လေးမျက်နှာမြို့မှာ မီးလောင်မှုဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ နေအိမ် ၄ လုံး မီးထဲပါသွား

ဧပြီ၊၂၉-၂၀၂၃ MM(VOM) ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ ခမောက်စုကျေးရွာ အုပ်စုမှာ မနေ့ ဧပြီ ၂၈ ရက်နေ့ လည်ပိုင်းကစက်ပိုင်း (၁)ရပ်ကွက်က ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ”အုပ်ချုပ်ရေးမှူးရုံးကနေ မီးစတင်လောင်တာ၊ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်တာတဲ့ ရုံးအနီးက လူနေအိမ် ၄ လုံးပါ မီးလောင်တဲ့အထဲ ပါသွားတယ်၊ အပူရှိန်ကရှိတော့ မီးလောင်အားက ကောင်းခဲ့တယ်၊ အချိန်မီ မီးထိန်းနိုင်ခဲ့လို့ တော်သေးတယ်၊ နို့မို့ဆိုမလွယ်ဘူး၊ အခုထက် အခြေအနေ ပိုဆိုးမှာ။”လို့ မီးငြှိမ်းသတ်ရာမှာပါဝင်တဲ့ ဒေသခံတယောက်ကပြောပါတယ်။ အဲ့ဒီ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့တွေ၊ လူမူကူညီရေးအဖွဲ့တွေနဲ့ ရပ်ကွက်နေ ဒေသခံတွေက ဝိုင်းငြိမ်းသတ်ခဲ့တာကြောင့် မိိနစ် ၃၀ အတွင်း ငြိမ်းသတ်နိုင်ခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရရှိ သေဆုံးတာမရှိသလို အခြားအိမ်တွေလည်း ကူးစက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။ ”အုပ်ချုပ်ရေးမှူးရုံးနဲ့ လူနေအိမ် ၄ လုံပျက်စီးဆုံးရူံးခဲ့တယ်၊ လူတွေတော့…

Read More

`သမ္မာအာဇီဝ` နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းကို သေနတ်အတုနဲ့ ငွေလုဖို့လုပ်ခဲ့တဲ့အမျိုးသား အဖမ်းခံရ

ဧပြီ ၂၉ – ၂၀၂၃ GG (VOM) ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၄) ရပ်ကွက်၊ ရန်ကင်းလမ်းမှာ ဖွင့်ထားတဲ့ Thamararziwa Currency Exchange သမ္မာအာဇီဝ ငွေကြေးလဲလှယ်ဝန်ဆောင်မှုဆိုင်ကို ဒီနေ့ ဧပြီ ၂၉ ရက် ၊နေ့လယ်လောက်မှာ ဝင်ရောက်လုယက်ဖို့ကြိုးစားခဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ လုယက်သူ အမျိုးသား ငွေလဲကောင်တာကိုရောက်လာပြီး သေနတ်အတုနဲ့ခြိမ်းခြောက်ကာ ဆိုင်မန်နေဂျာကို ဓားနဲ့ထောက်ပြီး ငေံတွေရယူဖို့ကြိုးစားစဥ်မှာ ပြည်သူတွေဝိုင်းဝန်းဖမ်းဆီးတာကိုခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ၁ နာရီလောက်မှာ အနီးနားပတ်ဝန်းကျင်ကလူတွေဝိုင်းဖမ်းကြတာပါ။လုဖို့ဝင်ကြံတာကတစ်ယောက်တည်းပါ။ဖမ်းမိတယ်ဆိုတာလည်း ဆိုင်ထဲကနေ အရေးပေါ်ခေါင်းလောင်းသဘောမျိုးအသံထွက်လို့ လူတွေသိပြီးဖမ်းနိုင်ခဲ့တာ “လို့ရန်ကင်မြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ အဆိုပါ ငွေလဲကောင်တာထဲ ဝင်ရောက်လုယက်သူကို စစ်မေးရာ မြောက်ဥက္ကလာပမြို့နယ်နေထိုင်သူဖြစ်ကာ နာမည်က စွမ်းရည်မောင်ဆိုသူဖြစ်ကြောင်းကနဦးသိရပါတယ်။ လက်ရှိမှာ လုယက်ဖို့ကြိုးစားခဲ့တဲ့အမျိုးသားကို သက်ဆိုင်ရာ နယ်မြေရဲစခန်းကို အပ်နှံလိုက်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊…

Read More

ခရီးသည်တင်ကားနဲ့ စပါးခွံတင်လာတဲ့ ကုန်ကား မျက်နှာချင်းဆိုင်တိုက်မိပြီး ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

ဧပြီ ၂၉-၂၀၂၃ SN (VOM) စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်း၊ လှတောကျေးရွာအနီးမှာ မနေ့ ဧပြီ ၂၈ ရက်၊ ညနေ ၆ နာရီခွဲခန့်က ခရီးသည်တင် အန်စာတုံးကားနဲ့ စပါးခွံတင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ရွှေဘိုခရိုင် – Rescue)ကနေ သိရပါတယ်။ ဖြစ်စဉ်ကြောင့် ခရီးသည်တင် ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၂ ဦးသေဆုံးခဲ့ကာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား၂ ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် ရွှေဘိုခရိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ “၆ နာရီဆိုရင် မာရှယ်လောအချိန်ဆိုတော့ ၆ နာရီမထိုးခင် ရွှေဘိုအရောက်သွားဖို့အတွက် အန်စာတုံးကားက လုမောင်းတာ။ လှတောကျေးရွာနား မရောက်ခင်က ၅ နာရီခွဲနေပြီလေ။ နာရီဝက်အတွင်းကို ရွှေဘိုအရောက်…

Read More

ဗကသအဖွဲ့ဝင် ကိုကောင်းဆက်ပိုင် တသက်တကျွန်းအမိန့်ကနေ သေဒဏ်အဖြစ် ထပ်တိုးအမိန့်ချခံရ

ဧပြီ ၂၉-၂၀၂၃ SN (VOM) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ရဲ့ အဖွဲ့ဝင်တဦးဖြစ်သူ ကိုကောင်းဆက်ပိုင်ကို ထောင်ဒဏ်တသက်တကျွန်းကနေ သေဒဏ်အဖြစ် ထပ်တိုးအမိန့်ချမှတ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်မှ မနေ့ ဧပြီ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို အင်းစိန်ထောင်တွင်းတရားရုံးက ပြီးခဲ့တဲ့ မတ်လ ၂၂ က ပုဒ်မ ၅၀၅ (က)၊ ၅၀ (ည) တို့နဲ့ တသက်တကျွန်း အမိန့်ချမှတ်ထားရာကနေ ဧပြီ ၂၅ ရက််နေ့မှာ ပုဒ်မ ၅၀ စျ၊ ၄၉ က တို့နဲ့ သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ “သူက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက အဖမ်းခံခဲ့ရတာ။ အဖမ်းခံရပြီး ၃ လကျော်အကြာမှာ အပြီးသတ်အမိန့် ချထားပြီးပြီ။ ဒါပေမယ့်လည်း…

Read More

ရုပ်ရှင်သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) ကွယ်လွန်

ဧပြီ ၂၉ – ၂၀၂၃ GG(VOM) ဝါရင့်အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ)ဟာ ဒီနေ့ဧပြီလ ၂၉ ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ ဦးဝင်းနိုင်ဟာ ပုလဲမြို့သစ်မှာဖွင့်လှစ်ထားတဲ့ အနုပညာရှင် ဘိုးဘွားတွေနားခိုတဲ့ အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာပဲ ကွယ်လွန်သွားတာဖြစ်တယ်လို့သိရပါတယ်။ ” ဒီနေ့မနက် ၆ နာရီ ခွဲလောက်က ကွယ်လွန်သွားတယ်လို့သိရတယ်။အရင်ကတည်းက လေဖြတ်ထားတဲ့ဒဏ်ကလည်းရှိတော့ အဲ့ဒါတွေကြောင့်လည်းပါမှာပေါ့။ “လို့ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ဦးဝင်းနိုင်ဟာ လေဖြတ်ရောဂါဝေဒနာကိုခံစားနေရတာဖြစ်ပြီး လက်ရှိကွယ်လွန်ချိန်မှာ အသက်၇၄ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ အနုပညာရှင် ဦးဝင်းနိုင်ကို သူနေထိုင်ရာ ယုဇနဥယျာဉ်မြို့တော် နေအိမ်ကနေ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို ၂၀၁၉ ခုနှစ်ကုန်လောက်မှာ ခေါ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ခေါ်ဆောင်ချိန်ကတည်းက ဦးဝင်းနိုင်(အနုပညာ)ရဲ့ ကျန်းမာရေးအခြေအနေဟာ လူတွဲထားပြီး ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့အနေအထားဖြစ်တယ်လို့သိရပါတယ်။ ဦးဝင်းနိုင်ဟာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့သလို အငြိမ့်ဇာတ်သဘင်မှာပါ လူရွှင်တော်အဖြစ်လည်း လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ အနုပညာရှင်ဦးဝင်းနိုင်ကွယ်လွန်တဲ့အပေါ် အနုပညာရှင်အသိုင်းအဝိုင်းကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ယက်စာမျက်နာမှာရေးသားထားကြပါတယ်။ #voiceofmyanmar #VOM…

Read More
VOM News

FREE
VIEW