ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်းမှာ ကလေးတွေ အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေ

ဧပြီ၊၂၈-၂၀၂၃
MM(VOM)

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗန်းဗွီး(မြို့)အနီးဗန်းဗွီး ကျေးရွာက စစ်ဘေးရှောင်စခန်းတွေက ကလေးတွေမှာ အရေးပြားရောဂါနဲ့ ဝမ်းပျက်တဲ့ရောဂါတွေဖြစ်ပွားနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။

အဲ့ဒီ ဗန်းဗွီးကျေးရွာ စစ်ဘေးရှောင်စခန်းက ကလေး
အယောက်(၁၀၀)ကျော်လောက်အထိ အရေပြားရောဂါနဲ့ဝမ်းပျက် ဝမ်းလျှောရောဂါတွေဖြစ်ပွားနေတာဖြစ်ပြီး ဆေးဝါးကုသဖို့နဲ့ အစားအသောက်တွေလည်း အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

”အခု စစ်ရှောင် ကလေးတွေက အရေပြားရောဂါအပြင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်နေတာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ မသုံးစွဲရတာကြောင့်ပါ၊ အခုကလေးတွေက အရေပြေားရောဂါက အရင်ဖြစ်နေတာ၊ယားလို့ကုတ်ရင်း ကုတ်ရင်းကနေ အဖုတွေ ထွက်ပြီး ပြည်တွေတွဲပြီး အနာတွေပေါက်နေတာ၊ ကလေးတွေ တော်တော်ခံစားနေရတယ်၊ အကူအညီတွေအရမ်းလိုအပ်နေပါတယ်။”လို့ စစ်ရှောင်တွေကို ကူညီပေးသူတစ်ဦးကပြောပါတယ်။

အဲ့ဒီ ကလေးတွေဟာ အသက် ၁၀ နှစ်အောက်ကလေးတွေဖြစ်ပြီး နောက်ပိုင်း လူကြီးတွေပါ ဖြစ်ပွားလာနိုင်တယ်လို့ စစ်ရှောင်တွေရဲ့ ကျန်းမာရေးကို ကူညီပေးနေတဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

” ရေကောင်းကောင်း မသောက်ရတာ ၊ အစားရေစာ ကောင်းကောင်း မစားရတာ၊ နေအပူရှိန်တွေကြောင့်အခုလို ရောဂါတွေဖြစ်တာ၊ အခု ခုခံအားနည်းနေတဲ့ ကလေးတွေဖြစ်နေတာ၊ ကြာလာရင် ပိုဆိုးပြီး လူကြီးတွေပါ ရောဂါဖြစ်လာနိုင်တယ်၊ သတိထားဖို့လိုပါတယ်၊ ကူညီပံ့ပိုးကြပါ။”လို့ ကျန်းမာရေးပညာရှင်တစ်ဦးကပြောပါတယ်။

အခုလိုဖြစ်ပွားနေသူတွေထဲ ငွေကြေးတတ်နိုင်တဲ့ မိသားစုက ကလေးတချို့ဟာ ဆေးရုံ၊ဆေးခန်းတွေဆီသွားရောက်ကုသနေပြီး ငွေကြေးမတတ်နိုင်တဲ့ နွမ်းပါးမိသားစုတွေရဲ့ ကလေးတွေကတော့ ဆေးမြီးတိုတွေနဲ့သာ ကုသနေရတယ်လို့ သိရပါတယ်။

အဲ့ဒီ ရောဂါတွေဖြစ်ပွားနေတဲ့ ကျေးရွာမှာ လူကြီးနဲ့ ကလေး အယောက် (၄၀၀)ကျော်အထိရှိတယ်လို့ သိရပြီး ကလေးတွေအနေနဲ့ကောင်းမွန်တဲ့
ကျန်းမာရေးစောင့်ရှောက်တာတွေ မရပါက အသက် အန္တရာယ်စိုးရိမ်ရနိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက ပေါက်တောမြို့နယ်၊သဲခုံကျေးရွာကမှာလည်း သောက်သုံးရေ၊ မသန့်ရှင်းတဲ့ အတွက် ဝမ်းပျက် ဝမ်းလျှောရောဂါနဲ့ အရေပြား ရောဂါတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း #စစ်ရှောင်စခန်း #အရေးပြားနဲ့ဝမ်းရောဂါဖြစ်ပွါးနေ

Related posts

Leave a Comment

VOM News

FREE
VIEW