ရုရှားက လက်နက်ထောက်ပံ့တာတွေရပ်ရင် ပဋိပက္ခတွေကနေ မြန်မာနိုင်ငံရုန်းထွက်နိုင်မယ်လို့ အမေရိကန်ပြော

၀ါရှင်တန်၊ မတ်-၂၃-၂၀၂၃
မျိုးဆက်(VOM)

ရုရှားအနေနဲ့ မြန်မာအာဏာပိုင်တွေကို လက်နက်ထောက်ပံ့တာတွေရပ်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ပဋိပက္ခကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံ ဒီရက်ခ်ချောလက်က မတ် ၂၂ ရက်မှာ ပြောပါတယ်။

ရုရှားအနေနဲ့ အခုလိုအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူးလို့ ဒီရက်ခ်ချောလက်က ဂျကာတာမှာ သတင်းထောက်တွေကိုပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရုရှားဟာ မြန်မာနိုင်ငံရဲ့အနီးကပ်မိတ်ဆွေဖြစ်ပြီး အာဏာပိုင်တွေအတွက် လက်နက်နဲ့လောင်စာဆီတွေ ပံ့ပိုးပေးနေတာက အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေကျင်းပဖို့ အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပျက်ပြားစေတယ်လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေကို အဖြေရှာပြီး ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပြန်လည်ရရှိမယ့်နည်းလမ်းတခုကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ လက်နက်တွေမတင်သွင်းနိုင်တော့ဘူးဆိုရင် သို့မဟုတ် ရုရှားကလက်နက်ထောက်ပံ့တာတွေကို ရပ်တန့်ခြင်းတွေဖြစ်ကြောင်း သူကပြောပါတယ်။

မြန်မာနိုင်ငံရှိ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်ခြင်းဖြင့် လက်နက်တွေ၀ယ်ယူဖို့ ပိုမိုခက်ခဲလာစေမယ့်နည်းလမ်းတွေကို ရှာဖွေသွားမှာဖြစ်ကြောင်း ဒီရက်ခ်ချောလက်က ဆိုပါတယ်။

လက်ရှိချိန်ထိ အမေရိကန်ဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၈၀ နဲ့အဖွဲ့အစည်း ၃၀ တို့ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် အာဆီယံကိုပံ့ပိုးကူညီမှုဖို့နည်းလမ်းတွေ လုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။

Ref: Antara
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW