မြန်မာနိုင်ငံကို ရန်ပုံငွေထောက်ပံ့မှု အာရှဖွံ့ဖြိုးရေးဘဏ် ရပ်ဆိုင်း

မနီလာ၊ မတ်-၁၂-၂၀၂၁
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာအစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ရန်ပုံငွေပေးအပ်မှုတွေကို အာရှဖွံ့ဖြိုးရေးဘဏ်က ရပ်ဆိုင်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးမီးကဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး အထူးသဖြင့် ဆန္ဒပြပွဲတွေမှာ အရပ်သားတွေသေဆုံးမှုတွေကြောင့်ဖြစ်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ စာချုပ်သစ်တွေနဲ့ပတ်သက်ပြီး ရန်ပုံငွေပေးအပ်မှုတွေကို ဖေဖော်ဝါရီ ၁ ရက်ကတည်းက ယာယီဆိုင်းငံ့ထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး၊ သောက်သုံးရေးရရှိရေးနဲ့ အခြေခံလမ်းပန်းဆက်သွယ်မှုလိုမျိုး စီမံကိန်းတွေအတွက် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရန်ပုံငွေပေးအပ်ခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ကဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အခြားသောဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေပေးအပ်မှုဟာ မြန်မာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပြီး ရန်ပုံငွေတွေရပ်တန့်လိုက်တာဟာ အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်ဘက်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ သူတို့က ထောက်ပြထားပါတယ်။

Ref : NHK
Ref: Reuters
#voiceofmyanmar #VOM #အာရှဖွဲ့ဖြိုးရေးဘဏ်

Related posts

Leave a Comment

VOM News

FREE
VIEW