တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲကို မြို့နယ် ၃ခုပေါင်း လူ၅ရာကျော်နဲ့ ရန်ကုန်မှာလုပ်

ဇန်နဝါရီ ၃၁ -၂၀၂၁
အေးချမ်းသူ(VOM)
တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲကို ဒီကနေ့နေ့လယ် ၃နာရီက ဒဂုံမြို့၊ Mytelရုံးရှေ့၊ မင်္ဂလာ
တောင်ညွန့်မြို့နယ် ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်ရှေ့နဲ့ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေတို့မှာ စုရပ်လုပ်ပြီး လူအင်အား ၅၀၀ကျော်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေ့မှာပြုလုပ်တဲ့ဆန္ဒပြပွဲဟာ အမေရိကန်နဲ့ ပြည်ပနိူင်ငံတွေက ဝင်ရောက်စွက်ဖက်နေမှုတွေကန့်ကွက်ပွဲမှာ ဦးဆောင်ဟောပြောသူ ဆရာတော်ဦးအဂ္ဂဓဇက “ပြည်ပနိူင်ငံက မြန်မာနိူင်ငံကို သက်သက်ဝင်ပြီး စွက်ဖက်တာဟာ သက်သက်အထင်သေး နှိမ့်ကျနေသလိုဖြစ်နေတယ်၊ နိူင်ငံတစ်နိူင်ငံက ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ပြီး ဝင်စွက်ဖက်တာ အိမ်ရှင်တွေမကောင်းလို့ပါ”လို့ မိန့်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်ဟောပြောတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုဟန်မင်းဦးကလည်း “ဒီနေရာကို ရောက်ရှိနေတဲ့သူတွေက ကိုယ်တာဝန်သိစိတ်ဓာတ်နဲ့ ထောက်ခံဖို့ လာကြတာဗျ၊ နေပူထဲမှာ ကိုယ့်အိမ်မှာကိုယ်နေလို့ရရဲ့သားနဲ့ လာနေတာ၊ ဒီလောက်ပြောနေတာ အစိုးရက နားကန်းနေတာလား၊ အခုလို UECအနေနဲ့ မဲပြဿနာကို ဖြေရှင်းလို့ မပေးဘူးဆိုရင် ဘာတွေဆက်ဖြစ်လာမလဲကောင်းတာဖြစ်နိူင်ပါ့မလား”လို့ ပြောသွားပါတယ်။
သတင်းမီဒီယာတွေနဲ့ပတ်သက်လို့လည်း ဦးဆောင်သူဆရာတော်ဦးအဂ္ဂဓဇက မြန်မာနိူင်ငံသတင်းစာစာနယ်ဇင်းကောင်စီထုတ်ပြန်ချက်နဲ့ အမျိုးသားရေးညီအစ်ကိုမောင်နှမများ(ရန်ကုန်)ရဲ့ ထုတ်ပြန်ချက်ကို ဖတ်ကြားပြခဲ့ပါသေးတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ မဲခိုးသူများဆန့်ကျင်ကြ၊ မဲသမာမှုများအား UECမှဖြေရှင်းပေးရေး ဒို့အရေး၊ပြည်ပမှဝင်ရောက်စွက်ဖက်မှုမှန်သမျှ ဆန့်ကျင်ကြ “စသည်ဖြင့်ကြွေးကြော်ခဲ့ကြပါတယ်။
မနေ့ ဇန်န၀ါရီ ၃၀ရက်နေ့ ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားရှေ့က ဆန္ဒပြပွဲမှာတော့ လမ်းသွားလမ်းလာ လူ ၃ယောက်နဲ့ ဆန္ဒပြသူတွေ ခိုက်ရန်ဖြစ်ခဲ့လို့ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW