မိုးကောင်းမြို့နယ် နန့်ဟိုင်နဲ့ ဖားကန့်မြို့နယ် ဂေါ်ရီကျေးရွာ‌ ၂ ခုအနီး KIA နှင့် စစ်တပ်တိုက်ပွဲဖြစ်ပွား

ဖားကန့်-မတ် ၁၂-၂၀၂၁ VOM ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဂေါ်ရီကျေးရွာနဲ့ မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာ အနီး ဗျူဟာကုန်းမှာ KIA တပ်ဖွဲ့နဲ့ တပ်မတော်တို့ မတ်လ ၁၂ ရက်နေ့ နံနက် ၄ နာရီ ဝန်းကျင်ကနေ ၈ နာရီ ဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” နန့်ဟိုင်မှာဖြစ်တာ လဘန်ကထောင်ကြား အဲ့ဒါကို ဒီကုန်းကနေ လက်နက်ကြီး ပစ်ကူပေးတာ အသေအပျောက်တော့ မကြားဘူး မနက်က တိုက်ပွဲကတော့ တော်တော်ကြာတယ် လေယာဉ်တွေ ဘာတွေလာဝဲသွားတာ၊ စခန်းကုန်းမှာလည်း တစ်ချက် နှစ်ချက် လာပစ်သွားတယ် ၊ ရဲစခန်းရှိတယ် အဲ့မှာ ဗျူဟာရှိတယ် ကုန်းပေါ်မှာ ကေအိုင်အေကတော့ အရင်တုန်းကတော့ ရင်း ၆ နယ်ပေါ့ အခုတော့ပျောင်းသွားပြီ ၊ ဗျူဟာကုန်းကပစ်တဲ့ လက်နက်ကျည်အစ ကျလို့ ကလေးတွေထိတယ်…

Read More

ပဲခူးသပိတ်စစ်ကြောင်းက ဖမ်းဆီးခံလူငယ် ၂၅ ဦး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံရ

မတ် ၁၂-၂၀၂၁ KLY(VOM) မနေ့ မတ်လ ၁၁ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က ပဲခူးမြို့နယ် ရွှေမော်ဓောဘုရားလမ်း သပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေး ၄ ဦးအပါအဝင် လူငယ် ၂၅ ဦးကို ဒီနေ့ မတ်လ ၁၂ ရက်နေ့ ပဲခူးမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လှစ်ပြီး ချုပ်မိန့်ရမန်ပေးခဲ့တယ်လို့ လိုက်ပါဝန်းရံနေသူတစ်ဦးကနေ သိရပါတယ်။ “ကျွန်တော်တို့အဖွဲ့က မိန်းကလေး သုံးဦးပါသွားတယ်။ တစ်ခြားအဖွဲ့ကတစ်ဦးနဲ့ လေးဦးပါ။ ကျန်ယောက်ျားလေးတွေ ၂၁ ယောက်လည်းပါနေတာ။ မိဘတွေက သက်သေအထောက်ထားနဲ့တကွ လာမယ့်ရုံးချိန်းမှာ ပြန်ထုတ်ပေးရင်ရမယ်” လို့ လိုက်ပါဝန်းရံနေသူတစ်ဦးက ပြောပါတယ်။ မနေ့က အဲ့ဒီ ၂၅ဦးအပြင် ဆရာဆရာမအချို့လည်း ဖမ်းခံခဲ့ရပေမယ့် ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးမယ့် အနေအထားရှိပြီး ခုချိန်ထိတော့ ပြန်လွတ်လာတာ မရှိသေးပါဘူး။ အခု တရားစွဲဆိုထားတဲ့ လူငယ်…

Read More

မန္တလေး မြရည်န္ဒာတိုက်ခန်းတွေမှာ ညနေပိုင်း ဝင်ရောက်ဖမ်းဆီးမှုများ

မန္တလေး-မတ် ၁၂-၂၀၂၁ Voice of Myanmar မန္တလေး၊ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်က ဆန္ဒပြမှုကို ဖြိုခွဲလို့ ထွက်ပြေးကြတဲ့ သူတွေကို လူနေအိမ်တိုက်ခန်းတွေထဲထိ လိုက်လံဖမ်းဆီးတာမှာ အဆောင်အမှတ် မမ၁၅-နဲ့ တိုက် ၂၁ အခန်း၁၆ က အခန်းတံခါးတွေကိုဖျက်ဝင်ပြီး ရပ်ကွက်လုံခြုံရေးကင်းချသူ ၂ယောက် စုစုပေါင်း ၅ယောက်ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ လတ်တလော တိုက်ခန်းပတ်ဝန်းကျင်တွေမှာ ရဲတပ်ဖွဲ့က လုံခြုံရေးအင်အားအလုံးအရင်နဲ့ လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မြရည်နန္ဒာ

Read More

မိုးကုတ်ရေပူကျောင်းဆရာတော် လူဝတ်လဲ ဖမ်းဆီးခံရ

မတ် ၁၂-၂၀၂၁ Voice Of Myanmar မိုးကုတ်ရေပူကျောင်းဆရာတော် ဦးဣန္ဒကဟာ မနေ့ မတ်လ ၁၁ရက်နေ့ ညနေပိုင်းက လူဝတ်လဲ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဆရာတော်ဦးဣန္ဒကကို မိုးကုတ်က ဆန္ဒပြမှုတွေ ဦးဆောင်တယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ၅၀၅(ခ) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပေမယ့် မနေ့ကမှ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဦးဣန္ဒကရဲ့ တပည့်ဆရာတော်တပါးဖြစ်တဲ့ ဦးရေဝတက “ဆရာတော်နဲ့ ၈၈မျိုးဆက်က ကိုစိုးဌေးကို မိုးကုတ်သပိတ်တွေစထွက်တဲ့ ဖေဖော်ဝါရီ ၇ရက်နေ့ပြီး သိပ်မကြာခင်မှာပဲ သပိတ်ဦးဆောင်တယ်ဆိုပြီး ၅၀၅(ခ)နဲ့ စွဲထားတာ။ မနေ့က ညနေ ၅နာရီလောက်မှာတော့ ဖမ်းခံလိုက်ရတာ ။ ဆရာတော်နဲ့အတူ ဦးဇင်းကိုယ်တိုင်အပါအဝင် ကိုရင်တွေရော ၅ပါး အဖမ်းခံရတာ။ ဦးဇင်းနဲ့ ကိုရင်တွေကို ပြန်လွှတ်လိုက်ပေမယ့် ဆရာတော့်ကိုတော့ အမှုဖွင့်ထားတယ်ဆိုပြီး ပြန်လွှတ်မပေးတော့တာ။ ဦးစိုးဌေးကတော့ အဖမ်းမခံလိုက်ရဘူး” လို့ VOM…

Read More

တွံတေး ဆန္ဒပြသူတွေကို ဖြိုခွင်းရာ သုံးဦးဒဏ်ရာရပြီး ငါးဦးအဖမ်းခံရ

ရန်ကုန်၊ မတ်၁၂- ၂၀၂၁ အေးချမ်းသူ(VOM) ဒီနေ့ မတ်လ ၁၂ရက်နေ့ မနက်ပိုင်း တွံတေးမြို့နယ်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ရာဘာကျည်နဲ့ ကျည်အစစ်တွေသုံးပြီး ဖြိုခွင်းခဲ့ရာ သုံးဦးဒဏ်ရာရပြီး ငါးဦးဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးက “မနက်က ဘောလုံးကွင်းမှာ ဆန္ဒပြတဲ့သူတွေကို ဝင်ပြီးဖြိုတယ်ဖမ်းတယ် ရွှေဆံတော်ဘုရားနားက ထိုင်သပိတ်ကိုလည်း ဝင်ဖမ်းတယ်၊ ရာဘာကျည်ရော ကျည်အစစ်ရောသုံးတာ သုံးဦးထိတယ် ငါးဦးအဖမ်းခံရတယ် “လို့ VOM ကိုပြောပါတယ်။ လက်ရှိအခြေအနေအရ ဖမ်းဆီးခံရသူ ငါးဦးလို့သာ သတင်းရထားပြီး လိုအပ်တာတွေကို ဥပဒေကြောင်းအရ ကူညီပေးသွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်သက်သက်ဝေက ပြောပါတယ်။ တွံတေးမြို့ သပိတ်စစ်ကြောင်းကို ဒီနေ့မှာ ပထမဆုံးအကြိမ် ဖြိုခွဲတာလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #တွံတေး #ဆန္ဒပြ #ဖြိုခွဲ #ဖမ်းဆီး #ဒဏ်ရာရ

