တပ်မတော်ရဲ့လုပ်ရပ်ထောက်ခံသူတွေကို ပုသိမ်မြိုခံတွေက သံဗုံးတီးတုံ့ပြန်

ဖေဖော်ဝါရီ ၁၄ -၂၀၂၁ Voice Of Myanmar တပ်မတော်ရဲ့လုပ်ရပ်တွေကို ထောက်ခံကြောင်း မြို့နယ်(၅)မြို့နယ်လူစုပြီး ပုသိမ်မြို့တွင်းကို လှည့်လည်ခဲ့ရာ လမ်းမှာရှိတဲ့အိမ်တွေက စစ်အာဏာရှင် အလိုမရှိကြောင်းနဲ့ အာဏာရှင်စနစ်ကျရှုံးပါစေလို့ကြွေးကြော်ပြီး သံဗုံးတီးကာ တုန့်ပြန်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #ပုသိမ် #တန်ပြန်ဆန္ဒပြပွဲ

Read More

သေနတ်မှန်လို့ သေဆုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်ကို UFL ကျောင်းရှေ့မှာ အလေးပြုအစီအစဉ်ပြုလုပ်

ဖေဖော်ဝါရီ ၁၄ -၂၀၂၁ ရှိုင်းအောင်(VOM) နေပြည်တော်က ဆန္ဒပြတဲ့ထဲမှာ ပါဝင်လို့ သေနတ်ထိမှန်ခံခဲ့ပြီး ဆေးရုံမှာ သေဆုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အလေးပြုတဲ့ အစီအစဉ်တစ်ခုကို မန္တလေးမြို့က UFL(နိုင်ငံခြားဘာသာစကားတက္ကသိုလ်) ကျောင်းရှေ့မှာ ကျောင်းသူကျောင်းသားတွေက ပြုလုပ်ခဲ့ကြပါတယ်။ မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က ရဲမှူးတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး နေပြည်တော်က ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ အောက်စီဂျင်နဲ့ အသက်ဆက်ခဲ့ရကာ မိသားစုဝင်တွေက အောက်စီဂျင်ပိုက်ဖြုတ်ဖို့ မနေ့က ခွင့်ပြုခဲ့ရတာဖြစ်တယ်လို့ ဆေးရုံကနေ သိရပါတယ်။ UFL ကျောင်းသူ၊ ကျောင်းသားတွေက မမြသွဲ့သွဲ့ခိုင်ကို အလေးပြုတဲ့ အစီအစဉ်အပါ အဝင် ဘာသာစကား ၈ မျိုးနဲ့ ဟောပြောပွဲလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ #VOM #voiceofmyanmar #UFL #မြသွဲ့သွဲ့ခိုင် #ဂုဏ်ပြုခြင်းအခမ်းအနား #ဝမ်းနည်းခြင်းအထိမ်းအမှတ်

Read More

ဖေဖော်ဝါရီ၁ရက်ကနေ ဒီနေ့ထိ လူပေါင်း ၃၆၀ဦး ထိန်းသိမ်းခံထားရ

ဖေဖော်ဝါရီ ၁၄-၂၀၂၁ Voice Of Myanmar နစအကောင်စီက အာဏာရယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ စုစုပေါင်း ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံခဲ့ရသူ (၃၈၄) ဦးထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းပြုချက်တွေအရ သိရပါတယ်။ အဲ့ဒီဖမ်းဆီးခံရသူတွေအနက် (၃) ဦးဟာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး (၂၄) ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦးအပါအဝင် (၃၆၀) ဦးမှာ ဆက်လက်ထိန်းသိမ်းခြင်း ခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကယားပြည်နယ်အတွင်း CDM မှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် (၆၁)ဦးထိ ရှိလာပြီဖြစ်တယ်လို့ ကယားပြည်နယ် သပိတ်ကော်မတီက ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ ဖေဖော်ဝါရီ၁ရက်ကနေ ဒီနေ့ထိ ဖမ်းဆီးခံထားရတာ လူပေါင်း ထောင်ဂဏန်းလောက်ထိ ရှိနေပါပြီ။ #VoiceOfMyanmar #VOM #ဖမ်းဆီးခံထားရသူ၃၆၀ဦး

Read More

ကလေးမြို့မှာ အဖွဲ့သစ်တွေပါ ပူးပေါင်းဆန္ဒပြ

ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာလည်း ဆန္ဒပြပွဲမှာ အရင်နေ့တွေက မပါခဲ့တဲ့ လူကယ်ပြန်ဌာန၊ ကလေးသစ်ထုတ်ရေးဌာနတို့ ပါဝင်လာသလို မြင်းချစ်သူများအဖွဲ့နဲ့ ခွေးချစ်သူတွေလည်း မြင်းတွေ ခွေးတွေ ခေါ်ဆောင်ပြီး လိုက်ပါခဲ့ကြပါတယ်။ ဓါတ်ပုံ သိမ်မွေ့ကဗျာ #voiceofmyanmar #VOM #ကလေးမြို့

Read More

ပြည်က ဆန္ဒပြပွဲ

ဖေဖော်ဝါရီ ၁၄-၂၀၂၁ သိင်္ဂီထွန်း(VOM) အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေထဲမှာ ပြည်မြို့ ရွှေဆံတော်ဘုရားက ဝေယျာဝစ္စအသင်းတွေလည်း လမ်းမပေါ်ထွက်ပြီး ပါဝင်လာပါတယ်။ #voiceofmyanmar #VOM #ပြည်

Read More

မန္တလေးမြို့က သံဃသမဂ္ဂအဖွဲ့ဦးဆောင်တဲ့ တပ်ပေါင်းစုသပိတ်စစ်ကြောင်း

ဖေဖော်ဝါရီ ၁၄ -၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂအဖွဲ့က သံဃာတော်တွေဦးဆောင်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ အဖွဲ့ချုပ်တို့ ပူးပေါင်းတဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဒီကနေ့ နေ့လယ် ၂ နာရီက စတင်ပြီး ၃၅ လမ်း၊ ၄၁ လမ်း အတိုင်း လမ်းလျှောက်ချီတက်ကာ အာဏာသိမ်းတာ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #VOM #voiceofmyanmar #ဗကသ #သံဃသမဂ္ဂ #မန္တလေး

Read More

LGBTတွေ ပါဝင်တဲ့ တောင်ငူမြို့က အာဏာရှင်စနစ် ဆန့်ကျင်ရေး

ဖေဖော်ဝါရီ ၁၄-၂၀၂၁ ဓါတ်ပုံ-ကောင်းလက်ျာ(VOM) LGBTတွေ ပါဝင်တဲ့ တောင်ငူမြို့က အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ၈ ‌ရက် မြောက်နေ့ကို ဒီနေ့မနက်က ပြုလုပ်ခဲ့ကြပြီး စစ်ကြောင်းအလိုက် လူဦးရေ ၅၀၀၀၀ ကျော်လောက် ပါဝင်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ဆန္ဒပြ #တောင်ငူ  

Read More
VOM News

FREE
VIEW