ပင်လုံမြို့မှာ သံဃာနဲ့ကိုရင် အပါး ၆၀ နီးပါး အစာအဆိပ်သင့်မှုဖြစ်ပွား

ဧပြီလ၊ ၁-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် ၊ပင်လုံမြို့ရပ်ကွက်(၂)က၊ ဝမ့်အဲန်ဘုန်းကြီးကျောင်းမှာ သတင်းသုံးတဲ့ သံဃာတော်တွေနဲ့ ကိုရင် အပါး ၆၀ နီးပါး အစားအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ မတ် ၃၁ ရက်က သံဃာတော်တွေနဲ့ ကိုရင်တွေကို မနက်ဆွမ်းအဖြစ် ငါးထမင်းနှယ် သုံးဆောင်ပြီး နောက်ပိုင်း သံဃာတော်အပါး ၆၀ နီးပါးမှာ မူဝေ ၊ အော့အန် ၊ ဝမ်းပျက် ၊ ဝမ်းလျှော ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

”ကျောင်းအတွင်းအားလုံး သံဃာ အပါး ၆၀ ကျော်မယ် ၊ မနက်စာ သုံးဆောင်ပြီး ဖြစ်တာပါ၊ စိုးရိမ်ရတဲ့ အခြေအနေတော့ ကျော်လွန်သွားပါပြီး”လို့ သံဃာတော်တွေကို ကူညီပေးနေသူတဦးကပြောပါတယ်။

အစာအဆိပ်သင့်မှုဖြစ်ပွားတဲ့ သံဃာတွေကို ဒေသခံတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့တွေက ဆေးရုံပို့ဆောင်ပေးခဲ့တာကြောင့် သံဃာတော်တချို့မှာသက်သာပြီး ကျောင်းကိုပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။

အဲ့ဒီ သံဃာတော်တွေ သုံးဆောင်ခဲ့တဲ့ ငါးထမင်းနှယ် နဲ့ အန်ဖတ်တွေကို နမူနာအဖြစ်ယူဆောင်ပြီး တောင်ကြီး ဓာတ်ခွဲခန်းကိုပို့ဆောင်စစ်ဆေးထားတယ်လို့သိရပါတယ်။

“တချို့ သံဃာတွေသက်သာလို့ ကျောင်းပြန်ရောက်
နေပါပြီ၊ ဆေးရုံမှာ ဆက်ရှိနေတဲ့သံဃာတွေကလည်း စိတ်အေးရပါပြီ၊လိုအပ်တဲ့ စစ်ဆေးတာတွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆက်လုပ်နေပါတယ်၊ နေအပူရှိန် ပြင်းလာတာကြောင့် အစားအသောက်တွေကို သတိပြု စားသောက်နေထိုင်ဖို့ပြောချင်တယ်။”လို့ တာဝန်ရှိသူတဦးကပြောပါတယ်။

အဲ့ဒီ ပင်လုံမြို့၊ဝမ့်အဲန်ဘုန်းကြီးကျောင်းမှာ ကိုရင်နဲ့ သံဃာစုစုပေါင်း ၁၀၀ ဝန်းကျင်ခန့် သီတင်းသုံး နေထိုင်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်ထဲက ပင်လုံမြို့မှာ အခုလို အစာအဆိပ်သင့်မှုဖြစ်ပွားလို့ သံဃာအများအပြား ဆေးရုံတက်ရောက်ရတဲ့ ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာတော့ မတ်လအတွင်းက ဘဲသားနဲ့ အာလူး ကုလားပွေးရွက်တို့​ပေါင်းချက်စားတဲ့ မိသားစုက ကလေး(၂)ယောက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကာ သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပင်လုံ #သံဃာနဲ့ကိုရင် #အစာအဆိပ်သင့်မှု

Related posts

Leave a Comment

VOM News

FREE
VIEW