Voice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၃၁ ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၃၁- ၁- ၂၀၂၁ (VOM) – တတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေး အစမှာတင် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို ရွေးချယ်ဖို့ လျာထား – ၇၂ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ ကျင်းပ – လက်ပံတောင်း သပိတ်စခန်းကို ဦးဆောင်ခဲ့တဲ့ ဆရာတော် ဥူးတိက္ခဉာဏ ပျံလွန်တော်မူ – လူ ၄ ဦး မီးလောင်သေဆုံးရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တောမီးရှို့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်ကို အမှုဖွင့်အရေးယူ – ပေ ၅ ရာကျော်အနက်ရှိတဲ့ ချောက်ထဲ ကားပြုတ်ကျလို့ လူ ၂ ဦး သေဆုံး – ရန်ကုန် မင်္ဂလာဈေးကို မနက်ဖြန် ပြန်ဖွင့်မယ် – ဆန္ဒပြပွဲအကြောင်းပြပြီးတော့ အကြမ်းဖက်လာတာတွေကို တရားဥပဒေမိုးစိုးရေးက ထိထိရောက် ရောက် မကာကွယ်နိုင် – လမ်းဘေးရပ်ထားတဲ့ကားကို…

Read More

တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲကို မြို့နယ် ၃ခုပေါင်း လူ၅ရာကျော်နဲ့ ရန်ကုန်မှာလုပ်

ဇန်နဝါရီ ၃၁ -၂၀၂၁ အေးချမ်းသူ(VOM) တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲကို ဒီကနေ့နေ့လယ် ၃နာရီက ဒဂုံမြို့၊ Mytelရုံးရှေ့၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်ရှေ့နဲ့ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေတို့မှာ စုရပ်လုပ်ပြီး လူအင်အား ၅၀၀ကျော်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေ့မှာပြုလုပ်တဲ့ဆန္ဒပြပွဲဟာ အမေရိကန်နဲ့ ပြည်ပနိူင်ငံတွေက ဝင်ရောက်စွက်ဖက်နေမှုတွေကန့်ကွက်ပွဲမှာ ဦးဆောင်ဟောပြောသူ ဆရာတော်ဦးအဂ္ဂဓဇက “ပြည်ပနိူင်ငံက မြန်မာနိူင်ငံကို သက်သက်ဝင်ပြီး စွက်ဖက်တာဟာ သက်သက်အထင်သေး နှိမ့်ကျနေသလိုဖြစ်နေတယ်၊ နိူင်ငံတစ်နိူင်ငံက ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ပြီး ဝင်စွက်ဖက်တာ အိမ်ရှင်တွေမကောင်းလို့ပါ”လို့ မိန့်ပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်ဟောပြောတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုဟန်မင်းဦးကလည်း “ဒီနေရာကို ရောက်ရှိနေတဲ့သူတွေက ကိုယ်တာဝန်သိစိတ်ဓာတ်နဲ့ ထောက်ခံဖို့ လာကြတာဗျ၊ နေပူထဲမှာ ကိုယ့်အိမ်မှာကိုယ်နေလို့ရရဲ့သားနဲ့ လာနေတာ၊ ဒီလောက်ပြောနေတာ အစိုးရက နားကန်းနေတာလား၊ အခုလို UECအနေနဲ့ မဲပြဿနာကို ဖြေရှင်းလို့ မပေးဘူးဆိုရင် ဘာတွေဆက်ဖြစ်လာမလဲကောင်းတာဖြစ်နိူင်ပါ့မလား”လို့ ပြောသွားပါတယ်။…

Read More

ရေကြောင်းပညာတက္ကသိုလ်က ရာထူးတိုးတဲ့ကိစ္စ တရားမျှတမှုရှိစေဖို့ တောင်းဆို

ဇန်နဝါရီ ၃၁ -၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်က အလုပ်ရုံနည်းပညာဌာနမှ ကတိက ဆရာမတစ်ဦးကို ရာထူးတိုးတာနဲ့ပတ်သက်ပြီး နစ်နာနေမှုဖြစ်ပေါ်နေတာကြောင့် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှာ ၂၀၀၅ ခုနှစ်က စပြီး အငယ်တန်းအင်ဂျင်နီယာ-၂အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ဆရာမ ဒေါ်နုနုစိုးဆိုသူဟာ လုပ်သက် ၁၁ နှစ်ကျော်မှာ ကတိကရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။ အဲ့ဒီလို ကတိကရာထူးတိုးမြှင့်ပြီး ၃ နှစ်အကြာမှာတော့ လစ်လပ်နေတဲ့ အင်ဂျင်နီယာဌာနမှူးကြီး(ဌာနမှူး)ရာထူးကို ဆက်လက်လျှောက်ခဲ့ရာ လုပ်သက်  ၇ နှစ်ငယ်တဲ့ အခြားသူကို ရာထူးတိုးပေးလိုက်တာကြောင့် တင်ပြထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ အင်ဂျင်နီယာမှူးကြီးရာထူးက ၂၀၁၈ ခုနှစ်ကတည်းက လစ်လပ်နေတာပါ ။ အဲ့ဒီ ကတည်းက ဆရာမက အင်ဂျင်နီယာဌာမှူးကြီးကိုလည်း တွဲဖက်ပြီး အလုပ်လုပ်နေရတာပါ။ ဆရာမတို့ကျောင်းမှာက ရာထူးလစ်လပ်နေရင် လျှောက်ထားလို့ရပါတယ်။ လျှောက်လိုက်တဲ့အခါမှာ ဆရာမနဲ့လုပ်သက် ၇ နှစ်ကွာတဲ့လူနဲ့…

Read More

ကျိုင်းတုံမှာ အိမ်စီးကားမှောက်ပြီး တွဲဖက်ပါမောက္ခ ၃ ဦးသေဆုံး

ဇန်နဝါရီ ၃၁ -၂၀၂၁ ကောင်းလက်ျာ(VOM) ရ‌ှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းတုံ-မိုင်းဆက် လမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါလာတဲ့ တွဲဖက်ပါ‌မောက္ခ အမျိုးသမီး ၃ ဦး သေဆုံးပြီး ကျန် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုင်းတုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ကနေ သိရပါတယ်။ ” ကားက ကုန်းအဆင်းဆိုတော့ အရှိန်လွန်တိမ်းမှောက်တဲ့သဘောပါ။ဒီကနေ့မနက်က ၁၉ မိုင်လို့ခေါ်တဲ့ နေရာမှာ အခုခေတ်စကားနဲ့ဆို တိမ်ပင်လယ်သွားကြည့်ပြီး ပြန်လာသူတွေပါ။ ကျိုင်းတုံတက္ကသိုလ်က ပါမောက္ခတွေ ဌာနမှူးတေ‌ွပါ”လို့ ကျိုင်းတုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်အောင်က ပြောပါတယ်။ ကျိုင်းတုံးတက္ကသိုလ်မှ ပါမောက္ခတွေနဲ့ ဌာနမှူးအချို့လိုက်ပါလာတဲ့ အိမ်စီးကားကို အသက် (၃၆ နှစ်)အရွယ် အမျိုးသားတစ်ဦး မောင်းလာပြီး ကျိုင်းတုံ-မိုင်းတုံ-မိုင်းဆတ်လမ်းအတိုင်း ကျိုင်းတုံဘက်ကို မောင်းလာချိန် မိုင်းခွန်းကုန်းဆင်းနေရာမှာ ဘရိတ်ပေါက်ကာ အရှိန်လွန် တိမ်းမှောက်ခဲ့တာလည်းဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်လို့ ယာဉ်မောင်းဖြစ်သူကို…

Read More

လမ်းဘေးရပ်ထားတဲ့ကားကို စစ်ကားက ဝင်တိုက်မိလို့ ၁ ယောက်သေ ၊ ၁၂ ယောက် ဒဏ်ရာရ

ဇန်နဝါရီ ၃၁ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် စမ်းဝကျေးရွာအုပ်စု မုံရွာ – ပုသိမ် အဝေးပြေးကားလမ်းမှာ ရပ်ထားတဲ့ ကားတစ်စီးကို တပ်မတော်ကားတစ်စီးက ဝင်ရောက်တိုက်မိတဲ့အတွက် လူ ၁ ဦးသေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့ ယာဥ်တိုက်မှုဖြစ်စဥ် တစ်ရပ် မနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။ ” အခင်းဖြစ်တာက မုံရွာ ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၁၁၂ /၁ နဲ့ ၁၁၂ / ၂ အကြားမှာ ဖြစ်တာပါ ၊ အမှတ် ၅ ကာကွယ်ရေး ပစ္စည်းစက်ရုံက တပ်ကြပ်ကြီး နန်းဝင်းအောင် မောင်းနှင်လာတဲ့ ယာဥ်အမှတ်……၆ ဘီး ၊ Faw…

