ဆန္ဒပြပွဲအကြောင်းပြ အကြမ်းဖက်လာတာတွေကို တရားဥပဒေမိုးစိုးရေးက ထိထိရောက်ရောက် မကာကွယ်နိုင်

ရန်ကုန်-ဇန်နဝါရီ ၃၁ . ၂၀၂၁
ယဉ်ပပထွန်း (VOM)

UEC ကို ကန့်ကွက်မှုနဲ့ တပ်မတော်ကို ထောက်ခံတဲ့ ပွဲမှာဆိုရင်တော့ တဖြေးဖြေးနဲ့ ရုန်းရင်း ဆန်ခတ် အသွင်ဆောင်လာတဲ့အခါမှာ ဥပဒေကျော်လွန်အကြမ်းဖက်လာတာတွေကို တရားဥပဒေစိုးမိုးရေးက ထိရောက်စွာမလုပ်နိုင်ဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းတွေကဆိုကြပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူဒေါက်တာ မျိုးညွှန့်က သူ့အမြင်ကို ခုလိုပြောပါတယ်။

“ မြန်မာနိုင်ငံရဲ့ ပြသာနာက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ အခုက နိုင်ငံမှာက တရားဥပဒေ စိုးမိုးမှုအားနည်းနေတယ်ဆိုတာက သမ္မတရုံး သတင်းစာရှင်းပွဲမှာတောင် ထည့်ပြောရပါတယ် ။ ဥပဒေကိုကျော်လွန်အကြမ်းဖက်လာတာတွေကို တရားဥပဒေစိုးမိုးရေးက ထိရောက်စွာ မလုပ်နိုင်ဘူး ။ တရား ဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့ သူတွေကတော့ မျက်နှာပျက်စရာဖြစ်ပါလိမ့်မယ် “ လို့ ဆိုပါတယ်။

ရန်ကုန်မှာဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးမှုတွေက အောင်မြင်ခဲ့ပေမယ့်လည်း လက်တွေ့မှာ တရားဥပဒေ စိုးမိုးမှုက အားနည်းနေတာတွေလဲ ရှိနေပါတယ် ။

ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့တည်ထောင်သူ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက

“ နိုင်ငံရေးအကြပ်အတည်းက လူအုပ်စုကိုအားကိုးတဲ့ ဝါဒကကြီးထွားနေတယ် ။ နိုင်ငံရေး အင်အားစုတွေက လူအုပ်စုကို အားကိုးကြတယ် ။ မှုပေါ်မှာ အခြေမခံဘဲနဲ့ ရှိတဲ့ အင်အားကို သုံးနေကျတယ် ။ အာဏရပါတီဆိုရင် လူထုထောက်ခံတာပဲဆိုပြီးတော့ လူထုထောက်ခံမှုကို အင်အားအဖြစ်အသုံးပြုတယ် ။ တပ်မတော်နဲ့ ကျန်တဲ့ အင်အားစုတွေကလဲ လက်နက်ရှိတာပဲဆိုပြီးတော့ လက်နက်အားကိုးကျတယ် ။ ကိုယ်မှာ ရှိတဲ့ အင်အားကို တလွဲ အသုံးချ ချင်ကြတယ် ။ ကိုယ်မှာ ရှိနေတဲ့အင်အားကို တလွဲအသုံးမချဘဲနဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းစားပွဲမှာ ထိုင်ပြီးစေ့စပ်ညှိနှိုင်းဆွေးနွေးတဲ့ ယဉ်ကျေးမှု ထွန်းအောင်ဆောင်ရွက်ဖို့မေတ္တာရပ်ခံချင်တယ်“ လို့ ဝေဖန်သုံးသပ်ပါတယ်။

ရန်ကုန်မြို့မှာ ၂၀၂၀ ရွေးကောက်ပွဲပြီးတဲ့အချိန်ကနေ လက်ရှိအချိန်ထိ တပ်မတော် ထောက်ခံပွဲနဲ့ UEC ကန့်ကွက်ဆန္ဒပြတာတွေက မကြာခဏဆိုသလို ပြုလုပ်နေတာတွေ ရှိနေပြီး ကန့်ကွက်ဆန္ဒပြရာမှာလဲ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သလို ဦးဆောင်ဆန္ဒပြနေတဲ့သူတွေက ဘေးကလူတွေကိုရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်တွေ သတင်းသမားတွေကို ရန်ရှာတဲ့ဖြစ်စဉ်တွေလဲရှိပြီး ဖမ်းဆီးမှုအနည်းအကျဉ်းလည်း ရှိနေပါတယ် ။

#voiceofmyanmar #VOM #ဒေါက်တာမျိုးညွန့် #ဒေါက်တာညိုညိုသင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW