လန်ဒန်၊ ဇန်နဝါရီ-၂၃-၂၀၂၁
မျိုးဆက် (VOM)
ဗြိတိန်မှာ ကူးစက်မှုတွေဖြစ်ပေါ်နေတဲ့ သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ လူသေဆုံးမှုကို ပိုမိုဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ ကနဦးသက်သေအထောက်အထားတွေမှာ တွေ့ရှိရတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။
ဒါပေမယ့် သေဆုံးသူအရေအတွက်နဲ့ပတ်သက်ပြီး မရေရာမှုတွေများစွာရှိနေဆဲဖြစ်ပြီး လက်ရှိ ကာကွယ်ဆေးတွေဟာ အဲ့ဒီသန္ဓေပြောင်းဗိုင်းရပ်စ်အပေါ် ထိရောက်မှုရှိဖို့ မျှော်လင့်နေကြပါတယ်။
ဗိုင်းရပ်စ်အမျိုးအစားသစ် သို့မဟုတ် မူလဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေရဲ့ သေဆုံးမှုနှုန်းကို နှိုင်းယှဉ်တဲ့ အချက်အလက်တွေကို ပညာရှင်တွေက သုံးသပ်မှုတွေပြုနေပါတယ်။
သန္ဓေပြောင်းဗိုင်းရပ်စ်သစ်ဟာ လက်ရှိမှာတော့ ဗြိတိန်နိုင်ငံတစ်ဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်မှုတွေဖြစ်ပွားနေပါတယ်။
လန်ဒန်နဲ့ နိုင်ငံအရှေ့တောင်ဘက်မှာ ပထမဆုံးတွေ့ရှိခဲ့ရတဲ့ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ပိုမိုလျှင်မြန်စွာ ကူးစက်နိုင်သလို သေဆုံမှုနှုန်း ပိုမိုမြင့်မားစေတဲ့ သက်သေအထောက်အထားအချို့ကို တွေ့ရှိရတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
အဲ့ဒီသန္ဓေပြောင်း ဗိုင်းရပ်စ်မျိုးစိတ်သစ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ ပြင်းထန်တဲ့ ဖိအားတွေအောက်ရောက်ရှိနေရတယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောဆိုပါတယ်။
Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #လန်ဒန်