Read More

မင်္ဂလာဒုံမှာ စစ်တပ်နဲ့ရဲက ပစ်ခတ်လို့ ရပ်ကွက်ကင်းစောင့်နေသူ ၂ ဦး သေဆုံး

မတ် ၁၂-၂၀၂၁ TG(VOM) မင်္ဂလာဒုံမြို့နယ်၊ မြသီတာရပ်ကွက်မှာ မနေ့ မတ်လ ၁၁ရက် ည ၁ နာရီကျော်လောက်က စစ်တပ်နဲ့ရဲက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ကင်းစောင့်နေတဲ့ ရပ်ကွက်နေအမျိုးသား ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူကနေ သိရပါတယ်။ သေဆုံးသူ ၂ ဦးဟာ မြသီတာရပ်ကွက်နေ ဦးကျော်ဇင်လတ်(ခေါ်) ဦးရှည်ကြီးနဲ့ ဦးဇော်မင်းထွန်းဆိုသူတို့ ဖြစ်ပါတယ်။ ပစ်ခတ်ခံရမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူက “ညက ၁ နာရီလောက်မှာ သေနတ်သံကြားတော့ ကင်းသမားတွေက ရဲတွေဆိုတာကို ပုန်းပြီးအချက်ပြတယ်။ အဲ့မှာ သူတို့ကတံခါးတွေ အတင်းရိုက်ဖွင့်တယ်၊ လူရိပ်တွေ့တာနဲ့ ပစ်တော့တာပဲ။ တံခါး၂ချပ်နဲ့ ပိတ်ထားတာကို ပထမတံခါးကို သူတို့က ရိုက်ဖွင့်ကြပါတယ်။ အဲ့ဒါခု ရင်ဘတ်ထိတဲ့အကိုက ဒုတိယတံခါးနားကနေ ထိသွားတာပါ။ နောက်တစ်ယောက်က ခြေထောက်ထိလို့ပုန်းတာကို ထပ်ပစ်ပြီးခေါ်သွားတယ်။ အသက်၁၇ကောင်လေးလည်း ခေါင်းနောက်ကို ရော်ဘာကျည်ထိပါသေးတယ်။ ဒါပေမယ့်ခုကတော့ စိုးရိမ်စရာမရှိတော့ပါဘူး။…

Read More

တောင်တွင်းကြီးဆေးရုံဝန်းထဲက CDM ဝင်ထားတဲ့ ကျန်မာရေးဝန်ထမ်းတွေ အလုပ်မဆင်းရင် အိမ်ရာကဆင်းဖို့ ညွန်ကြား

