ကျိုင်းတုံမှာ အိမ်စီးကားမှောက်ပြီး တွဲဖက်ပါမောက္ခ ၃ ဦးသေဆုံး

ဇန်နဝါရီ ၃၁ -၂၀၂၁
ကောင်းလက်ျာ(VOM)

ရ‌ှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းတုံ-မိုင်းဆက် လမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါလာတဲ့ တွဲဖက်ပါ‌မောက္ခ အမျိုးသမီး ၃ ဦး သေဆုံးပြီး ကျန် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုင်းတုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ကနေ သိရပါတယ်။

” ကားက ကုန်းအဆင်းဆိုတော့ အရှိန်လွန်တိမ်းမှောက်တဲ့သဘောပါ။ဒီကနေ့မနက်က ၁၉ မိုင်လို့ခေါ်တဲ့ နေရာမှာ အခုခေတ်စကားနဲ့ဆို တိမ်ပင်လယ်သွားကြည့်ပြီး ပြန်လာသူတွေပါ။ ကျိုင်းတုံတက္ကသိုလ်က ပါမောက္ခတွေ ဌာနမှူးတေ‌ွပါ”လို့ ကျိုင်းတုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်အောင်က ပြောပါတယ်။

ကျိုင်းတုံးတက္ကသိုလ်မှ ပါမောက္ခတွေနဲ့ ဌာနမှူးအချို့လိုက်ပါလာတဲ့ အိမ်စီးကားကို အသက် (၃၆ နှစ်)အရွယ် အမျိုးသားတစ်ဦး မောင်းလာပြီး ကျိုင်းတုံ-မိုင်းတုံ-မိုင်းဆတ်လမ်းအတိုင်း ကျိုင်းတုံဘက်ကို မောင်းလာချိန် မိုင်းခွန်းကုန်းဆင်းနေရာမှာ ဘရိတ်ပေါက်ကာ အရှိန်လွန် တိမ်းမှောက်ခဲ့တာလည်းဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်လို့ ယာဉ်မောင်းဖြစ်သူကို ကျိုင်းတုံမြို့မရဲစခန်းမှာ
ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၄(က)/၃၃၇/၃၃၈နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo – ရန်နိုင်(သီလဝ)
#voiceofmyanmar #VOM #ကျိုင်းတုံး #အိမ်စီးကားမှောက် #တွဲဖက်ပါမောက္ခသုံးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW