ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိန်း ၂၀၀ လှူဒါန်း

ဒီဇင်ဘာ ၂၄ . ၂၀၂၀
ယဉ်ပပထွန်း ( VOM)

ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် အလယ်ဘလောက်မှာရှိတဲ့ သျှရီ သျှရီ စန္ဒီဘုရားကျောင်းကို ဒီကနေ့ ညနေ ၃ နာရီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာရောက်ပြီး ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်အတွက် ငွေကျပ်သိန်း ၂၀၀ လှူဒါန်းမူပြုလုပ်ခဲ့ပါတယ် ။

” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တပ်မတော်အရာရှိတွေက ဟိန္ဒိူဘာသာရေးဗဟိုအဖွဲ့ချုပ်ကို အလှူငွေတွေနဲ့အတူ ကိုဗစ်ကာကွယ်တဲ့ပစ္စည်တွေလာရောက်လှူဒါန်းတာပါ ။ ငွေကတော့ ဒီနှစ်မှာ သိန်း ၂၀၀ လှူတာပါ။ မနှစ်က စက်တင်ဘာ ၁၇ ရက်ကလည်း အလှူငွေ ၇၇ သိန်းနဲ့အစားအသောက်တွေလှူပါတယ်။ လှူဒါန်းထားတဲ့အလှူငွေတွေကိုလည်း ကျနော်တို့က ဟိန္ဒိူဘာသာရေးအဖွဲ့အစည်းတွေ ဘုရားကျောင်းတွေကိုပြန်ပြီးတော့ လှူဒါန်းပေးပါတယ်။ အခုလည်း ဆက်လက်ပြီး လှူဒါန်းသွားမှာပါ ။ ၂၀၂၀ မှာ အားလုံးအခက်အခဲဖြစ်နေတဲ့အချိန် လာလှူရတာဝမ်းသာပါတယ်တဲ့၊ ဘာသာတွေအားလုံးကိုလှူတာပါလို့တော့ ပြောခဲ့ပါတယ်”လို့မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ-၃ ဦးအောင်သွင်ကပြောပါတယ်။

ဒါ့အပြင် မနေ့ ဒီဇင်ဘာ၂၃ ရက်နေ့ကလည်း ဗိုလ်အောင်ကျော်လမ်း အပေါ်ဘလောက်မှာရှိတဲ့ စိန့်မေရီ ဘုရားကျောင်းရှိ ကာဒီနယ်လ်ချားလ်စ်ဘို ကို အလှူငွေ သိန်း ၂၀၀ နဲ့အတူ ကိုဗစ် ကာကွယ်ရေးပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #သိန်း၂၀၀လှူ

Related posts

Leave a Comment

VOM News

FREE
VIEW