၀န်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ဂျပန်ပါလီမန်အတည်ပြု ခန့်အပ်

၀န်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ဂျပန်ပါလီမန်အတည်ပြု ခန့်အပ်

တိုကျို၊ စက်တင်ဘာ-၁၆-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအဘေး ရာထူးကနေနှုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ဂျပန်ပါလီမန်က ရွေးချယ်အတည်ပြုလိုက်ပါတယ်။

ဆူဂါဟာ အာဏာရပါတီရဲ့ခေါင်းဆောင်အဖြစ် ယခုသီတင်းပတ်အစောပိုင်မှာ ရွေးချယ်ခံရပြီးနောက် စက်တင်ဘာ ၁၆ ရက်မှာ ပါလီမန်က မဲခွဲဆုံးဖြတ်ပြီး သူ့ကိုဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြုလိုက်တာဖြစ်ပါတယ်။

ရှင်ဇိုအဘေးရဲ့အနီးကပ်မဟာမိတ်ဖြစ်သူ ဝန်ကြီးချုပ်သစ်ဟာ ယခင်ကမူဝါဒတွေအတိုင်း ဆက်လက်ကျင့်သုံးမယ်လို့ မျှော်လင့်ရပါတယ်။

ဝန်ကြီးချုပ်ရှင်ဇိုအဘေးကတော့ ကျန်းမာရေးအခြေအနေကြောင့် လွန်ခဲ့တဲ့လမှာ နှုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်အစောပိုင်းမှ မစ္စတာအာဘေးဟာ သူ့ရဲ့ အစိုးရအဖွဲ့နောက်ဆုံးအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး ရှစ်နှစ်ကြာဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ဆောင်မှုနိုင်မှုတွေအတွက် ဂုဏ်ယူမိကြောင်း သတင်းထောက်တွေကို သူကပြောပါတယ်။

မစ္စတာဆူဂါဟာ ဂျပန်အောက်လွှတ်တော်မှာ ၄၆၂ မဲအနက် ၃၁၄ မဲရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ်အတည်ပြုဖို့ မဲခွဲရာမှာ လွယ်လင့်တကူ အနိုင်ရရှိခဲ့ပါတယ်။

သူဟာ အစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ရှင်ဇိုအဘေးပြီးရင် ဂျပန်အစိုးရမှာ အတွေ့အကြုံရင့် တာဝန်ရှိသူတစ်ဦးဖြစ်ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Zawgyi

၀န္ၾကီးခ်ဳပ္သစ္အျဖစ္ ယိုရွီဟီဒီဆူဂါကို ဂ်ပန္ပါလီမန္အတည္ျပဳ ခန္႔အပ္

တိုက်ိဳ၊ စက္တင္ဘာ-၁၆-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္၀န္ၾကီးခ်ဳပ္ရွင္ဇိုအေဘး ရာထူးကေနနႈတ္ထြက္ျပီးေနာက္ ၀န္ၾကီးခ်ဳပ္သစ္အျဖစ္ ယိုရွီဟီဒီဆူဂါကို ဂ်ပန္ပါလီမန္က ေရြးခ်ယ္အတည္ျပဳလိုက္ပါတယ္။

ဆူဂါဟာ အာဏာရပါတီရဲ႕ေခါင္းေဆာင္အျဖစ္ ယခုသီတင္းပတ္အေစာပိုင္မွာ ေရြးခ်ယ္ခံရျပီးေနာက္ စက္တင္ဘာ ၁၆ ရက္မွာ ပါလီမန္က မဲခြဲဆံုးျဖတ္ျပီး သူ႔ကို၀န္ၾကီးခ်ဳပ္သစ္အျဖစ္ အတည္ျပဳလိုက္တာျဖစ္ပါတယ္။

ရွင္ဇိုအေဘးရဲ႕အနီးကပ္မဟာမိတ္ျဖစ္သူ ၀န္ၾကီးခ်ဳပ္သစ္ဟာ ယခင္ကမူ၀ါဒေတြအတိုင္း ဆက္လက္က်င္႔သံုးမယ္လို႔ ေမွ်ာ္လင္႔ရပါတယ္။

၀န္ၾကိီးခ်ဳပ္ရွင္ဇိုအေဘးကေတာ႔ က်န္းမာေရးအေျခအေနေၾကာင္႔ လြန္ခဲ႔တ႔ဲလမွာ နႈတ္ထြက္မယ္လို႔ ေၾကညာခဲ႔ပါတယ္။

စက္တင္ဘာ ၁၆ ရက္အေစာပိုင္းမွ မစၥတာအာေဘးဟာ သူ႔ရဲ႕ အစိုးရအဖြဲ႔ေနာက္ဆံုးအစည္းအေ၀းတစ္ရပ္ကို က်င္းပခဲ႔ျပီး ရွစ္နွစ္ၾကာ၀န္ၾကီးခ်ဳပ္အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ႔စဥ္အတြင္း ေဆာင္မႈနိုင္မႈေတြအတြက္ ဂုဏ္ယူမိေၾကာင္း သတင္းေထာက္ေတြကို သူကေျပာပါတယ္။

မစၥတာဆူဂါဟာ ဂ်ပန္ေအာက္လႊတ္ေတာ္မွာ ၄၆၂ မဲအနက္ ၃၁၄ မဲရရိွခဲ႔ျပီး ၀န္ၾကီးခ်ဳပ္အျဖစ္အတည္ျပဳဖို႔ မဲခြဲရာမွာ လြယ္လင္႔တကူ အနိုင္ရရိွခဲ႔ပါတယ္။

သူဟာ အစိုးရအဖြဲ႔အတြင္းေရးမွဴးအျဖစ္ နွစ္ေပါင္းမ်ားစြာ တာ၀န္ထမ္းေဆာင္ခဲ႔ျပီး ၀န္ၾကီးခ်ဳပ္ရွင္ဇိုအေဘးျပီးရင္ ဂ်ပန္အစိုးရမွာ အေတြ႔အၾကံဳရင္႔ တာ၀န္ရိွသူတစ္ဦးျဖစ္ပါတယ္။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တိုက်ိဳ

Related posts

Leave a Comment

VOM News

FREE
VIEW