ရန်ကုန် မတ် ၁၂ . ၂၀၂၁ ယဉ်ပပထွန်း ( VOM ) မကွေးတိုင်းဒေသကြီး တောင်းတွင်းကြီးမြို့ တောင်တွင်းကြီးဆေးရုံဝန်း ဝန်ထမ်းအိမ်ရာမှာ CDM ဝင်ထားတဲ့ ဝန်ထမ်းတွေကို အလုပ်မဆင်းပါက ဝန်ထမ်းအိမ်ယာကနေ ဆင်းပေးရမယ်လို့ တောင်တွင်းကြီးကျန်းမာရေးအသိုင်းအဝိုင်းက သိရပါတယ် ။ ဝန်ထမ်းအိမ်ရာမှာနေကြတဲ့ CDM ဝင်ကျန်းမာရေးဝန်ထမ်းတွေကို ဒီနေ့မနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲမှူးတို့နဲ့အတူ တ-စ-က ကောင်စီဝင်အဖွဲ့တွေက အလုပ်ဆင်းရန်လာရောက်ပြောဆိုခဲ့ပြီး အလုပ်မဆင်းရင် ဝန်ထမ်းအိမ်ယာကနေ ၁၃ ရက်နေ့ နောက်ဆုံးထားပြီးဆင်းပေးရမယ်လို့ လာရောက်ပြောဆိုခဲ့တယ်လို့လည်းသိရပါတယ် ။ ” လက်ရှိ အလုပ်ဖြုတ်တာတွေမလုပ်ပါဘူး ။ ဖိအားပေးတာမျိုးလည်းမရှိပါဘူး ။လောလောဆယ် သူတို့ အလုပ်ပြန်ပြီးဆင်းစေချင်တာပါ ။ အလုပ်မဆင်းရင် ဒီနေရာနေ ဖယ်ပေး ဆိုပြီးပြောသွားလို့ ကျွန်တော်လူဦးရေ ၉၀ ကျော်လောက်က အခုအိမ်ရာကဆင်းနေပါပြီ” လို့တောင်တွင်းကြီးကျန်းမာရေးမှူးတစ်ဦးက VOM ကိုပြောပါတယ် ။…

Read More

မြန်မာနိုင်ငံနဲ့ ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ ပတ်သက်မှုတွေ တောင်ကိုရီးယားဖြတ်တောက်

ဆိုးလ်၊ မတ်-၁၂-၂၀၂၁ မျိုးဆက်(VOM) တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံအကြား ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ ပတ်သက် ဖလှယ်မှုတွေကို ဖြတ်တောက်မယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုဆက်ဆံရေး ရပ်ဆိုင်းမှုတွေထဲမှာ လက်နက်နဲ့ မဟာဗျူဟာပစ္စည်းကိရိယာတွေ တင်ပို့တာကို ပိတ်ပင်ခြင်းနဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီပေးတာတွေလည်း ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တင်းကြပ်တဲ့အစီအမံတွေနဲ့ အရေးယူဖို့ အီးယူကအသင့်ရှိနေတယ်လို့ အီးယူလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Eamon Gilmore က မတ် ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုပြီးနောက် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ်ကို မြန်မာစစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပြီး ဆန္ဒပြသူတွေကို အကြီးအကျယ်အင်အားသုံးဖြိုခွင်းမှု၊ အများအပြားဖမ်းဆီးမှုနဲ့ အင်တာနက်ပိတ်ပင်တာတွေကို အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ကာ…

Read More

မန္တလေးမြို့မှာ ရဲတပ်ဖွဲ့ရဲ့ ရာဘာကျည်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသား ၁ဦး ဒဏ်ရာရ

မတ် ၁၂ -၂၀၂၁ Voice Of Myanmar မန္တလေး ၊ သိပ္ပံလမ်း(၁၀၁လမ်း)နဲ့ ၆၁ လမ်းဒေါင့်မှာ ဒီနေ့ မတ်လ ၁၂ရက် မွန်းလွဲ တနာရီဝန်းကျင်က ရဲတပ်ဖွဲ့ရဲ့ ရာဘာကျည်နဲ့ ပစ်ခတ်ခံရလို့ အသက် ၄၂ နှစ်အရွယ် ကိုရန်ရှင်း လက်မောင်းဒဏ်ရာရပြီး လူငယ် ၃ ယောက် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ #voiceofmyanmar #vom #မန္တလေး #သိပ္ပံလမ်း

Read More
VOM News

FREE
VIEW