Read More

ရန်ကုန် မင်္ဂလာဈေးကို မနက်ဖြန် ပြန်ဖွင့်မယ်

ဇန်နဝါရီ ၃၁ -၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မှာရှိနေတဲ့ မင်္ဂလာဈေးအပါအဝင် မင်္ဂလာဈေးသစ် ၊ ရွှေပြည့်စုံဈေး ၊ မင်္ဂလာမွန်ဈေး ၊ အဆင့်မြင့် မင်္ဂလာဈေး စတဲ့ ဈေး ၅ ဈေးကို မနက်ဖြန် ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး ပြန်ဖွင့်မယ်လို့ မင်္ဂလာဈေးအကိျုးဆောင်အဖွဲ့ကနေ သိရပါတယ်။ မင်္ဂလာဈေးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ပြန်လည်ဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာဌာနကို တင်ပြထားပြီးနောက်ပိုင်း ကျန်းမာရေးကာကွယ်ပစ္စည်းတွေနဲ့အတူ ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်နိုင်ဖို့ ဈေးသူ ၊ ဈေးသားကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးတောင်းဆိုထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ “ ဈေးကိုပိတ်ထားတာက ၄ လနဲ့ ရက် ၂၀ ရှိနေပြီ ။ အန်တီတို့က လေးကြိမ် အစည်းအဝေးထိုင်ပြီးတော့ ကိုဗစ်စည်းကမ်းကျန်းမာရေးအကာအကွယ်တွေနဲ့ ထွက်ပါမယ်ဆိုပြီးတော့ ဈေးအကျိုးဆောင်ကိုယ်စားလှယ်တွေရယ် ဈေးအထက်ကိုယ်စားလှယ်တွေက တာဝန်ယူမှု တာဝန်ခံမှု လက်မှတ်တွေထိုးထားရပါတယ်။ ကျန်းမာရေးနဲ့အညီ…

Read More

ဆန္ဒပြပွဲအကြောင်းပြ အကြမ်းဖက်လာတာတွေကို တရားဥပဒေမိုးစိုးရေးက ထိထိရောက်ရောက် မကာကွယ်နိုင်

ရန်ကုန်-ဇန်နဝါရီ ၃၁ . ၂၀၂၁ ယဉ်ပပထွန်း (VOM) UEC ကို ကန့်ကွက်မှုနဲ့ တပ်မတော်ကို ထောက်ခံတဲ့ ပွဲမှာဆိုရင်တော့ တဖြေးဖြေးနဲ့ ရုန်းရင်း ဆန်ခတ် အသွင်ဆောင်လာတဲ့အခါမှာ ဥပဒေကျော်လွန်အကြမ်းဖက်လာတာတွေကို တရားဥပဒေစိုးမိုးရေးက ထိရောက်စွာမလုပ်နိုင်ဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းတွေကဆိုကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူဒေါက်တာ မျိုးညွှန့်က သူ့အမြင်ကို ခုလိုပြောပါတယ်။ “ မြန်မာနိုင်ငံရဲ့ ပြသာနာက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ အခုက နိုင်ငံမှာက တရားဥပဒေ စိုးမိုးမှုအားနည်းနေတယ်ဆိုတာက သမ္မတရုံး သတင်းစာရှင်းပွဲမှာတောင် ထည့်ပြောရပါတယ် ။ ဥပဒေကိုကျော်လွန်အကြမ်းဖက်လာတာတွေကို တရားဥပဒေစိုးမိုးရေးက ထိရောက်စွာ မလုပ်နိုင်ဘူး ။ တရား ဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့ သူတွေကတော့ မျက်နှာပျက်စရာဖြစ်ပါလိမ့်မယ် “ လို့ ဆိုပါတယ်။ ရန်ကုန်မှာဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးမှုတွေက အောင်မြင်ခဲ့ပေမယ့်လည်း လက်တွေ့မှာ…

Read More

လူ ၄ ဦး မီးလောင်သေဆုံးရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တောမီးရှို့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်ကို အမှုဖွင့်အရေးယူ

ဇန်နဝါရီ ၃၁ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ လူ ၄ ဦး မီးလောင်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအပါအဝင် လူ ၃ ယောက်ကို တောမီးရှို့ခဲ့မှုနဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က လဟယ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီ မီးလောင်မှုဖြစ်စဥ်ဟာ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးဖို့ အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအပါအဝင် လူ ၃ ယောက်က တောမီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ထန်ခေါ်နောက်ကုန်း ကျေရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလန်း ၊ ဦးပါနဲ့ အရင် အုပ်ချုပ်ရေးမှုးဟောင်း ဦးခါနူးဝေကောက် ဆိုတဲ့ ၃ ယောက်ကို လူတွေရဲ့ အသက်ကို သေဆုံးနစ်နာအောင် မီးကိုပေါ့လျော့တန်စွာ အသုံးပြုတယ်ဆိုပြီး ဒုရဲအုပ် ဇော်သန်းထိုက်က တရာလိုပြုလုပ်ပြီး…

Read More

ပေ ၅ ရာကျော်အနက်ရှိတဲ့ ချောက်ထဲ ကားပြုတ်ကျလို့ လူ ၂ ဦး သေဆုံး

ဇန်နဝါရီ ၃၁ ၊ ၂၀၂၁ ကိုတိုးကြီး(VOM) ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကို သွားတဲ့တောင်ပေါ်ကားလမ်းမှာ မနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက အနက်ပေ ၅ ရာကျော်ရှိတဲ့ ချောက်ထဲကို အိမ်စီးကား တစ်စီး အရှိန်မထိန်းနိုင်ဘဲ ကျသွားလို့ ယာဥ်ပေါ်ပါ လူ ၂ ယောက်သေဆုံးခဲ့တယ်လို့ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ” ဖြစ်တာက ဟားခါး – ထန်တလန် ကားလမ်း မိုင်တိုင်အမှတ် ၃ /၁ နဲ့ ၃ / ၂ အကြားရှိတဲ့ တောင်ပေါ်လမ်း ချောက်ထဲကို ကား ပြုတ်ကျတာဖြစ်တယ် ၊ ကားက အိမ်စီးကား ပါရာဒို ခဲရောင်ဖြစ်တယ် ထန်တလန်ကနေ ဟားခါးကို လာရင်း ဖြစ်သွားတာပါ “လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို သွားရောက်လုပ်ကိုင်နေတဲ့…

Read More

ငဖဲမြို့နယ်မှာ လူနေအိမ် ၃၈ လုံးနဲ့ လူ ၂ ယောက် မီးလောင်

ဇန်နဝါရီ ၃၁ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) မကွေးတိုင်း ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု လေးအိမ်စု ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက မီးကြွင်း မီးကျန်ကနေ မီးလောင်ခဲ့တယ်လို့ မကွေးတိုင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးက သိရပါတယ် ။ ” မီးစတင်လောင်တဲ့အိမ်က ယာတောထဲသွားနေကြတာဖြစ်တယ် ၊မီးကြွင်းမီးကျန်ကနေ တဆင့်ကူးဆက်လောင်တာပါ ၊ လူနေအိမ် ၃၈ လုံး ၊ ဓမ္မာရုံ ၁ လုံး မီးလောင်ဆုံးရှုံးတယ် ၊ အိမ်ထောင်မိသားစု ၃၉ စု မီးဘေးသင့်ပြီး လူဦးရေ ၁၃၃ ယောက် မီးဘေးဒုက္ခရောက်ခဲ့ရတယ် ” လို့ ငဖဲမြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်လင်ဦးက ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုဖြစ်စဥ်မှာ တရိစ္ဆာန် အသေအပျောက် မရှိပေမယ့် အမျိုးသား ၂…

Read More
VOM News

FREE
VIEW