ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ပို့ရေးအစီအစဉ် ဆိုင်းငံ့ဖို့ ဘင်္ဂလားဒေ့ရ်ှကို HRW တိုက်တွန်း

ဝါရှင်တန်၊ ဧပြီ-၁-၂၀၂၁
မျိုးဆက်(VOM)

ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဘင်္ဂလားဒေ့ရ်ှကို တိုက်တွန်းလိုက်ပါတယ်။

အခုလို ပြန်ပို့မယ့်အစီအစဉ်ဟာ ဒုက္ခသည်တွေရဲ့အသက်နဲ့ သူတို့ရဲ့လွတ်လပ်မှုကို ဆိုးရွားစွာအန္တရာယ်ဖြစ်စေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကပြောပါတယ်။

ဒုက္ခသည်တွေနေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရ်ှရှိ ဒုက္ခသည်စခန်းကို များကြာခင်က သွားရောက်ခဲ့ပြီးနောက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့နေရပ်ပြန်ရေး ရှေ့ပြေးအစီအစဉ်ရဲ့တစိတ်တပိုင်းအဖြစ် ပြန်ပို့မယ့်အစီအစဉ်တွေမှာ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေရဲ့ လိမ်လည် လှည့်စားမှု ဒါမှမဟုတ် အခြားနည်းနဲ့ အတင်းအကြပ်ဖိအားပေးတာမျိုးတွေရှိတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာလက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို သူတို့သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာပြန်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Meenakshi Ganguly ကပြောပါတယ်။

Ref: La Prensa
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

VOM News

FREE
VIEW