အမေရိကန်သမ္မတအဖြစ် ဂျိုးဘိုင်ဒင်အနိုင်ရရှိကြောင်း ရွေးချယ်ရေးအဖွဲ့ တရားဝင်ကြေညာ

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၅-၂၀၂၀
မျိုးဆက်(VOM)

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ရဲ့ အနိုင်ရရှိမှုကို သမ္မတရွေးချယ်ရေးအဖွဲ့က အတည်ပြုကြေညာလိုက်ပြီး ဒါဟာ ပြည်သူတွေရဲ့ဆန္ဒအတိုင်း အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

အမေရိကန်ရဲ့ ဒီမိုကရေစီဟာ တွန်းအားပေးခြင်း၊ စမ်းသပ်ခြင်း၊ ခြိမ်းခြောက်ခြင်းတွေခံခဲ့ရပြီး ခံနိုင်ရည်ရှိခြင်း၊ စစ်မှန်ခြင်းနဲ့ခိုင်မာခြင်းတို့ကိုသက်သေပြနိုင်ခဲ့တယ်လို့ အနိုင်ရလဒ်ကို တရားဝင်ကြေညာပြီးနောက် ပြောကြေားတဲ့ မိန့်ခွန်းတစ်ရပ်မှာ ဂျိုးဘိုင်ဒင်ကဆိုပါတယ်။

ရွေးကောက်ပွဲအနိုင်ရလဒ်နဲ့ပတ်သက်ပြီး ဒေါ်နယ်ထရန့်က ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေ အားထုတ်လုပ်ဆောင်ခဲ့တာကို သူက ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပြီး လက်ရှိအချိန်ဟာ အမေရိကန်ရဲ့ စာမျက်နှာသစ်ဖွင့်ရမယ့်အချိန်ဖြစ်တယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲအနိုင်ရလဒ် အတည်ပြုလိုက်တာဟာ မစ္စတာဘိုင်ဒင် သမ္မတရာထူးရယူရေးအတွက် တရားဝင်လုပ်ဆောင်ဖို့ လိုအပ်တဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒီမိုကရက်တစ်ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ဂျိုးဘိုင်ဒင်ဟာ နိုဝင်ဘာလမှာကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ဒေါ်နယ်ထရန့်ကို ပြည်နယ်ကိုယ်စားပြုမဲ (၃၀၆) မဲ၊ (၂၃၂) မဲနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW