ပြည်မြို့က စည်ပင်ရုံးဝန်းထဲမှာ စည်ပင်ဝန်ထမ်းတဦး ဆွဲကြိုးချသေဆုံး

မတ် ၂၃ – ၂၀၂၃
GG (VOM)

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့နယ် စည်ပင်သာယာက ဝန်ထမ်းအမျိုးသားတဦး စည်ပင်ရုံးဝန်းထဲမှာပဲ ကြိုးဆွဲချသေဆုံးမှု ဒီနေ့မတ်လ ၂၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” ကျနော်တို့ရောက်တော့ သေဆုံးသူက အောက်ကိုချပြီးနေပါပြီ။သေဆုံးတာကို ကျနော်တို့ကိုဆက်သွယ်တာတော့ မနက်ပိုင်းမှာပါ၊ဒါပေမယ့် သေဆုံးတာကတော့ ညပိုင်းကတည်းကဖြစ်ဖို့များပါတယ် ၊ သူ့မိသားစုက သားလို့ထင်ရသူတော့ ရောက်လာပေမယ့် သေချာမသိရဘူး။ဘာကြောင့် အခုလိုသတ်သေတယ်ဆိုတာလည်းမသိရသေးပါဘူး။အလောင်းကိုပဲဆေးရုံပို့ခဲ့တာ”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ Pyay Rescue အဖွဲ့ဝင်တဦးကပြောပါတယ် ။

သေဆုံးတဲ့ စည်ပင်ဝန်ထမ်းအမျိုးသားဟာ အသက် ၅၈ နှစ်ဝန်းကျင်ရှိ ဦးဝင်းဌေးဆိုသူဖြစ်ကြောင်း၊ သူဟာ စည်ပင်ရုံးထဲက လိုင်းခန်းမှာနေထိုင်တာဖြစ်ပြီး သူနေထိုင်တဲ့အခန်းထဲမှာပဲ သေဆုံးတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ သေဆုံးစည်ပင်ဝန်ထမ်းအမျိုးသားကို ပြည်မြို့ဆေးရုံကြီးကို ပို့ဆောင်ကာ ရုပ်အလောင်းကိုတော့ မတ်လ ၂၅ ရက်နေ့မှာသဂြိုလ်မှာဖြစ် တယ်လို့သိရပါတယ်။

ပြည်မြို့မှာ အခု မတ်လ ၁၆ ရက်နဲ့ မတ်လ ၂၀ ရက်ကလည်း အသက် ၂၅ နှစ်အရွယ် မိန်းကလေးနဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတယောက် မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးမှု ရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #စည်ပင်ဝန်ထမ်း #ဆွဲကြိုးချသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW