ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကားနောက်အတွင်း လိုက်ပါလာတဲ့ မြန်မာလုပ်သား(၂၄)ဦး အဖမ်းခံရ

ဧပြီ၊ ၂-၂၀၂၃
MM(VOM)

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ပေါ်ခရိုင်၊ အဝေးပြေးကား လမ်းပေါ်က စစ်ဆေး ရေးဂိတ်တခုမှာ ကား(၁) စီးပေါ် အနောက်ကနေ ပုန်းဝှက်လိုက်ပါလာတဲ့ရွှေ့ပြောင်းမြန်မာနိုင်ငံသား(၂၄)ယောက်ကို ထိုင်းတောင်ပိုင်းရဲတွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်းအလုပ် သမားရေးဆောင်ရွက်ပေးသူတွေ ဆီကနေသိရပါတယ်။

”အားလုံး မြန်မာနိုင်သားတွေလို့သိရတယ် ၊အကုန်၂၄ ယောက်ပါ၊ထိုင်းတောင်ပိုင်းက အဝေးပြေးလမ်းပေါ်က စစ်ဆေးရေးဂိတ်တခုမှာ မနေ့က ညနေပိုင်းကဖမ်းမိတာ၊ သူတို့ လိုက်လာတဲ့ကားက ပစ်ကပ်ကား၊ကားရဲ့ အနောက်ခန်းမှာ မိုးကာတွေနဲ့ အုပ်ထားတာ၊ ထိုင်းရဲတွေက မသင်္ကာလို့ စစ်ဆေး ရာကနေ တွေ့ပြီး ဖမ်းလိုက်တာ။”လို့ ထိုင်းနိုင်ငံ အခြေစိုက်ရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်
ပေးသူ တဦးကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား(၂၄) ယောက်ထဲမှာ အမျိုးသား(၁၆)ယောက်၊ အမျိုးသမီး(၈) ယောက်ဖြစ်ပြီး သူတို့ဟာ ထိုင်းနိုင်ငံကို ပွဲစားဆိုသူ(၁)ယောက်ကအလုပ်ရှာပေးမယ်လို့ဆိုကာ လူ(၁)ယောက်ကို ပွဲစားခအနေနဲ့ ထိုင်းဘတ် ၂၀၀၀ နဲ့ ခေါ်လာတာလို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းမှာ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်ကိုပြီးခဲ့တဲ့ မတ်လ ၂၀ ရက်ကလည်း ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၁၆ ရက်ကလည်း ကန်ချနဘူရီခရိုင်အတွင်း အလုံပိတ်ကား(၁)စီးပေါ်မှာ မြန်မာနိုင်ငံသား (၃၃)ယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံကိုသွားမယ့် မြန်မာလုပ်သား(၂၇) ယောက်ကိုလည်း ထိုင်းနိုင်ငံ၊ပရကျွပ်မြို့နယ်ထိုင်း-မြန်မာ စင်ခွန် -မောတောင်နယ်စပ်ဂိတ်မှာ ပြီးခဲ့တဲ့ မတ်လ (၁၅)ရက်ကဖမ်းဆီးတာခံလိုက်ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #မြန်မာနိုင်ငံသား #ဖမ်းဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW