ဆူနာမီဖန်တီးနိုင်တဲ့ ရေအောက်နျူကလီးယားတိုက်ခိုက်ရေးးယာဉ် မြောက်ကိုရီးယားစမ်းသပ်

ပြုံးယမ်း၊ မတ်-၂၄-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ရေဒီယိုသတ္တိကြွ ဆူနာမီ ထုတ်လွှတ်ဖန်တီးနိုင်တဲ့ ရေအောက်နျူကလီးယား မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်ကို စမ်းသပ်ခဲ့ကြောင်း မတ် ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီလျှို့ဝှက်လက်နက်ကို တောင်ဟမ်ယောင်ပြည်နယ် ရေပြင်၌ မတ် ၂၁ ရက်မှာ စတင်စမ်းသပ်ခဲ့ပြီး ရေအောက်အနက် ၈၀ မှ ၁၅၀ မီတာအနက်မှာ ၅၉ နာရီကျော်သွားလာခဲ့ပြီး နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းမှာ ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။ မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်ဟာ ရေအောက်မှာ ရေဒီယိုသတ္တိကြွ ဆုနာမီကို ဖန်တီးပြီး ရန်သူ့ရေတပ်နဲ့ ဆိပ်ကမ်းတွေကို ဖျက်ဆီးနိုင်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားစမ်းသပ်ခဲ့တဲ့ ရေအောက်တိုက်ခိုက်ရေးယာဉ်ဟာ ရုရှားနိုင်ငံထုတ် ပိုဆီဒန်တော်ပီဒိုတွေကို နမူနာယူထားပုံရပြီး ရေဒီယိုသတ္တိကြွစေမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီလှိုင်းတွေဟာ အမေရိကန်ကမ်းရိုးတန်မြို့တွေကို ဖျက်ဆီးနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ အဲဒီစမ်းသပ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ အကန့်အသတ်မဲ့နျူကလီးယားစွမ်းရည်ကိုမြှင့်တင်ဖို့…

Read More

လားရှိုးမှာ လက်နက်ကြီး ပေါက်ကွဲလို့ ရွာသား ၂ ဦးသေဆုံး၊ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိ

မတ်၊၂၄-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နားစောက်ကျေးရွာအုပ်စု၊ ခုမ်စုံရွာ (ကုန်းဆုံရွာ)မှာ မနေ့ မတ်၂၃ ရက် မနက်ပိုင်းက လက်နက်ကြီးပေါက်ကွဲမှု ဖြစ်ပွားကာ ဒေသခံရွာသား (၂)ယောက်သေဆုံးပြီး(၂)ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ခုမ်စုံရွာနေ(ကုန်ဆုံရွာ) ဒေသခံတွေဟာ ရွာနဲ့ (၁)မိုင်ခန့်ဝေးတဲ့ ယာခင်းကိုအသွား မပေါက်ကွဲသေးတဲ့ လက်နက်ကြီး (၁)လုံးကိုတွေ့ရှိတာကြောင့် ယာတဲအနီးကို သယ်သွားတဲ့အချိန် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သိရပါတယ်။ “၂ ယောက်က ပွဲချင်းပြီး သေဆုံးသွားတာ၊ ၂ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာတွေရရှိခဲ့တယ်၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို တွေ့လို့ အခြားနေရာ တခုကို ရွှေ့ရင်းဖြစ်တာပါ၊ အကုန်လူငယ်တွေပါ”လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် တဦးကပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရသူ (၂)ယောက်မှာ(၁) ယောက်ကတော့ မျက်စိတဖက်ဆုံးရှုံးရပြီးနောက်(၁) ယောက်ကလည်း ရင်ဘတ်တခုလုံး ထိခိုက်ဒဏ်ရတွေ ရရှိသွားတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူနဲ့ ထိခိုက်ဒဏ်ရာတွေရရှိသူတွေဟာ…

Read More

စလင်းက ရွာတရွာမှာ မီးလောင်လို့ နေအိမ် ၃၀ကျော် မီးလောင်ပြီး လူ ၁၀၀ကျော် မီးဘေးသင့်

မတ် ၂၄ – ၂၀၂၃ GG(VOM) မကွေးတိုင်း၊စလင်းမြို့နယ်၊အောက်လှိုင်းကျေးရွာအုပ်စု၊ပိန္နဲပင်ကျေးရွာမှာ မနေ့ မတ်လ၂၃ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် ၃၂အိမ် ဝန်းကျင် မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ပိန္နဲပင်ရွာက နေအိမ်တအိမ်ကနေ ရေနွေးအိုး တည်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာ​ဖြစ်ပြီး အဲ့ဒီကမှတဆင့် နောက်ထပ် နေအိမ်တွေကို မီးကူးစက်လောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မီးလောင်တာ ၅ နာရီခွဲလောက်ပေါ့။ကျနော်တို့ဆီသတင်းရလို့သွားတော့ မီးကအတော်လေးလောင်ပြီးနေပြီ၊ မီးလောင်ချိန် လျှပ်စစ်မီးမလာဘူး၊လူထိခိုက်တာမရှိဘူး၊မီးလောင်တာကြောင့်ရှော့ရတဲ့လူတယောက်ကိုပဲ ပြုစုလိုက်ရတာရှိတယ် ” လို့ စလင်းကြက်ခြေနီအသင်း အဖွဲ့ဝင်တဦးကပြောပါတယ်။ မီးလောင်မှုကြောင့် မီးသတ်တွက်ချက်တန်ဖိုးငွေ ၁၄၁သိန်းကျော် ဆုံးရှုံးခဲ့ပြီး ပျက်စီးခဲ့တဲ့နေအိမ်တွေဟာ သစ်သား ၊သွပ်မိုးအိမ်တွေ ဖြစ်ကြောင်း လူထိခိုက်သေဆုံးတာမရှိခဲ့ဘူးလို့ သိရပါတယ်။ အဲ့ဒီမီးလောင်မှုကို စလင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ စလင်းကြက်ခြေနီအသင်း၊ဒေသခံရွာသားတွေက ပူးပေါင်းမီးငြိမ်းသတ်ခဲ့တာဖြစ်ပြီး မီးကို ၁ နာရီကျော်ကြာ မီးငြီမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ #voiceofmyanmar…

Read More

ပြည်မြို့က စည်ပင်ရုံးဝန်းထဲမှာ စည်ပင်ဝန်ထမ်းတဦး ဆွဲကြိုးချသေဆုံး

မတ် ၂၃ – ၂၀၂၃ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့နယ် စည်ပင်သာယာက ဝန်ထမ်းအမျိုးသားတဦး စည်ပင်ရုံးဝန်းထဲမှာပဲ ကြိုးဆွဲချသေဆုံးမှု ဒီနေ့မတ်လ ၂၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ကျနော်တို့ရောက်တော့ သေဆုံးသူက အောက်ကိုချပြီးနေပါပြီ။သေဆုံးတာကို ကျနော်တို့ကိုဆက်သွယ်တာတော့ မနက်ပိုင်းမှာပါ၊ဒါပေမယ့် သေဆုံးတာကတော့ ညပိုင်းကတည်းကဖြစ်ဖို့များပါတယ် ၊ သူ့မိသားစုက သားလို့ထင်ရသူတော့ ရောက်လာပေမယ့် သေချာမသိရဘူး။ဘာကြောင့် အခုလိုသတ်သေတယ်ဆိုတာလည်းမသိရသေးပါဘူး။အလောင်းကိုပဲဆေးရုံပို့ခဲ့တာ”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ Pyay Rescue အဖွဲ့ဝင်တဦးကပြောပါတယ် ။ သေဆုံးတဲ့ စည်ပင်ဝန်ထမ်းအမျိုးသားဟာ အသက် ၅၈ နှစ်ဝန်းကျင်ရှိ ဦးဝင်းဌေးဆိုသူဖြစ်ကြောင်း၊ သူဟာ စည်ပင်ရုံးထဲက လိုင်းခန်းမှာနေထိုင်တာဖြစ်ပြီး သူနေထိုင်တဲ့အခန်းထဲမှာပဲ သေဆုံးတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ သေဆုံးစည်ပင်ဝန်ထမ်းအမျိုးသားကို ပြည်မြို့ဆေးရုံကြီးကို ပို့ဆောင်ကာ ရုပ်အလောင်းကိုတော့ မတ်လ ၂၅ ရက်နေ့မှာသဂြိုလ်မှာဖြစ် တယ်လို့သိရပါတယ်။ ပြည်မြို့မှာ အခု မတ်လ…

Read More

ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးတွေသေဆုံးမှု အိန္ဒိယ Marion Biotech ဆေးကုမ္ပဏီကို လိုင်စင်ရုပ်သိမ်း

ဒေလီ၊ မတ်-၂၃-၂၀၂၃ မျိုးဆက်(VOM) ဥဇဘက်ကစ္စတန်နိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ် ၁၈ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး ဆေးရည်ထုတ်လုပ်တဲ့ အိန္ဒိယဆေးကုမ္ပဏီရဲ့ထုတ်လုပ်ရောင်းချခွင့်ကို အာဏာပိုင်တွေက အပြီးရုပ်သိမ်းလိုက်ပါတယ်။ အိန္ဒိယအခြေစိုက် Marion Biotech ကထုတ်လုပ်တဲ့ချောင်းဆိုးပျောက်ဆေးနှစ်မျိုးကို စံချိန်မမှီကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီလအတွင်းက သတိပေးထုတ်ပြန်ထားပြီး ကုမ္ပဏီဘက်ကတော့ အရည်အသွေးမမှီဆိုတာကို ပယ်ချထားပါတယ်။ ဥဇဘက်ကစ္စတန်မှာ အဲဒီဆေးရည်သောက်ပြီး ကလေးတွေသေဆုံးမှုဖြစ်ပွားပြီးနောက် Marion Biotech ရဲ့ထုတ်လုပ်မှုတွေကို အိန္ဒိယကျန်းမာရေး၀န်ကြီးဌာနက ရပ်ဆိုင်းခဲ့ပါတယ်။ လက်ရှိမှာတော့ Marion Biotech ရဲ့လိုင်စင်ကို မတ် ၂၂ ရက်မှာ အပြီးတိုင်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီအခြေစိုက်ရာ ဥတာပရာဒေ့ရ်ှပြည်နယ် အာဏာပိုင်တွေကပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဆေးးဘက်ဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့ ကမ္ဘာ့အကြီးဆုံး အထွေထွေဆေးဝါးတွေတင်ပို့တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးမီကာလတွေအတွင်း အိန္ဒိယဆေးကုမ္ပဏီအများအပြားဟာ သူတို့ရဲ့ဆေးဝါးအရည်အသွေးနဲ့ပတ်သက်ပြီး တာ၀န်ရှိသူတွေရဲ့ စစ်ဆေးမှုတွေအောက်မှာရှိနေကာ ဆေးဝါးထုတ်လုပ်တဲ့ စံချိန်စံညွှန်းတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက စိုးရိမ်မှုတွေရှိနေပါတယ်။ Ref: BBC Photo:…

Read More

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို လိုက်ထရပ်ကားက ဝင်တိုက်၊ လူ၂ယောက်သေဆုံးပြီး ၁၆ ယောက်ဒဏ်ရာရ

မတ် ၂၃ -၂၀၂၃ GG(VOM) ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၈၄/၁)နှင့်(၂၈၄/၂)ကြားမှာ ရပ်ထားတဲ့ကုန်ကားကို လိုက်ထရပ်ကားက ဝင်တိုက်မိလို့ ကားပေါ်ပါသူတွေထဲက ၂ ယောက်သေဆုံးပြီး ၁၆ ယောက်ဒဏ်ရာရရှိခဲ့မှု ဒီနေ့မတ်လ ၂၃ ရက် မနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူက အသက် ၃၇ နှစ်နဲ့ ၅၉ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး ၊ဒဏ်ရာရသူတွေက အမျိုးသမီး ၁၂ ယောက်နဲ့ အမျိုးသား ၄ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။ ” ယာဥ်မောင်းက အိပ်ငိုက်ပြီး ရပ်ထားတဲ့ကားကို ဝင်တိုက်တာပါ။ကားပေါ်မှာ အယောက်၂၀ လောက်ပါတယ်ပြောတယ်။ဒဏ်ရာရတာကတော့ ၁၆ ယောက်၊သေဆုံးက ၂ ယောက်ပါ ၊ဒဏ်ရာရသူတွေကိုဆေးရုံပို့ထားတယ်၊သေတဲ့သူတွေက ယာဥ်မောင်းမဟုတ်ပါဘူး”လို့ ကူညီရေးလမ်းကြောင်းဆောင်ရွက်ခဲ့တဲ့ ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။ လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို မိတ္တီလာဆေးရုံ ပို့ဆောင်ထားကြောင်း၊ဒဏ်ရာရသူတွေက ခေါင်းပေါက်၊ခြေကျိုး၊လက်ကျိုးစတဲ့ဒဏ်ရာတွေသာရရှိခဲ့လို့ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့…

Read More

ရုရှားက လက်နက်ထောက်ပံ့တာတွေရပ်ရင် ပဋိပက္ခတွေကနေ မြန်မာနိုင်ငံရုန်းထွက်နိုင်မယ်လို့ အမေရိကန်ပြော

၀ါရှင်တန်၊ မတ်-၂၃-၂၀၂၃ မျိုးဆက်(VOM) ရုရှားအနေနဲ့ မြန်မာအာဏာပိုင်တွေကို လက်နက်ထောက်ပံ့တာတွေရပ်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ပဋိပက္ခကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံ ဒီရက်ခ်ချောလက်က မတ် ၂၂ ရက်မှာ ပြောပါတယ်။ ရုရှားအနေနဲ့ အခုလိုအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူးလို့ ဒီရက်ခ်ချောလက်က ဂျကာတာမှာ သတင်းထောက်တွေကိုပြောပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရုရှားဟာ မြန်မာနိုင်ငံရဲ့အနီးကပ်မိတ်ဆွေဖြစ်ပြီး အာဏာပိုင်တွေအတွက် လက်နက်နဲ့လောင်စာဆီတွေ ပံ့ပိုးပေးနေတာက အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေကျင်းပဖို့ အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပျက်ပြားစေတယ်လို့ သူကဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေကို အဖြေရှာပြီး ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပြန်လည်ရရှိမယ့်နည်းလမ်းတခုကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ လက်နက်တွေမတင်သွင်းနိုင်တော့ဘူးဆိုရင် သို့မဟုတ် ရုရှားကလက်နက်ထောက်ပံ့တာတွေကို ရပ်တန့်ခြင်းတွေဖြစ်ကြောင်း သူကပြောပါတယ်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်ခြင်းဖြင့် လက်နက်တွေ၀ယ်ယူဖို့ ပိုမိုခက်ခဲလာစေမယ့်နည်းလမ်းတွေကို ရှာဖွေသွားမှာဖြစ်ကြောင်း ဒီရက်ခ်ချောလက်က ဆိုပါတယ်။ လက်ရှိချိန်ထိ အမေရိကန်ဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၈၀ နဲ့အဖွဲ့အစည်း…

Read More

မူဆယ်နယ်စပ်က သွင်းကုန်စစ်ဆေးရေး တင်းကြပ်နေတာကြောင့် ခက်ခဲမှုတွေရှိနေ

မတ် ၂၃-၂၀၂၃ Shy V(VOM) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မူဆယ်နယ်စပ်က သွင်းကုန်‌တွေကို လတ်တလော စစ်ဆေးရေး တင်းကြပ်နေတာကြောင့် ကြန့်ကြာခက်ခဲနေတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ဒုက္ခ ရောက်လွန်းလို့ပါ။ အပြည့်ဆောင်ပြန်တော့လည်း ဖမ်းတယ်။ Brand name လွဲလို့တဲ့။ မြန်မာတနိုင်ငံလုံးသိတယ်။ တရုတ်ထုတ်ကုန်တွေ Brandတွေ မှိုလို ပေါက်နေတာပဲ။ နာမည်မရှိတဲ့ Brand တွေဆိုလဲ လိုင်စင်က မရ။ ရှိတဲ့ဟာနဲ့ ဆောင်ပြန်တော့လည်း ဖမ်း။”လို့ နယ်စပ် ကုန်သည်တဦးက ပြောပါတယ်။ ဂျူတီဆောင်ပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က လွှတ်လိုက်တာ ဖြစ်ပေမယ့် ရေပူဂိတ် နဲ့ ၁၆ မိုင်ဂိတ် မှာ ပြန်ဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် ကုန်သည် ၁ ဦး ကလည်း “၁၀၅ မိုင်မှာ…

Read More

ရန်ကုန်-မန္ထလေးအမြန်ရထား(၂)စင်း လမ်းချော်ပြီး တိမ်းမှောက်ခဲ့သလို မိုင်းပေါက်ကွဲလို့ ဒဏ်ရာရသူတွေရှိခဲ့

မတ် ၂၂ – ၂၀၂၃ GG(VOM) တောင်ငူခရိုင်ထဲမှာ ရန်ကုန် – မန္တလေး ရထား ၂စင်း လမ်းချော်ပြီးတိမ်းမှောက်မှုဖြစ်ပွားခဲ့သလို ရထားလမ်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်က ဒီနေ့ မတ်လ ၂၂ ရက်နေ့ မနက်အစောပိုင်း အုတ်တွင်းမြို့နယ်၊ဇေယျဝတီဘူတာနဲ့ ညောင်ခြေထောက် ဘူတာကြားမှာ ရထားလမ်းပေါက်ကွဲမှုဖြစ်ကာ ရထားပျက်စီးမှုရှိခဲ့သလို ရိုးရိုးတန်းတွဲ-၁ ခုံအမှတ် (၃၃/၃၄) မှာ လိုက်ပါလာတဲ့ ခရီးသည် ၂ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ” အခုမနက်ပြောရမှာပေါ့ ၁ နာရီထိုးဖို့ ၁၀ မိနစ်အလိုလောက်မှာ ရထားပေါက်ကွဲမှုဖြစ်တာ။ ရန်ကုန်ဘူတာကြီးကနေ ထွက်လာတဲ့ ရထားပေါ့။ရထားပေါ်မှာ ဒုရဲအုပ် အဖွဲ့လုံခြုံရေးပါတယ်၊ခရီးသည်တွေ ၇၀၀ လောက်ပါတယ်လို့သိရတယ်၊မိုင်းကွဲတော့ ဒဏ်ရာကသူတွေကို ဆေးရုံကိုပို့လိုက်ပြီးရထားက ဆက်သွားတယ် “လို့အုတ်တွင်း ဒေသခံတဦးကပြောပါတယ်။ ဒဏ်ရာရသူတွေကတော့ ဦးလေးလွင် အသက် ၄၅ နှစ် နဲ့ ဦးဟီရာကျန် အသက်၄၀နှစ်တို့…

Read More

ရခိုင်မှာ လေပြင်းတိုက်ခတ်ပြီး စစ်ဘေးရှောင် နေအိမ် ၉၀ နီးပါး ပျက်စီးသွား

မတ်၊၂၂-၂၀၂၃ MM(VOM) ရခိုင်ပြည်မှာ ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်တွေက စစ်ဘေးရှောင်နေအိမ် ၉၀ နီးပါး ပြိုလဲပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၀ ရက်က မိုးသက်လေပြင်တိုက်ခတ်တာကြောင့် ရသေ့တောင်မြို့ပေါ် စေတီတောင် စစ်ဘေးရှောင်စခန်းက နေအိမ် ၆ လုံး ၊ ရသေ့တောင်မြို့နယ် ပြားချောင်းကြီး စစ်ဘေးရှောင်စခန်းက ၅၇ လုံး၊ ကျောက်တော်မြို့ပေါ် ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ၄ လုံး၊ ပုဏ္ဏားကျွန်း မြို့နယ်ကဏန်းတောင် စစ်ဘေးရှောင်စခန်းက ၆ လုံးနဲ့ ဘူတာရုံ စစ်ဘေးရှောင်စခန်းက နေအိမ် ၁၄ လုံး ပျက်စီးသွားတာလို့သိရပါတယ်။ “မနေ့က ကွင်းဆင်းတယ် ၊ လေပြင်းဒဏ်ကြောင့်ပျက်စီးတာ တော်တော်များတယ်၊ တချို့အိမ်တွေကလုံးဝပျက်စီးသွားတာ၊တချို့အိမ်တွေကတော့ တစိတ်တပိုင်းပျက်စီးသွားတာ၊အားလုံးခြုံလိုက်ရင် လုံးဝပျက်စီးတဲ့ နေအိမ်က များတယ်၊သက်ဆိုင်ရာ အုပ်ချုပ်ရေးဘက်ကတော့ စာရင်းလာယူသွားတာတွေ့ရတယ်၊ ဒီကနေ့အထိတော့ ထူးခြားတာမရှိသေးပါ။”လို့…

Read More
VOM News

FREE
VIEW