ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို လိုက်ထရပ်ကားက ဝင်တိုက်၊ လူ၂ယောက်သေဆုံးပြီး ၁၆ ယောက်ဒဏ်ရာရ

မတ် ၂၃ -၂၀၂၃
GG(VOM)

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၈၄/၁)နှင့်(၂၈၄/၂)ကြားမှာ ရပ်ထားတဲ့ကုန်ကားကို လိုက်ထရပ်ကားက ဝင်တိုက်မိလို့ ကားပေါ်ပါသူတွေထဲက ၂ ယောက်သေဆုံးပြီး ၁၆ ယောက်ဒဏ်ရာရရှိခဲ့မှု ဒီနေ့မတ်လ ၂၃ ရက် မနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူက အသက် ၃၇ နှစ်နဲ့ ၅၉ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး ၊ဒဏ်ရာရသူတွေက အမျိုးသမီး ၁၂ ယောက်နဲ့ အမျိုးသား ၄ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။

” ယာဥ်မောင်းက အိပ်ငိုက်ပြီး ရပ်ထားတဲ့ကားကို ဝင်တိုက်တာပါ။ကားပေါ်မှာ အယောက်၂၀ လောက်ပါတယ်ပြောတယ်။ဒဏ်ရာရတာကတော့ ၁၆ ယောက်၊သေဆုံးက ၂ ယောက်ပါ ၊ဒဏ်ရာရသူတွေကိုဆေးရုံပို့ထားတယ်၊သေတဲ့သူတွေက ယာဥ်မောင်းမဟုတ်ပါဘူး”လို့ ကူညီရေးလမ်းကြောင်းဆောင်ရွက်ခဲ့တဲ့ ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို
မိတ္တီလာဆေးရုံ ပို့ဆောင်ထားကြောင်း၊ဒဏ်ရာရသူတွေက ခေါင်းပေါက်၊ခြေကျိုး၊လက်ကျိုးစတဲ့ဒဏ်ရာတွေသာရရှိခဲ့လို့ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သိရပါတယ်။

အဲ့ဒီ လိုက်ထရပ်ကားဟာ နေပြည်တော်၊မိုးညိုကနေထွက်လာတဲ့ကားဖြစ်ပြီး လားရှိုးကိုသွားမှာဖြစ်တယ်လို့သိရပါတယ်။

အမြန်လမ်းမှာ အရင်ရက်တွေကလည်း ယာဥ်တိုက်မှုတွေ ဖြစ်ပွားကာ လူသေဆုံးတာ ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #အမြန်လမ်းယာဥ်တိုက်မှု #လူနှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW