ဆူနာမီဖန်တီးနိုင်တဲ့ ရေအောက်နျူကလီးယားတိုက်ခိုက်ရေးးယာဉ် မြောက်ကိုရီးယားစမ်းသပ်

ပြုံးယမ်း၊ မတ်-၂၄-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ရေဒီယိုသတ္တိကြွ ဆူနာမီ ထုတ်လွှတ်ဖန်တီးနိုင်တဲ့ ရေအောက်နျူကလီးယား မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်ကို စမ်းသပ်ခဲ့ကြောင်း မတ် ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီလျှို့ဝှက်လက်နက်ကို တောင်ဟမ်ယောင်ပြည်နယ် ရေပြင်၌ မတ် ၂၁ ရက်မှာ စတင်စမ်းသပ်ခဲ့ပြီး ရေအောက်အနက် ၈၀ မှ ၁၅၀ မီတာအနက်မှာ ၅၉ နာရီကျော်သွားလာခဲ့ပြီး နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းမှာ ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။

မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်ဟာ ရေအောက်မှာ ရေဒီယိုသတ္တိကြွ ဆုနာမီကို ဖန်တီးပြီး ရန်သူ့ရေတပ်နဲ့ ဆိပ်ကမ်းတွေကို ဖျက်ဆီးနိုင်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားစမ်းသပ်ခဲ့တဲ့ ရေအောက်တိုက်ခိုက်ရေးယာဉ်ဟာ ရုရှားနိုင်ငံထုတ် ပိုဆီဒန်တော်ပီဒိုတွေကို နမူနာယူထားပုံရပြီး ရေဒီယိုသတ္တိကြွစေမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီလှိုင်းတွေဟာ အမေရိကန်ကမ်းရိုးတန်မြို့တွေကို ဖျက်ဆီးနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ အဲဒီစမ်းသပ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ အကန့်အသတ်မဲ့နျူကလီးယားစွမ်းရည်ကိုမြှင့်တင်ဖို့ ကင်ဂျုံအန်က ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

Ref: BBC
Photo:AP/Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW