ငဖဲမြို့နယ်မှာ လူနေအိမ် ၃၈ လုံးနဲ့ လူ ၂ ယောက် မီးလောင်

ဇန်နဝါရီ ၃၁ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)

မကွေးတိုင်း ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု လေးအိမ်စု ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက မီးကြွင်း မီးကျန်ကနေ မီးလောင်ခဲ့တယ်လို့ မကွေးတိုင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးက သိရပါတယ် ။

” မီးစတင်လောင်တဲ့အိမ်က ယာတောထဲသွားနေကြတာဖြစ်တယ် ၊မီးကြွင်းမီးကျန်ကနေ တဆင့်ကူးဆက်လောင်တာပါ ၊ လူနေအိမ် ၃၈ လုံး ၊ ဓမ္မာရုံ ၁ လုံး မီးလောင်ဆုံးရှုံးတယ် ၊ အိမ်ထောင်မိသားစု ၃၉ စု မီးဘေးသင့်ပြီး လူဦးရေ ၁၃၃ ယောက် မီးဘေးဒုက္ခရောက်ခဲ့ရတယ် ” လို့ ငဖဲမြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်လင်ဦးက ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်မှာ တရိစ္ဆာန် အသေအပျောက် မရှိပေမယ့် အမျိုးသား ၂ ယောက် မီးလောင်ဒဏ်ရာရခဲ့လို ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

မီးဘေးသင့် အိမ်ထောင်မိသားစုတွေကို လေးအိမ်စု ဘုန်းကြီးကျောင်းနဲ့ သူတို့ရဲ့ နီးစပ်ရာ ဆွေမျိုးသားရင်း အိမ်တွေမှာ ယာယီ ခိုလှုံနေထိုင်ကြပြီး အလတ်တလော လိုအပ်ချက်တွေကို ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ဝိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငဖဲမီးလောင်

ဓာတ်ပုံ ငဖဲမြို့နယ် မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW