မန္တလေးမြို့မှာ ပထမဦးဆုံး အသက် ၈၀အရွယ်အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါပိုးနဲ့ သေဆုံး

မန္တလေးမြို့မှာ ပထမဦးဆုံး အသက် ၈၀အရွယ်အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါပိုးနဲ့ သေဆုံး

မန္တလေး၊ စက်တင်ဘာ ၁၇- ၂၀၂၀
ရှိုင်းအောင်(VOM)

မန္တလေးမြို့မှာနေထိုင်တဲ့ အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦးဟာ မနေ့စက်တင်ဘာ ၁၆ရက်နေ့ ညနေပိုင်းက COVID-19 ရောဂါပိုးတွေ့ရှိပြီး မကြာခင်မှာပဲ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ သေဆုံးခဲ့တယ်လို့ မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။

အဲ့ဒီသေဆုံးသူဟာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးက စောင့်ကြည့်လူနာသီးသန့်ကုသဆောင်ကို စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီမှာ စောင့်ကြည့်သံသယလူနာအဖြစ် ဆေးကုသမှုမှုခံယူဖို့ ရောက်ရှိလာတာဖြစ်ပြီး ဓာတ်ခွဲနမူနာအတည်ပြုပြီးချိန်အပြီး ည ၁၁ နာရီကျော်လောက်မှာတင် သေဆုံးခဲ့တာဖြစ်ပါတယ်။

” မနေ့နေ့လယ် ၂ နာရီလောက်ကဆေးရုံကိုရောက်တယ်၊ ညပိုင်း ၁၁ နာရီ ၂၅ မိနစ်မှာ ဆုံးသွားတာ” လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။

သေဆုံးသူ အသက်၈၀အရွယ်အမျိုးသမီးဟာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆×၃၇လမ်းကြား ၆၅×၆၆ လမ်း ကြားမှာနေထိုင်သူဖြစ်တယ်လို့သိရပြီး သူရဲ့မြေးဖြစ်သူ ကိုဗစ်ပိုးတွေ့သူနဲ့ ထိစပ်ခဲ့တယ်လို့်လည်းသိရပါတယ်။

သေဆုံးသူဟာ ဆီးချို၊ သွေးတိုး ရောဂါအခံရှိသူတစ်ဦးဖြစ်တယ်လို့ ဒေါက်တာစုစုဒွေးရဲ့ပြောပြချက်အရသိရပါတယ်။

မန္တလေးတိုင်းအတွင်းမှာ COVID- 19 အတည်ပြုလူနာ သေဆုံးတာဟာ ပထမဦးဆုံးလည်းဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရောဂါဟာ ရောဂါအခံရှိသူတွေမှာဖြစ်ပွားပါက ပုံမှန်လူတွေထက် အခြေအနေပိုဆိုးပြီး ပြင်းထန်းနိုင်တဲ့အပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဒေါက်တာခင်ခင်ကြီးကလည်း အသိပေး ပြောဆိုထားပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ-၃၈၉၄ ဦး၊ရောဂါပျောက်ဆုံးပြီး ဆေးရုံဆင်းခွင့်ရသူ ၉၀၈ ဦး၊ သေဆုံးလူနာ ၄၆ ဦး အထိ ရှိလာနေပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #COVID-19 #Positiveလူနာသေဆုံး

Zawgyi

မႏၲေလးၿမိဳ႔မွာ ပထမဦးဆံုး အသက္ ၈၀အရြယ္အမ်ိဳးသမီးတစ္ဦး ကိုဗစ္ေရာဂါပိုးနဲ႔ ေသဆုံး

မႏၲေလး၊ စက္တင္ဘာ ၁၇- ၂၀၂၀
ရႈိင္းေအာင္(VOM)

မႏၲေလးၿမိဳ႔မွာေနထိုင္တဲ့ အသက္ ၈၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ မေန႔စက္တင္ဘာ ၁၆ရက္ေန႔ ညေနပိုင္းက COVID-19 ေရာဂါပိုးေတြ႕ရွိၿပီး မၾကာခင္မွာပဲ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးမွာ ေသဆုံးခဲ့တယ္လို႔ မႏၲေလးေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာပါတယ္။

အဲ့ဒီေသဆုံးသူဟာ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးက ေစာင့္ၾကည့္လူနာသီးသန႔္ကုသေဆာင္ကို စက္တင္ဘာလ ၁၆ ရက္ေန႔ ေန႔လည္ ၂ နာရီမွာ ေစာင့္ၾကည့္သံသယလူနာအျဖစ္ ေဆးကုသမႈမႈခံယူဖို႔ ေရာက္ရွိလာတာျဖစ္ၿပီး ဓာတ္ခြဲနမူနာအတည္ျပဳၿပီးခ်ိန္အၿပီး ည ၁၁ နာရီေက်ာ္ေလာက္မွာတင္ ေသဆုံးခဲ့တာျဖစ္ပါတယ္။

” မေန႔ေန႔လယ္ ၂ နာရီေလာက္ကေဆး႐ုံကိုေရာက္တယ္၊ ညပိုင္း ၁၁ နာရီ ၂၅ မိနစ္မွာ ဆုံးသြားတာ” လို႔ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာပါတယ္။

ေသဆုံးသူ အသက္၈၀အရြယ္အမ်ိဳးသမီးဟာ မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၃၆×၃၇လမ္းၾကား ၆၅×၆၆ လမ္း ၾကားမွာေနထိုင္သူျဖစ္တယ္လို႔သိရၿပီး သူရဲ႔ေျမးျဖစ္သူ ကိုဗစ္ပိုးေတြ႕သူနဲ႔ ထိစပ္ခဲ့တယ္လို႔္လည္းသိရပါတယ္။

ေသဆုံးသူဟာ ဆီးခ်ိဳ၊ ေသြးတိုး ေရာဂါအခံရွိသူတစ္ဦးျဖစ္တယ္လို႔ ေဒါက္တာစုစုေဒြးရဲ႕ေျပာျပခ်က္အရသိရပါတယ္။

မႏၲေလးတိုင္းအတြင္းမွာ COVID- 19 အတည္ျပဳလူနာ ​ေသဆုံးတာဟာ ပထမဦးဆုံးလည္းျဖစ္ပါတယ္။

ကိုဗစ္ ၁၉ ေရာဂါဟာ ေရာဂါအခံရွိသူေတြမွာျဖစ္ပြားပါက ပုံမွန္လူေတြထက္ အေျခအေနပိုဆိုးၿပီး ျပင္းထန္းႏိုင္တဲ့အျပင္ အသက္ေသဆုံးတဲ့အထိ ျဖစ္ႏိုင္တယ္လို႔ ေဒါက္တာခင္ခင္ႀကီးကလည္း အသိေပး ေျပာဆိုထားပါတယ္။

အခုလက္ရွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ-၃၈၉၄ ဦး၊ေရာဂါေပ်ာက္ဆုံးၿပီး ေဆး႐ုံဆင္းခြင့္ရသူ ၉၀၈ ဦး၊ ေသဆုံးလူနာ ၄၆ ဦး အထိ ရွိလာေနၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #COVID-19 #Positiveလူနာေသဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW