ဒီကနေ့စတင်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ

မတ် ၊၈-၂၀၂၃
MaungMaung(VOM)

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ စတင်ဖြေဆိုကြပါတယ်။

ပထမနေ့ မြန်မာစာဘာသာရပ်အတွက် ဖြေဆိုမယ့်ကျောင်းသားကျောင်းသူတွေဟာ ဖြေဆိုရမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရဲ့စာစစ်ဌာနတွေမှာ သွားရောကိဖြေဆိုနေကြပါပြီ။

“ဒီနေ့ကတော့ မြန်မာစာဘာသာရပ်ဆိုတော့ ဖြေနိုင်ကြမှာပါ။လုံခြုံရေးကိုလည်းစနစ်တကျလုပ်ထားပေးတာတွေ့ရပါတယ်”လို့ ဗိုလ်တထောင်မြို့နယ် အ.ထ.က (၆)မှာစာမေးပွဲလာဖြေဆိုတဲ့ ကျောင်းသားမိဘတစ်ယောက်က VOM ကိုပြောပါတယ်။

အခုနှစ် မတ်လ ၈ ရက် နေ့ကနေ မတ်လ ၁၈ ရက်‌နေ့ထိကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဖြေဆိုဖို့လျှောက်လွှာတင်ထားတဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၇၉၇၄၂ ယောက်ရှိတယ်လို့ နစက က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းသူ စုစုပေါင်း ၃၁၂၄၂၄ ယောက် ရှိခဲ့တဲ့ထဲက ၂၈၁၇၅၁ ယောက် ဖြေဆိုခဲ့ပြီး ၁၃၂၀၇၇ ယောက် အောင်မြင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #တက္ကသိုလ်ဝင်တန်းစာမေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW