အင်ဒိုနီးရှား အမြန်ရေယာဉ်နစ်မြုပ်မှု (၁၁) ဦးသေဆုံး၊ (၉)ဦးပျောက်ဆုံးနေ

ဂျကာတာ၊ ဧပြီ-၂၈-၂၀၂၃
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ လူ ၇၈ ဦးတင်ဆောင်လာတဲ့ အမြန်ရေယာဉ်တစင်းနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ(၉)ဦးကို ဧပြီ ၂၈ ရက်မှာ ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်အများအစုအပါအ၀င် ရုပ်အလောင်း (၁၁) လောင်းကို ဆယ်ယူရရှိထားပြီး လက်ရှိချိန်ထိ လူ (၅၈) ဦးကိုကယ်တင်နိုင်ခဲ့ကာ အများစုဟာရေထဲမှာ နာရီပေါင်းများစွာ မျောပါပြီးနောက် သတိလစ်တာတွေ ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တာ၀န်ရှိသူတွေကပြောပါတယ်။

အဲဒီရေယာဉ်ပေါ်မှာ ခရီးသည် (၇၂) ဦးနဲ့ အမှုထမ်း(၆)ဦးပါ၀င်ပြီး ခရီးသည်အများစုဟာ အိဒ်အားလပ်ရက်အတွက် မွေးရပ်မြေသို့ ပြန်လာကြသူတွေဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

အမြန်ရေယာဉ်ဟာ ရိုင်ယူပြည်နယ်ရှိ ဆိပ်ကမ်းတခုကနေထွက်ခွာပြီးနောက် သုံးနာရီခန့်အကြာမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး နစ်မြုပ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။

ရေယာဉ်ဟာ လေပြင်းတွေတိုက်ခတ်စဉ် မောင်းနှင်နေချိန်မှာ တစုံတခုနဲ့၀င်တိုက်ပြီးနောက် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူအချို့က ပြောပါတယ်။

အင်ဒိုနီးရှားမှာ ၂၀၁၈ ခုနှစ်ကလည်း မြောက်ဆူမားတြားပြည်နယ်မှာ ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် လူ (၁၆၈) ဦးသေဆုံးခဲ့ပါတယ်။

Ref:AP
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW