မြန်မာနိုင်ငံနဲ့ ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ ပတ်သက်မှုတွေ တောင်ကိုရီးယားဖြတ်တောက်

ဆိုးလ်၊ မတ်-၁၂-၂၀၂၁
မျိုးဆက်(VOM)

တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံအကြား ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ ပတ်သက် ဖလှယ်မှုတွေကို ဖြတ်တောက်မယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုဆက်ဆံရေး ရပ်ဆိုင်းမှုတွေထဲမှာ လက်နက်နဲ့ မဟာဗျူဟာပစ္စည်းကိရိယာတွေ တင်ပို့တာကို ပိတ်ပင်ခြင်းနဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီပေးတာတွေလည်း ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တင်းကြပ်တဲ့အစီအမံတွေနဲ့ အရေးယူဖို့ အီးယူကအသင့်ရှိနေတယ်လို့ အီးယူလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Eamon Gilmore က မတ် ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုပြီးနောက် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ်ကို မြန်မာစစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပြီး ဆန္ဒပြသူတွေကို အကြီးအကျယ်အင်အားသုံးဖြိုခွင်းမှု၊ အများအပြားဖမ်းဆီးမှုနဲ့ အင်တာနက်ပိတ်ပင်တာတွေကို အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ကာ လက်ရှိအချိန်ထိ ဆန္ဒပြသူ ၅၀ ကျော်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref: Spurnik
ပုံစာ – မန္တလေးမြို့မှာ ဆန္ဒပြသူတွေကို လူစုခွဲနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

#VoiceOfMyanmar #VOM #တောင်ကိုရီးယား #လုံခြုံရေးဆိုင်ရာပတ်သက်မှု #ဖြတ်တောက်

Related posts

Leave a Comment

VOM News

FREE
VIEW