ္လို႔ သိရပါတယ္။

“လိႈင္သာယာ ​ေဆး႐ုံဝန္းထဲက တည္းခိုရိပ္သာမွာစီစဥ္ေနတယ္။ အဲ့ဒီမွာ ၂၈ ေယာက္ထားလို႔ရတယ္။ အဲ့မွာ သက္မွတ္ လူအေရတြက္ျပည့္သြားရင္ ေနာက္ထပ္တစ္​ေနရာစီစဥ္ထားတယ္။ ပိုးေတြ႔လူနာကြန္တက္ေတာ့မွန္တယ္၊ ဒါေပမယ့္ အနံ႔မရတဲ့သူေတြကို သပ္သပ္ထားမွာျဖစ္တယ္။ ခုဆို ဆက္သြယ္လာတဲ့သူေတြလည္း႐ွိေနတယ္။ က်​ေနာ့္ဆီကို ဆက္သြယ္လာတာကို ၃ ေယာက္႐ွိတယ္။ ဒီ ၃ ေယာက္ကလည္း စစ္လိုက္ေတာ့ positive ျဖစ္သြားတယ္။”လို႔ လိႈင္သာယာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ကိုျမတ္မင္းသူကေျပာပါတယ္။

ကို‌ဗစ္ဒုတိယလွိုင္းမွာ အနံ့ခံအာ႐ုံမရေတာ့တဲ့ လူနာ​ေတြ မ်ားလာတာ​ေၾကာင့္ သီးသန႔္ေနရာ​ေတြ သတ္မွတ္ထားရွိနိုင္ဖို႔ ​ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး လက္ရွိ လွိုင္သာယာၿမိဳ့နယ္မွာ COVID -19 ေရာဂါပိုးေတြ႕လူနာ ၅၀ ေက်ာ္အထိ ႐ွိ​ေနတယ္လို႔ သိရပါတယ္။

လိႈင္သာယာၿမိဳ့နယ္ဟာ ရန္ကုန္တိုင္းထဲမွာ လူဦးေရထူထပ္ၿပီး ​လူေနထိုင္မႈအမ်ားဆုံး‌ၿမိဳ႕နယ္ျဖစ္သလို စက္႐ုံ​ေတြလည္းမ်ားျပားစြာ႐ွိတဲ့အတြက္ အထူးဂ႐ုစိုက္ေဆာင္ရြက္ေနရတယ္လို႔လည္း သိရပါတယ္။

Photo – Myat Min Thu

#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #အန႔ံမရသူ #ေရာဂါလကၡဏာမျပသူ #သီးျခားထားမယ္

Related posts

Leave a Comment

VOM News

FREE
VIEW